Tuesday, 15 February 2011
သိန်းစိန် အစိုးရ အဖွ့ဲ ကို ၂ လ အတွင်း အပြုတ်ချမည်ဟု လူငယ်များဆုံးဖြတ် လိုက်ပြီ
သိန်းစိန်အစိုးရကို အလိုမရှိ - ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့  - ရန်ကုန်မှာ တောင်းဆိုနေကြပြီ
                 မနက်အစောကြီး အငှားကားတွေနဲ့  သွားကြတဲ့  ခရီးသည်တွေကလဲ ကားတွေရပ်ပြီး တောင်းယူသွားကြရင်း သူတို့ ရဲ့  မြို့ တွေကို ရောက်သွားလို့  ရှိရင် မြို့ နေလူထုတွေကို သက်သေအထောက်အထားနဲ့  ပြသပေးမယ်လို့  ပြောဆိုသွားကြပါတယ်လို့  သိရပါတယ်။ ဒီကနေ့  သိန်းစိန်အလိုမရှိ ကမ်ပိမ်းကို ပြုလုပ်ကြတဲ့  သူတွေထဲမှာ လူငယ်တွေအပြင် စစ်သည်တွေလဲ ပါဝင်တယ်လို့ ဆိုတယ်။
                သိန်းစိန်အစိုးရ အလိုမရှိ ။ ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့  ဖို့  တောင်းဆိုတဲ့  ပိုစတာကမ်ပိမ်းကို နိုင်ငံအနှံ့ လှုပ်ရှားသွားမယ်လို့  ကြေညာထားပါတယ်။  သိန်းစိန်အစိုးရကို ဒီနေ့ မပြုတ်ကျရင် မနက်ဖြန် ပြုတ်ကျရမယ်။ မနက်ဖြန်မပြုတ်ကျရင် သန်ဖက်ခါ ပြုတ်ကျရမယ် ဆိုတဲ့  လှုပ်ရှားမှူနဲ့  ဆက်တိုက်အရှိန်အဟုန်ပြင်းပြင်းနဲ့  ဆောင်ရွက်သွားမယ်လို့  ကမ်ပိမ်းမှာ ပါဝင်တဲ့  လူငယ်တဦးက ပြောပြပါတယ်။ အခုလို ကမ်ပိမ်းကို ပုဇွန်တောင် လိပ်ကန်ပန်းခြံအနီးမှာလဲ ကပ်ထားဖြစ်ကြတယ်လို့  ပြောပါတယ်။
           အီဂျစ်သမတ မူဘာရက် နိုင်ငံက ထွက်ပြေးခဲ့ ရပြီးနောက် သန်းရွှေတို့  နအဖစစ်အုပ်စုကို ချက်ချင်းမြန်မာနိုင်ငံက ထွက်ပြေးရအောင် အမြန်ဆုံး ပြုလုပ်တာဖြစ်တယ်လို့ လဲ အဲဒီလူငယ်က ပြောဆိုပါတယ်။ အထူးသဖြင့် သိန်းစိန်အစိုးရကို ပြုတ်ကျသွားကျဖိုနဲ့  အဓိက ဒီမိုကရေစီအစိုးရ တရပ်ကို အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်သွားဖို့ ကို ကမ်ပိမ်းဦးဆောင်တဲ့  လူငယ်တွေက စီစဉ်ဆောင်ရွက် လှုပ်ရှားသွားမယ်ဖြစ်ကြောင်း သိရပါတယ်။
4 comments :
Moe Thu said...
2 လ ဆိုတာ ဘယ်တော့ ကစပြီးရေမှာလဲ
Anonymous said...
They predicted NA-WA-TA Government would last only 2 weeks and as you know it's well over 20 years now. So, I guess it might take them over 200 years when thay say "2 months".
Anonymous said...
Two months is true but the year is not mentioned.
Anonymous said...
DI LO BAE AU NAY DAR KYAR HLA PE.
THEIK SAIK NYIT DAR BAE THI LAR.
NAW KO KO NAW LO.