အာဏာရှင် အာလီကို နုတ်ထွက်ဖို့တောင်းဆိုနေတဲ့ ယီမင်ပြည်သူများ
တီဟီရန်မြို့တော်မှာ တိုက်ပွဲဝင်နေတဲ့ အီရန်လူငယ်များ
ယီမင်၊အီရန်၊ အယ်လ်ဂျီးရီးယား၊ ဘာရိန်း အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု များ အရှိန်မြင့်လာနေ ပါပြီ။
ယီမင်မှာတော့ ဆန္ဒပြသူတွေဟာ မြို့လည်ခေါင် ရင်ပြင်နားက သမ္မတ နန်းတော်ဆီကို ချီတက်ဖို့ ကြိုးစားကြရာက ရဲတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး အများအပြား နံပါတ်တုတ်တွေနဲ့ အရိုက်ခံခဲ့ရပါတယ်။
အယ်လ်ဂျီးရီးယား၊ အီရန် နှင့် ဘာရိန်းမြို့တော်တွေမှာ ဆန္ဒပြမှုတွေရှိခဲ့သလို၊ နောက်ထပ်လည်းဆန္ဒပြမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရပါသည်။ ဆန္ဒပြသူတွေကတော့ အာဏာရှင်တွေ ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဆန္ဒပြသူအများစုဟာ လူငယ်တွေ နှင့် တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ဖြစ်ကြတယ်။
No comments :
Post a Comment