လစ်ဗျား မှာ ပိတ်မိနေသော မြန်မာ အပါအ၀င်အာရှနိုင်ငံသားများ
သန်းရွှေ ရုပ်သေးအစိုးရ နဲ့ နွားတင်းကုတ်ထဲ ရောက်နေကြသော လွှတ်တော်အမတ် ဆိုသူများအကြောင်း ပြည်သူအများ သိစေရန်-
နွားတင်းကုတ်ထဲ ရောက်နေကြသော လွှတ်တော်အမတ်များ လွှတ်တော်ခေါ်နေတာ တလ ကျော် နီးပါးရှိပါ တော့မယ်။ မြန်မာပြည်သူတွေ အတွက် အလုပ်လုပ်မှာလား၊ ကိုယ့်ကျိုးအတွက် အာဏာခွဲဝေရေးလုပ် နေတာလား ဆိုတာ ရှင်းနေပါပြီ။
လစ်ဗျား၊ အီဂျစ် နှင့် အာရပ် နိုင်ငံတွေမှာ ဒုက္ခရောက် ပိတ်မိနေကြတဲ့ မြန်မာလူမျိုးတွေ အသက် အန္တာရယ် ကို ယခုထိတိုင် ဘာမှ ကာကွယ်စောင့်ရှောက် အကူအညီပေးမှုမရှိသေးပါ။ လစ်ဗျား မှာ ပိတ်မိနေကြပါတယ်။
လစ်ဗျားနိုင်ငံမှာ လာရောက် လုပ်ကိုင်နေကြတဲ့ ထိုင်း လူမျိုး ၂၃,၀၀၀ ကိုတော့ လူသားစိတ်ရှိတဲ့ သူတို့ ထိုင်းအစိုးရက လေယာဉ်တွေစေလွှတ်ပြီး ကယ်တင်သွား ခဲ့ကြပါပြီ။ ကျန်တဲ့သူတွေကိုလည်း နေ့စဉ် လာကယ်ထုတ်နေကြပါတယ်။ ခရီးသွားလာနိုင်အောင် ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ပေး နေတယ်။ အသက်ဘေးကနေ ရုန်းထွက်ပြေးခဲ့ရလို့ ပျောက်ဆုံးသွားတဲ့ ပတ်စ်ပို့ များကိုလည်း အမြန်ဆုံး အသစ်ပြန်လုပ် ပေးနေပါတယ်။ တခြားနိုင်ငံတွေကိုလည်း သွားလာနိုင်အောင် သူတို့ အစိုးရ က လာပြီး စီစဉ်ပေးနေပါတယ်။ ထိုင်း လူမျိုး ၂၃,၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံ အတွက်
နှစ်စဉ် ထိုင်းဘတ်ငွေ ၃.၄၅ ဘီဘီယံ ရှာဖွေပေးနေတယ်။
အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေကို မဲပေးဖို့၊ ၀င်ငွေခွန်ပေးဖို့ မြန်မာ သံရုံး က ဆက်သွယ်ခဲ့ပေမဲ့၊ ခုလို ဒုက္ခရောက်နေတာ ကို တော့ ဘယ်သူမှ လာမကူညီကြတဲ့ အပြင် ဆက်သွယ်လို့တောင် မရပါ။ ဖုန်းလည်း မကိုင်တော့ပါ။
နွားတင်းကုတ်ထဲ ရောက်နေကြတဲ့ လွှတ်တော်အမတ်လောင်းများ ဘွတ်အဲ လို့ ပြိုင်တူ အော်ကြပါတော့လို့ ............
Anonymous said...
သူတို့ လစာ မလောက်လို့ အိပ်စိုက်နေရတာ ကို မီဒီယာတွေမှာပြောဆိုနေကြတယ်။ ဘယ်သူက လစာ ဘယ်လောက်ရမှာလဲ ဆိုတဲ့ ဥပဒေတွေ ကိုတော့ သတင်းတွေထဲမှာ ပြောဆို နေကြတယ်။ ၀င်ငွေခွန်ယူထားတဲ့ ပြည်သူတွေ ဒုက္ခရောက်နေတာ တော့ ဘာသံမှ မကြားရပါလား။
ပြီးခဲ့တဲ့ လက တောင်ကိုရီးယားက စစ်တပ်က ကယ်ထုတ်သွားတဲ့ မြန်မာသင်္ဘောသားတွေ ယီမန်မှာ ဒုက္ခရောက်နေကြတယ်။ သင်္ဘောသားတွေ ဆီက အခွန်ကောက်ပြီး၊ သူတို့ ဒုက္ခရောက်နေတာကို ဘယ်မြန်မာ သံရုံးက မှ လာတောင် မတွေ့ဘူး။
စောက်ရှောက်ကို မရှိ၊ တာဝန်ယူမှုကင်းမဲ့တဲ့ အစိုးရမို့ မြန်မာလူမျိုးဖြစ်ရတာတောင် ရှက်လာပြီ။
မြန်မာသင်္ဘောသားဟောင်းတဦး
စင်္ကာပူ
3 comments :
ဟား...ကောင်းလိုက်တဲ့ နိုင်ယှဉ်ကွက်လေးဗျာ...ဘယ်သူရေးတာလဲဗျ
လွတ်တော်ထဲရောက်နေတဲ့အမတ်မင်းများက ဘွတ်အဲလို့ အော်ယုံတင်မကဘူး။ ကြံ့ဖွတ်ချီးပါစားနေကြတာဗျ။
သူတို့ လစာ မလောက်လို့ အိပ်စိုက်နေရတာ ကို မီဒီယာတွေမှာပြောဆိုနေကြတယ်။ ဘယ်သူက လစာ ဘယ်လောက်ရမှာလဲ ဆိုတဲ့ ဥပဒေတွေ ကိုတော့ သတင်းတွေထဲမှာ ပြောဆို နေကြတယ်။
ဝင်ငွေခွန်ယူထားတဲ့ ပြည်သူတွေ ဒုက္ခရောက်နေတာ တော့ ဘာသံမှ မကြားရပါလား။
ပြီးခဲ့တဲ့ လက တောင်ကိုရီးယားက စစ်တပ်က ကယ်ထုတ်သွားတဲ့ မြန်မာသင်္ဘောသားတွေ ယီမန်မှာ ဒုက္ခရောက်နေကြတယ်။ သင်္ဘောသားတွေ ဆီက အခွန်ကောက်ပြီး၊ သူတို့ ဒုက္ခရောက်နေတာကို ဘယ်မြန်မာ သံရုံးက မှ လာတောင် မတွေ့ဘူး။
စောက်ရှောက်ကို မရှိ၊ တာဝန်ယူမှုကင်းမဲ့တဲ့ အစိုးရမို့ မြန်မာလူမျိုးဖြစ်ရတာတောင် ရှက်လာပြီ။
မြန်မာသင်္ဘောသားဟောင်းတဦး
စင်္ကာပူ
Post a Comment