Sunday, 8 May 2011

အလင်းအိမ်မဂ္ဂဇင်း ၅ နှစ်ပြည့်အထိမ်းအမှတ်နှင့်ဝတ္ထုတိုပြိုင်ပွဲဆုပေးပွဲ

မေလ ၈ ရက် ၂၀၁၁ တနင်္ဂနွေ နေ့ တွင်ဂျပန်နိုင်ငံတိုကျိုမြို့ ၌ အလင်းအိမ်မဂ္ဂဇင်းတည်ထောင်ခြင်း ၅ နှစ်ပြည့်အခမ်းအနားနှင့်ဝတ္ထုတိုပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို အလင်းအိမ်မဂ္ဂဇင်းအဖွဲ့ ဝင်များမှတာဝန်
ယူကျင်းပခဲ့ကြပါသည်။အခမ်းအနားသို့ ဂျပန်နိုင်ငံရှိ စာပေ၀ါသနာရှင်များ၊စာပေအဖွဲ့ အစည်းများမှတာဝန်
ရှိသူများ၊ဒီမိုကရေစီအင်အားစုများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
(အပြည့်စုံဖတ်လိုပါက ခေါင်းစဉ်ကို နှိပ်ပါ)

အခမ်းအနားတွင် အလင်းအိမ်မဂ္ဂဇင်း တာဝန်ခံ ကိုရဲငြိမ်းနှင့် ဦးခင်မောင်ဇော် တို့ မှ မဂ္ဂဇင်းဖြစ်ပေါ်လာပုံ
သမိုင်းအကျဉ်းနှင့်ဝတ္ထုတိုပြိုင်ပွဲဆုရွေးချယ်ပုံစနစ်တို့ ကိုရှင်းလင်းပြောကြားခဲ့ပြီးဆုရွေးချယ်ပေးခဲ့ကြသော
ဆရာကြီးမောင်စွမ်းရည်၊ဆရာကြီးဦးဝင်းဖေ၊ဆရာအောင်ဝေးနှင့်ဆရာကိုထိန်လင်းတိုအားကျေးဇူးတင်
ကြောင်းပြောကြားခဲ့ကြပါသည်။
အခမ်းအနားတက်ရောက်လာကြသောစာပေ၀ါသနာရှင်များ၊စာပေအဖွဲ့ အစည်းများမှတာဝန်ရှိသူများနှင့်
ဒီမိုကရေစီအင်အားစုများမှတာဝန်ရှိသူများမှလည်းဂုဏ်ပြုအမှာစကားများပြောကြားခဲ့ကြပါသည်။
ဝတ္ထုတိုပြိုင်ပွဲဆုများရရှိကြသော ကိုမင်းမင်းသိန်း(ကော့သား)၊မလေးလေး(တိုကျို)၊ကိုဘိုကြည်နှင့်မသီတာအောင်တို့ မှဆုများလက်ခံရယူကြ
ပြီးကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ကြပါသည်။အခမ်းအနားတွင်အခမ်းအနားမှူးအဖြစ်
မခိုင်ကြည်ဝင်းမှဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
Ko Ko Aung




1 comment :

Anonymous said...

သတင်း: အာဆီယံအစည်းအဝေးလုပ်နေချိန်မှာ မြန်မာကောင်လေးတယောက်က အာဆီယံဝက်ဘ်ဆိုက်ကို ဟက်လိုက်ပါတယ်။ http://aadcp.aseanfoodsafetynetwork.net/WP.html

ဒါကသူလေးရဲ့ ပုံပါ။
http://a6.sphotos.ak.fbcdn.net/hphotos-ak-snc6/166411_192049684154891_100000495836471_729033_6023812_n.jpg

နိုင်ငံရေးရည်ရွယ်ချက်တွေပါတဲ့စာသားတွေနဲ့ မြန်မာဟက်ကာတဦးက အာဆီယံဝက်ဘ်ဆိုက်တခုကို ဟက်လိုက်ပါတယ်။ အောက်ကလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
နာမည်ကြီးချင်လို့လား။ စွန့်လွှတ်စွန့်စားစိတ်ဓာတ်နဲ့လားတော့ မသိပါဘူး။ တော်တော်သတ္တိရှိတယ်လို့ ပြောရမှာပါပဲ။ လက်ရှိအစိုးရနဲ့ အာဆီယံနိုင်ငံတွေကိုပါ သူကဝေဖန်ထားပါတယ်။