Monday, 14 February 2011

ရဲဘော်ညွန့် ဝင်း ( ကျောင်းသားတပ်မတော်) ကွယ်လွန်ခြင်း

 

အေဘီ ရဲဘော် ရဲမေများခင်ဗျာ ..
ရဲဘော် ညွန့်ဝင်းသည် ၁၁ / ၂ / ၂၀၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အုန်းဖျန်ဆေးရုံတွင် ကွယ်လွန်သွားပြီ ဖြစ်ပါသည် ။  သူသည် လူထုအားမတရားဖိနှိပ် နေသော နအဖ စစ်အာဏာရှင်စနစ်အား 
ရွတ်ရွတ်ချွံချွံ ခုခံတိုက်ပွဲဝင်ခဲ့သောရဲဘော်တဦးဖြစ်ပါသည်။ ၁၉၉-ခုနစ် နအဖ စစ်ဆင်ရေးများကိုခုခံတော်လှန်ခဲ့သော ရေကျော် စစ်မျက်နှာ၊ ၀မ်ခါစစ်မျက်နှာ၊ မဲသဝေါစစ်မျက်နှာများ တွင် သူပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ ပါသည်။သူရဲ့  ပေးဆပ်မှုများကိုကျနော်တို့ ဂုဏ်ယူအမှတ်ရနေမည်ဖြစ်ပါသည်။ 

မနက်ဖန် ၁၃ ၊ ၂ ၊ ၁၁ တွင် ဈာပန ချမည်ဖြစ်ပါသောကြောင့် ဒုက္ခသည်စခန်းတွင် ကျန်ရစ်သူမိန်းမနှင့်သားသမီး( ၃ ) ဦး၏ ကိုယ်စားအသိပေးအကြောင်းကြားအပ်ပါသည် ။ရပ်နီးရပ်ဝေးမှ လုပ်ဖေါ်ကိုင်ဘက် ရဲဘော် / ရဲမေများအား ကြားသိစေရန်အကြောင်းကြားခြင်နှင့် တတ်နိုင်သမျှ ၀ိုင်းဝန်း ကျစ်ရစ်သူမိသားစု  ကူညီကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ချစ်ကြည် လေးစားစွာဖြင့်

အောင်မြင့်ထွန်း 
ကျောင်းသားတပ်မတော်
ရင်း(၂၀၇)တပ်ဖွဲ့ဝင်ဟောင်း


ဆက်သွယ်ကူညီနိုင်ရန်
လူဗိုလ်
+ ၆၆ ၅ ၅၅၇ ၇၈၃၆ (သို့) + ၆၆ ၅ ၅၅၇ ၇၃၈၉

1 comment :

Kyi Linn said...

Rest in peace brother. The oppressed people of Burma thank you and appreciate your sacrifice. You did not die in vain.