Saturday 16 April 2011

သိန်း စိန် လူပျက် အဖွဲ့  အမိန့် ကို ကိုယ်နည်းကိုယ်ဟန် နဲ့  ဆန်ကျင်ပုန်ကန်နေသူများ -



သိန်းစိန်အဖွဲ့ က မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ အညီ သင်္ကြန်ကိုလုပ်ရမယ်တဲ့။ မြန်မာ့ရိုးရာနဲ့ အညီဝတ်ရမယ်တဲ့။
ဒါကို သူမက လက်မခံဘူး။
သူတို့  က ဆန်ကျင်ကြတယ်။

ကျနော်တို့ ဟာ စစ်အစိုးရလည်းမဟုတ်၊ တလီလန်တွေမဟုတ်တဲ့အတွက် သူတို့ ကိုအပြစ်မမြင်သင့်ပါဘူး။
လူတွေအတွက် စိတ်ထွက်ပေါက်လိုပါတယ်။ နတ်ပူးတာ၊တရားထိုင်ကြတာ၊  ရော့ခ်ဂီတ ကခုန်တာ တွေလူတိုင်းမှာလိုအပ်ပါတယ်   စိတ်မွန်းကြပ်မှု ( Pressure ) တွေကို လျော့ချ (Release)  လုပ်ဖို့ လိုပါတယ်။  တခါလာလည်းမွဲပြာပုဆိုး အမျိုးသားရေး၊ယဉ်ကျေးမှုတွေဟာ နေရာတိုင်းမှာ မလိုအပ်ပါဘူး။

သင်္ကြန်ဟာလည် တချို့ လူတွေအတွက် စိတ်လွတ်ကိုယ်လွတ် ပျော်ပါးကြဖို့ လိုတယ်။ နောက်နှစ်သစ်ကူးအတွက် ခွန်အားသစ်နဲ့ အလုပ်လုပ်ကိုင်နိင်ဖို့ လိုတယ်။ အသက်အန္တရယ်ကိုတော့သတိပြုရမှာပေါ့။ အစိုးရအလုပ်ကပျော်ပါးနေတဲ့သူတွေကို ကူညီစောင့်ရှောက်ဖို့ လုံခြုံရေးပေးဖို့ ပဲ။  

9 comments :

Anonymous said...

သိန်းစိန်ရဲ့ မြန်မာ့ယဉ်ကျေးမှု့ ကို ဆန့် ကျင်နေတဲ့
ကလေးမလေးကို၊
ခွေးခြေ ထိုင်ခုံလေး အနားမှာချပြီး ဝါသနာတူချင်းဖြစ်တဲ့
ကိုမိုးသီးနဲ့ ကျနော်တို့ ၂ယောက် တနေကုန် ထိုင်အားပေးလိုက်ချင်တော့တယ်။
ငါငယ်ငယ်က နင်တို့ ဘယ်ရောက်နေလဲဟင်၊လို့တာမေးလိုက်ချင်တော့တယ်။

Nge Naing said...

ကျွန်မ ဒီမိုကရေစီ လူ့အခွင့်အရေးကို လုံးဝမြတ်နိုးသူဖြစ်တယ်။ အခုဒီထဲကအတိုင်း ၀တ်စားတာကို ကျွန်မလုံးဝမကြိုက်ပေမဲ့ လူ့အခွင့်အရေးအရ သူများကြိုက်လို့ သူများဝတ်တာကို ပုံမှန်အတိုင်းဆို ဘာမှမပြောလိုဘူး။ ၀တ်ပိုင်ခွင့်ရှိတယ် ရေလည်း အဲလိုဝတ်ပြီး ကစားပိုင်ခွင့်ရှိတယ်။ မြန်မာပြည်က ပူလည်းပူပါတယ် နားလည်ပေးပါတယ်။ ရေကစားမဏ္ဍပ်နာမည်ကို သူတို့ဖါသာသူတို့ ခေတ်သစ်ပဲပေးပေး Modern ပဲပေးပေး ဟော့ရှေုာ့ပဲပေးပေး တခြားနာမည်တခုခုနဲ့ ပေးပြီးဒီလိုဝတ်စားကာ ကစားတယဆိုရင် အကြောင်းမဟုတ်ဘူး မြန်မာ့ရိုးရာလို့ ရေးထားတဲ့ နေရာမှာ ဒါမျိုးဝတ်စားပြီး ကစားနေတာကိုတော့ လုံးဝ လုံးဝ လက်မခံနိုင်ဘူး။ မဏ္ဍပ်ကို မြန်မာ့ရိုးရာလို့ နာမည်မပေးနဲ့။ အဲဒါ မြန်မာ့ရိုးရာ ကစားပုံ မဟုတ်ဘူး။ အဲလိုလုပ်ချင်ရင် ခုနကလို ဥပမာထဲက တခုခုပေးနိုင်ပါတယ်။ အဲလိုကစားချင်ရင် ကိုယ့်ဖါသာကိုယ် တခြား ကြိုက်တဲ့နာမည်ပေးနိုင်တယ်။ ကိုယ်ဖါသာကိုယ် အ၀တ်မ၀တ်ချင်လို့ အဓိကကျတဲ့ တနေရာပဲ လုံအောင်ဖုံးပြီးပဲ ကစားကစား အကြောင်းမဟုတ်ဘူး။ မြန်မာ့ရိုးရာ ပုံစံမဟုတ်ဘဲနဲ့ ဒါကြီးကိုမြန်မာ့ရိုးရာလို့ အမည်တပ်တာကိုတော့ လုံးဝကန့်ကွက်တယ်။ ဝေတဲ့စားစရာတွေ ကစားစရာတွေ ခေတ်အလိုက် ပြောင်းလဲသွားတာပဲ ရှိမယ်၊ လွန်ခဲ့တဲ့ အနှစ်တရာက စန်တာကလော့ဂ်ပုံစံကလည်း အခုစန်တာကလော့ပုံစံပဲ။ နှုတ်ခမ်းမွေးအပြောင်ရိပ်၊ Necktie တွေကုတ်တွေ ၀တ်ထားသူကို စန်တာကလော့ဂ်လို့ ပြောရင်ဟာသဖြစ်နေနိုင်သလို ဒီလိုပုံစံကို မြန်မာ့ရိုးရာလို့ ပြောရင်လည်း ဟာသပါပဲ၊ ဒါကိုထောက်ခံတာဟာလည်း ဟာသပါပဲ။ ရေးထားတဲ့ နောက်ခံစာသားနဲ့ ရှေ့မှာလုပ်နေတာကမလိုက်ဖက်လွန်းလို့ ပြောရတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မဟုတ်ဘဲနဲ့ ဒီမိုကရေစီလို့ အမည်ပေးနေတဲ့ အာဏာရှင်တွေကို လက်မခံသလို မြန်မာ့ရိုးရာ မဟုတ်ဘဲနဲ့ မြန်မာ့ရိုးရာလို့ အမည်တပ်ထားတာကိုလည်း လက်ခံလို့ မဖြစ်နိုင်ဘူး။ ကရင်ဝတ်စုံဝတ်ပြီး ဒါကို မွန်ဝတ်စုံပါလို့ ပြောရင် လက်ခံလို့မရသလို မြန်မာ့ရိုးရာ မဟုတ်ဘဲနဲ့ မြန်မာ့ရိုးရာလို့ ပြောတာကိုလည်း လက်ခံလို့မရဘူး။ ဒါ Social and Culture rights ကို လူတွေ တလွဲနားလည်အောင် အထင်သေးအောင် လုပ်တာမျိုး ဖြစ်နေတယ်။ လူ့အခွင့်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဦးမိုးသီးဇွန် သတိမထားမိတဲ့အချက်ကို ထောက်ပြတာဖြစ်တယ်။

Anonymous said...

Nga Paw! There is nothing with politics.

FIFTH STATE OF FOUTH FORCE( FSFF) said...

ယဉ် ကျေး မှု့ ဖေါက်ပြန် ပျက် ပြား ခြင်းကို အားပေးခြင်းတော့ မဟုတ် ရပါ။ လက် ရှိ အခြေအနေ အရပ်ရပ် အရ ကို မိုး ရဲ့ အယူ အဆ အတွေး အခေါ် တွေ မှန် ပါတယ်။ဆန့် ကျင် တယ် ဆို ရင် ဘယ်လို ဘယ် ပုံ ပဲ ဆန့် ကျင် သည် ဖြစ် ပါစေ။ ဆန့် ကျင် တယ် ဆို ရင် ဆန့် ကျင် မှု့ တိုင်း ကို အားပေးရပါမယ်။ ယဉ် ကျေးမှု ပေ တံ ကြီး နှင့် တိုင်း တာ ရု မ ရ ရိုး အမှန်ပဲ။အရေး ကြီးတာက “ ရန်ူသူက ဒါ ဆိုရင် မိမိ တို့ က ဟို ဟာ ” လုပ် ဖို့ပဲ။ ဆန့် ကျင် ခြင်း က အ ဓိ က ပါ။နား လည် မှု့ ပေး လို့ ရပါတယ်။

Myo Myint said...

If you assume like that not need to celebrate the water festival.

Nge Naing said...

Anonymous (16 April 2011 21:09) - ဒီပို့စ်မှာ စာရေးထားတာ များများမရှိဘူး နိုင်ငံရေးပါမပါ သေသေချာချာလေး တချက်လောက် ပြန်ဖတ်ကြည့်လိုက်ပါ။

FSFF - လက်ခံခြင်း လက်မခံခြင်းနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်တယ်။ ဒါက တဦးချင်း တယောက်ချင်းစီရဲ့ အကြိုက်အပေါ်မှာ မူထည်ပြီး မိမိကြိုက်တာကို မိမိ လွတ်လပ်စွာ ရွေးချယ်ကျင့်သုံးနိုင်ပါတယ်။ ကျွန်မတို့ ဆန့်ကျင်တာ အာဏာရှင်စနစ်ကိုပဲ ဖြစ်တယ် ယဉ်ကျေးမှုကို ဖျက်ဆီးဖို့ မဟုတ်ဘူး ဆိုတာ သဘောပေါက်ဖို့လိုတယ်။ သူတို့ကြိုက်တဲ့ပုံစံနဲ့ သူတို့ကစားတာ ကြည့်မကောင်းတာ မျက်စိစပါးမွေးစူးတာကလွဲပြီး တခြားဘာမှ မပြောလိုဘူး။ လူဆိုတာ တယောက်အကြိုက်နဲ့ တယောက်အကြိုက်မတူတဲ့အတွက် ယဉ်ယဉ်ကျေးကျေး ရေကစားတာကို မနှစ်သက်လို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကိုယ်ကြိုက်သလို ကစားတာကို ကျွန်မ မဆန့်ကျင်ဘူး၊ မြန်မာ့ရိုးရာ မဟုတ်ဘဲနဲ့ မြန်မာ့ရိုးရာလို့ အမည်တပ်ထားတာကိုပဲ ပြောတာဖြစ်တယ်။ ကျွန်မတော့ အာဏာရှင်ပဲလုပ်လုပ် အာဏာရှင် မဟုတ်သူတွေပဲ လုပ်လုပ် မဟုတ်တာဆိုရင် မိဘ ညီအစ်မကို မောင်နှမတွေကိုတောင် ချမ်းသာမပေးဘူး အကုန်ဆန့်ကျင်တယ်။ ဘယ်ဘက်ကိုမှ မျက်နှာမလိုက်ဘူး။

Anonymous said...

သြော် ဒါနဲ့ မေ့လို့ မနှစ်ကလိုမျိုး ဒေါ်စုကြည်ပုံကို အကျီင်္မှာ စတစ်ကာ ရိုက်ထားသလိုမျိုး ဖိုတိုရှော့နဲ့ လုပ်ပြီး မတင်တော့ဘူးလား ဟက်ဟက်

Anonymous said...

Good tel byo, pls find some more.

Loe chin tel loe pyaw pay pa:P

Anonymous said...

အော် သောက်ကျိုးနည်းရချည်ရဲ့ ကိုမိုးသီးရယ်။ ဖြစ်မှ ဖြစ်ရလေ။ ဘယ်နှယ့်ထွက်ပေါက်လဲ။