Saturday 16 April 2011

ပြည်သူ့ဂုဏ်ရည်ဆန်ကာတင် ၅ဦး ရွေးချယ်ရန် ဆန္ဒခံယူပွဲနှင့် ရန်ပုံငွေဈေးရောင်းပွဲ ဖိတ်ကြားလွှာ

ပြည်သူ့ဂုဏ်ရည်အသင်း (နယူးယောက်ဌာနခွဲ)

မိတ်ဆွေများခင်ဗျား

မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း များကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ဂုဏ်ပြုမည့် ပြည်သူ့ ဂုဏ်ရည်ဆု (Citizen of Burma Award) ဒုတိယအကြိမ် ရွေး ချယ် ပေးအပ် ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) ၌ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ကျင်းပတော့မှာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူများက ပြည်သူ့ဂုဏ်ရည်ဆုအတွက် တင်သွင်း သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ထဲက နောက်ဆုံးဆန်ကာတင် ငါးဦး (သို့မဟုတ်) ငါးဖွဲ့ကို ပြည်သူ့ဂုဏ်ရည်ဆုပေးရေးတွင် ပါဝင်ကြသည့် မြို့နယ်အသီးသီးက “လူမှုရေး လုပ်ငန်းများ ကို လုပ်ဆောင်ရာတွင် ကိုယ်ကျိုး စွန့်လွှတ် အနစ်နာခံမှု၊ ကျယ်ပြန့် ထိရောက် အောင်မြင် အောင် ဆောင်ရွက် ပြီးစီးနိုင်မှု၊ နိုင်ငံသားများ နှင့် လူ့ဘောင်လောက အတွက် စံပြဖြစ်မှု” စသည့် အခြေခံအချက်များ အပေါ်တွင် မူတည်ပြီး ပဏာမအဆင့် ရွေးချယ် ပေးကြရမှာ ဖြစ်ပါတယ်။

မြို့အသီးသီး၏ ပဏာမဆန္ဒပြုချက်များထဲက အများဆုံးဆန္ဒပြုခံရသူ ဆန်ကာတင် ငါးဦး (သို့မဟုတ်) ငါးဖွဲ့ ကို နိုင်ငံတကာရှိ မြန်မာမိသားစု အသိုင်းအဝိုင်းများသို့ အသိပေး ကြေငြာပြီး အင်တာနက်မဲဆန္ဒစနစ်ဖြင့် အများဆုံးမဲရရှိသူ တဦးကို ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ရှင်အဖြစ် ရွေးချယ် ဂုဏ်ပြုသွားမှာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်း (နယူးယောက်ဌာနခွဲ) အနေဖြင့် ရွေးချယ်ပေးရမည့် ဆန် ကာတင် ငါးဦးကို နယူးယောက် မြို့နယ်တွင်းရှိ မြန်မာမိသားစု အသိုင်းအဝိုင်းများ၏ ဆန္ဒ သဘောထားကို တောင်းခံပြီး ရွေးချယ်သွားနိုင်ရန်အတွက် ဆန္ဒခံယူပွဲနှင့်ရန်ပုံငွေ ဈေးရောင်း ပွဲတော် ကို မေလ ၁ရက် တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါသဖြင့် ကြွရောက် အားပေးချီးမြှင့်ကြပါရန် ရင်းနှီးခင်မင်စွာ နွေးနွေးထွေးထွေး ဖိတ်ကြားအပ် ပါတယ်ခင်ဗျား။

စိတ်ပါဝင်စားသူများအနေဖြင့် ရန်ပုံငွေဈေးရောင်းပွဲတော်အတွက် အစားအသောက် အလှူဒါန၊ လုပ်အားအလှူဒါနများဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန်လည်း မေတ္တာ ရပ်ခံ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျား။

www.citizenofburma.org

“မြန်မာပြည်သားအချင်းချင်း ရိုင်းပင်းကူညီ ပြည်သူ့ ဂုဏ်ရည်”

နေ့ရက် ။ မေလ ၁ရက် ၂၀၁၁ ခုနှစ် (တနင်္ဂနွေနေ့)

နေရာ P.S 12 (James B Colgate)

42-00 72nd St, Woodside, NY 11377

အစီအစဉ်နှင့်အချိန်။ နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီအထိ

နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ

ရန်ပုံငွေဈေးရောင်းပွဲတော် နှင့် အများပြည်သူတို့၏ ဆန္ဒအရှိဆုံး ၅ ဦး ( ၅ ဖွဲ့) ၏ အမည်ကို ကောက်ခံခြင်း

(လက်ခံရရှိထားသော ပြည်သူ့ဂုဏ်ရည်အမည်စာရင်း တင်သွင်းခံထားရသူ တို့၏ ကို်ယ်ရေးအကျဉ်းကိုခင်းကျင်းပြသထားမှာ ဖြစ်ပြီး မိမိတို့ ဆန္ဒအရှိဆုံး ၅ ဦး ( ၅ ဖွဲ့) ရွေးချယ်နိုင်ရန် ဆန္ဒပြုလွှာများကို ပွဲတော်လာပရိသတ်တို့အား ဝေငှပေးသွားမှာဖြစ်ပါတယ်။)

နေ့ခင်း ၁ နာရီ မှ ညနေ ၅ နာရီအထိ - လှူမယ်၊ ကမယ်၊ ဆိုကြမယ် အစီအစဉ်

ပထမပိုင်း ။ ။ စေတနာရှင် အနုပညာရှင်များရဲ့ မြန်မာရိုးရာအဆိုအကများ

ဒုတိယပိုင်း ။ ။ အနုပညာရှင်များ နဲ့ ဂီတဝါသနာရှင်များရဲ့သီဆိုဖျော်ဖြေမှု

ဒီဂျေ ကိုဝင်းအေးနဲ့အတူ ကာရာအိုကေသီချင်းများသီဆိုဖျော်ဖြေလိုသည့် အပျော်တမ်း ဂီတဝါသနာရှင်များကို ဖိတ်ခေါ် ပါတယ်။ ဖျော်ဖြေမှု အစီအစဉ် အချိန်အကန့် အသတ်ရှိပါသဖြင့် ကိုဇော် (NYC Photo – New York) 732 979 4848 ထံသို့ ကျေးဇူးပြု၍ အမြန်ဆုံး စာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံ ပါတယ်။

ဆက်သွယ်ရန်

ကိုဇော်ဇော်ထွန်း 646 203 3338 မသွယ်သွယ်အောင် 718 607 7761

ကိုနေတင်မြင့် 718 607 5265 မမူ 646 483 1092

ကိုဝေလ 646 462 9017 မသီတာမြင့် 646 462 9020

ကိုတင်မောင်အေး 631 252 8776

ကိုဇော် (NYC Photo – New York) 732 979 4848

Text Box: သင် သေသွားသော်  သင်ဖွားသောမြေ သင်တို့မြေသည်  အခြေတိုးမြင့် ကျန်ကောင်းသင့်၏။  ဇော်ဂျီ

1 comment :

Anonymous said...

ခုတော်လှန်ရေး စတင်နေတဲ့ မှော်ဘီက တပ်မတော်သားတွေကို ပြည်သူ့သားကောင်းဆု ဆိုပြီး ချီးမြှင့် သင့်ပါတယ်။