Wednesday, 27 April 2011

ဂျပန်ရောက်မြန်မာများရဲ့ မွန်မြတ်တဲ့အလှူ

ကျနော်တို့တတွေ အကြောင်းအမျိုးမျိးကြောင့် မိခင်နိုင်ငံက ထွက်ခွာလာခဲ့ကြတယ်။ ကျနော်တို့ရဲ့ စားဝတ်နေရေးကြောင့် ကျနော်တို့ရဲ့ ပညာရေးကြောင့် ကျနော်တို့ရဲ့ ယုံကြည်ချက်တွေကြောင့် မိခင်မြေကို စွန့်ခွာလာခဲ့တဲ့ ကျနော်တို့ ဒီနေရာကို ရောက်လာခဲ့ကြတယ်။
ဒီနေရာလေးကကျနော်တို့ကို ဆီးကြိုထွေးပွေ့ခဲ့တယ်၊ ကျနော်တို့ကို နေရာထိုင်ခင်းပေးခဲ့ကြတယ်။ ကျနော်တို့ ကိုအသက်ရှင်နေထိုင်ခွင့်၊ ကျနော်တို့ယုံကြည်တဲ့ လမ်းမှာလျှောက်လှမ်းခွင့်တွေပေးခဲ့ကြတယ်။
ဒီနေရာဟာ ကျနောတို့ ရဲ့ ဒုတိယအိမ်ပဲဖြစ်တယ်၊ဒီနေရာလေးဟာကျနော်တို့ ရဲ့ နားခိုရာပဲဖြစ်တယ်၊ ဒီနေရာလေးရဲ့ အဆိုးအကောင်း အကျိုးအကြောင်းအားလုံး ကျနော်တို့နဲ့ ဆက်စပ် ပတ်သက်နေတယ်၊
ကျနော်တို့ ကိုရိုက်ခတ်နေတယ်။ ကျနော်တို့ ရောက်နေတဲ့ဒီနေရာလေးမှာလွန်ခဲ့တဲ့မတ်လ ၁၁ ရက်နေ့ က
အင်မတန်ကြမ်းတန်းတဲ့သဘာဝဘေးဒဏ်တခုကျရောက်ခဲ့တယ်။ ဒီဘေးဒဏ်ကြောင့် လူတွေအမြောက်အများအသက်ဆုံးရှုံးခဲ့ရတယ်။ အိုးအိမ်စည်းစိမ် ပတ်ဝန်းကျင်တွေ မယုံကြည် နိုင်လောက်အောင်ပျက်စီးသွားခဲ့တယ်။
ဒီလူတွေဟာ ကျနော်တို့ရဲ့ မိသားစုတွေပဲ။ ဒီလူတွေဟာ ကျနော်တို့ရဲ့ ညီအကိုမောင်နှမတွေပဲ။ ကျနော်တို့တတွေ အားလုံးဝေမျှခံစားကြရအောင်၊ ကျနော်တို့တတွေ တတ်နိုင်သမျှ မေတ္တာတုန့်ပြန်ကြရအောင် အားလုံးကိုဖိတ်ခေါ်ပါတယ်။ ဂျပန်ငလျင် နှင့် ဆူနာမိဘေးဒဏ် ခံခဲ့ရသောဒေသများသို့ လုပ်အားပေးနှင့်အစားအသောက်
ချက်ပြုတ်ကျွေးမွေးအလှူပြုလုပ်မည်ဖြစ်ပါတယ်။
ဒါဟာ ကျနော်တ်တို့ရဲ့ အမိမြန်မာနိုင်ငံက ယဉ်ကျေးမှုတခုပဲဖြစ်တယ်။ ဒါဟာ ကျနော်တို့ နိုင်ငံသား
အားလုံးရဲ့ မွန်မြတ်တဲ့စေတနာအလှူပဲဖြစ်ပါတယ်။

အစီအစဉ် (၁)။ ။မြန်မာနိုင်ငံသားများ၊အဖွဲ့ အစည်းများမှစုပေါင်းလှူဒါန်းထားသောအလှူငွေများပေးအပ်
လှူဒါန်းမည်

အစီအစဉ် (၂)။ ။ကယ်ဆယ်ရေးစင်တာများတွင် နေထိုင်နေရသော ဒုက္ခသည်များအတွက် နေ့လည်စာ
တနပ်ချက်ပြုတ်ကျွေးမွေးလှူဒါန်းမည်

အစီအီအစဉ် (၃)။ ။လမ်းအဆောက်အဦး တခုခုတွင် သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်မည်၊

သွားရောက်မည့်နေရာ။ ။ မီယာဂိခရိုင်၊ အိရှိနိုမခိ မြို့ (Miyagi ken, Ishinomaki town)
သွားရောက်မည့်နေ့ရက်။ ။ဧပြီလ ၃၀ ရက်နေ့(စနေနေ့) ည ၈ နာရီ စတင်ထွက်ခွာမည်၊ တနင်္ဂနွေနေ့ မနက်
ရောက်မည်။ တနင်္ဂနွေနေ့ တနေ့ လုံး လုပ်အားပေးဆောင်ရွက်မည်။

တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် လုပ်အားပေးရပ်နား၍ ညနေ ၆ နာရီခန့်တွင်ပြန်လည်ထွက်
ခွာမည်။ တိုကျိုသို့ မေလ ၂ ရက်နေ့ တနလာင်္နေ့ နံနက် ၄ နာရီခန့်တွင်ပြန်ရောက်မည်ဖြစ်ပါသည်။
လိုက်ပါလုပ်အားပေးလိုသူများ ဆက်သွယ်စာရင်းပေးကြပါရန်ဖိတ်ခေါ်အပ်ပါသည်၊

လုပ်အားပေးလိုက်ပါမည့်သူအားလုံးမိမိစားရိတ်ဖြင့်လိုက်ပါရမည်ဖြစ်ပါ၍ တဦးလျှင် ယန်းတသောင်း ၁၀၀၀၀ သတ်မှတ်ထားပါသည်။
အစားအသောက်ချက်ပြုတ်ကျွေးမွေးခြင်းအစီအစဉ်အတွက် ဟင်းလျာ အစားအသောက်၊ရေ၊ဈေးဝယ်စရိတ်
စသဖြင့်ထည့်ဝင်လှူဒါန်းကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန်၊စုံစမ်းရန်၊စာရင်းပေးသွင်းရန်

ကိုသန်းဆွေ ၀၉၀ ၄၉၆၄ ၉၇၁၈။ ကိုကျော်ကျော်စိုး ၀၉၀ ၆၀၃၁ ၄၈၉၄။ ကိုမိုင်ကျော်ဦး ၀၉၀ ၉၈၃၁ ၇၁၉၂
ကိုဇော်မင်းခိုင် ၀၉၀ ၉၂၀၀၃၈၃၁။ ကိုကိုအောင် ၀၉၀ ၁၅၀၆ ၂၈၉၃။ ကိုဘုန်းလှိုင် ၀၉၀ ၅၃၁၈ ၅၀၅၄
ကိုမြင့်ဆွေ ၀၈၀ ၄၀၀၅ ၇၀၉၈။ ကိုမောင်မောင်ဦး ၀၉၀ ၆၇၉၈ ၀၁၃၇။ ကိုဘုန်းမြင့်ထွန်း ၀၉၀ ၄၂၂၁ ၁၉၈၈
ကိုရဲငြိမ်း ၀၈၀ ၅၀၇၀ ၀၀၈၀။ ကိုလှအေးမောင် ၀၉၀ ၂၅၂၅ ၁၉၆၆။ ကိုလှိုင်အေး ၀၉၀ ၂၂၅၈ ၃၃၀၇
ကိုမြတ်သူ ၀၈၀ ၃၄၂၄ ၂၇၅၉

ပေးပို့ သူ

ကိုကိုအောင်

No comments :