"The Burmese Embassy in Tokyo denies help for its Tax payer citizen during Japan's massive earthquake and Tsunami "
-WFWW-
နားဂစ် ဆိုင်ကလုန်း ဒုက္ခသည်တွေကို နအဖ ၀န်ကြီးချုပ် သိန်းစိန် ပြောတဲ့ စကား က " မင်းတို့ တမင်းစားဖို့ ပန်းကန်၊ သောက်ဖို့ မတ်ခွက် တွေလိုတာ ကျုပ်အခုသိသွားပြီ။ ဒါတွေ ကို အဆင်ပြေအောင်လုပ်ပေးဖို့ ပြန်လိုက်အုန်းမယ်တဲ့။" သူနဲ့ ပါလာတဲ့ တိုင်းမှူး က "သူက ၀န်ကြီးချုပ်လေ၊ ၀န်ကြီးချုပ်လေ" လို့ ခဏ ခဏ လူသိအောင်ပြောပြနေပုံလည်း ပြန်မြင်ယောင် နေမိပါတယ်။ ဖားရှာ၊ငါးရှာ စားဖို့ ပြောရဲတဲ့ ဇာတ်ထဲက၀န်ကြီး တကောင် ကလည်းရှိသေးတယ်။
ခမ်ရိုင်းရိုင်းပြောရရင် အခု အဲဒီစောက်သုံးမကျတဲ့ ၀န်ကြီးချုပ်က သမ္မတ ဖြစ်လာပြန်ပြီ။ သမ္မတ ဖြစ်တာ ကြာပြီ၊ အခုထက်ထိ သူ့ဝန်ကြီးအဖွဲ့ မကြေညာနိုင်သေးဘူး။ ဘာလုပ်မယ် မပြောရဲသေးဘူး။ စစ်တပ်က ပေးတဲ့ အမိန့်၊ သန်းရွှေ၊မောင်အေး ပေးမဲ့ အမိန့်စောင့်နေတုန်းပဲ။ အမိန့်တွေ စောင့်ခဲ့ရလို့လဲ နာဂစ်မှာ လူ သိန်းချီ သေဆုံးခဲ့ရတယ်။ အချိန်မှီ မကယ်ဆယ်နိုင်ခဲ့ဘူး။
ပြည်သူတွေ ဒုက္ခရောက်ပြီဆို၊ ခေါင်းရှောင်ပြီး မျက်နှာထွက်မပြရဲတဲ့ နအဖ စစ်ခွေးများတွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း၊ ဂျပန် မှာ မြန်မာပြည်သူတွေရဲ့ အခွန်ယူထားကြတဲ့ နအဖ သံရုံး ပိတ်ပြီးထွက်ပြေးပြန်ပြီ။ တခြား နိုင်ငံတွေရဲ့ သံရုံးတွေက သူတို့နိုင်ငံ သားတွေကို ၂၄ နာရီ ၀န်ဆောင်မှုအပြည့်ပေးနေတာတွေ့ရတယ်။
မြန်မာပြည်မှာ လူကို တန်ဘိုးမထားတက်တဲ့ စစ်အုပ်စုက စစ်ကျွန်ပြုနေသ၍ ပြည်သူတွေဟာ လူ့ဂုဏ်သိက္ခာ ဆိုတာ ဘာလဲလို့ ပြောရမလိုဖြစ်နေပြန်ပြီ။
2 comments :
LIKE FATHER, LIKE SON.
Myanmar Embassy in oversea countries, they only know how to collect taxes. They are never stand for own people if there is emergency, you guys better help yourself instead of asking help or any infos. from them. Cause you may be died when you're trying to contact them.They will ask you, have you pay ur taxes aldy or not? Until when and how long and so on...all about $$$<--- this one first! Honestly saying, it's waste your time!
Post a Comment