Monday, 23 May 2011

မန်း ဒီချုပ် လှုပ်ရှားမှုသတင်း

မန္တလေးတိုင်း အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အဖွဲ့ဝင်များသည် (န.အ.ဖ) အစိုးရမှ (၆.၅.၁၀)ရက်နေ့ ပါတီမှတ်ပုံတင်ခြင်းကို ဖျက်သိမ်းသည်ဟု ကြောငြာသည့် ရက်မှစပြီး အဖွဲ့ချုပ်ခေါင်းဆောင်များဖြစ်သော ဒု/ဥက္ကဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်မှု့ဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့၏ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များ မတိုင်မှီကပင် အဖွဲ့ချုပ်(မန္တလေး) လူငယ်များ၏ တောင်းဆိုချက်အရ နိုင်ငံရေးဆန်သည့် လူမှု့ရေးလုပ်ငန်းများကို လူငယ်အကူအညီပေးရေး အဖွဲ့ခေါင်းဆောင်များမှ နိုင်ငံရေးလုပ်ဆောင်ချက်တခုခုအား အကောင်အထည်ဖော်နိုင်မည့် အစု၊ အဖွဲ့တခုခု ဦးဆောင်မှု့ပေးပါရန် တိုက်တွန်းချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်ဖော်ဆောင်ရေးအဖွဲဝင်များ၊ မြို့နယ်လူငယ်လုပ်ငန်း အဖွဲ့ဝင်များစုပေါင်းပါဝင်သော (ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများနှင့် မိသားစုဝင်များကူညီရေး (N.L.D)မန်း) အမည်ဖြင့် အဖွဲ့ဝင်(၁၆)ဦးဖြင့် စတင်ထူထောင်ခဲ့ပါသည်။  အပြည်အစုံသို့ 
အဖွဲ့ဝင်စာရင်း

၁။ ဦးကိုကိုကြီး (မြို့နယ်စည်း-ပြည်ကြီးတံခွန်)

၂။ ဦးကိုကိုလေး (လူငယ်အကူအညီပေးရေး(၁) မန္တလေးတိုင်း)

၃။ ဦးလှဦး (လူငယ်ဖော်ဆောင်ရေးတာဝန်ခံ(၂) ရန်ကုန်)

၎။ ဦးမြင့်မော် (လူငယ်ဖော်ဆောင်ရေး အဖွဲ့ဝင်၊ မန္တလေးတိုင်း)

၅။ ဦးဇော်ဟိန်း (အတွင်းရေးမှုး၊ ပုသိမ်ကြီး)

၆။ ဒေါ်နှင်းပပ (မြို့နယ်စည်း-အ.ရ.တ)

၇။ ကိုရဲမင်းဇော် (လူငယ်တာဝန်ခံ(၁) အ.န.တ)

၈။ ကိုသန်းနိုင်ဦး (ခ) အဇစ် (လူငယ်တာဝန်ခံ(၃) အ.ရ.တ)

၉။ ကိုဝင်းကို (လူငယ်တာဝန်ခံ(၂) အ.ရ.မ)

၁၀။ မသင်းမြမြသင်း (လူငယ်အကူအညီပေးရေးအဖွဲ့ဝင်၊ မန္တလေးတိုင်း)

၁၁။ မခင်မမထွန်း (လူငယ်အကူအညီပေးရေးအဖွဲ့ဝင်၊ မန္တလေးတိုင်း)

၁၂။ မရီရီလင်း (ခ) မပုံ့ပုံ့ (လူငယ်စည်းရုံးရေးမှူး အ.ရ.မ)

၁၃။ ဦးမြင့်ဦး (မြို့နယ်စည်း-အ.ရ.တ)

၁၄။ ဦးသန်းထွန်း (မြို့နယ်စည်း-အ.ရ.တ)

၁၅။ ဒေါ်စန်းစန်းအေး (မြို့နယ်စည်း-အ.န.တ)

၁၆။ ကိုးတိုး (မြို့နယ်စည်း အ.န.တ)

(က) အဖွဲ့၏ရည်ရွယ်ချက်

(၁) နိုင်ငံရေးကို အခြေခံသော လူမှု့ရေးလုပ်ငနးများလုပ်ဆောင်ခြင်း။

(၂) အဖွဲ့ချုပ်အဖွဲ့ဝင်များ စဉ်ဆက်မပြတ်ဆက်ဆံရေး။

(၃) နိုင်ငံရေး အကျဉ်းကျရဲဘော်များနှင့် မိသားစုဝင်များစိတ်ဓတ်မြှင့်တင်ရေး။

(၄) တိုင်းနှင့်ပြည်နယ် အသီးသီးတွင် နိုင်ငံရေးဆန်သော လူမှူ့ရေးများထွက်ပေါ်လာရန်။

(ခ) နိုင်/ကျဉ်းနှင့် အခြားသဘာဝဘေး အန္တရာယ်များပေါ်အဖွဲ့၏ ဆုံးဖြတ်ချက်

(၁) နိုင်/ကျဉ်းများအားကောက်ခံရငွေပေါ် မှုတည်ပြီး လူဦးရေသတ်မှတ်ဆုံးဖြတ်ပြီးကူညီမှု့ပေးရန်။

(၂) နိုင်/ကျဉ်း တစ်ဦးလျှင်(၅၀၀၀၀)ကျပ် ကျစီပေးရန်။

(၃) မည်သည့် သဘာဝဘေး အန္တရာယ်မဆို အချိန်နှင့် အညီတတ်နိုင်သမျှ အမြန်ဆုံးကူညီရန်။

(၄) မန်း/တိုင်း အတွင်းအကျဉ်းကျ များအားကူညီသွားရန်။

(ဂ) အဖွဲ့၏လုပ်ငန်းစဉ်များ

(၁) နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကူညီရေး။

(၂) ကလေးစစ်သားကိစ္စများကူညီရေး။

(၃) HIV ဝေဒနာရှင်များကူညီရေး။

(၄) လူကုန်ကူး/ ရောင်းဝယ်ခြင်းများကူညီပေးရေး။

(၅) သဘာဝဘေးအန္တရာယ်များကူညီပေးရေး။

(၆) အဓမ္မလုပ်အားပေးပပျောက်ရေး။

(ဃ) အဖွဲ့၏လုပ်ငန်းစဉ်များအကောင်အထည်ဖော်ခြင်း

(၁) (၁၉.၆.၁၀) စနေနေ. လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်ပြည့်မွေးနေ.အထိမ်းအမှတ်အဖြစ် (နိုင်/ကျဉ်း)မိသားစုဝင်များ၏ ကျောင်းသား/သူ (၂၂)ဦးအား (၁)ဦးလျှင်ပညာရေးကူညီငွေ(၁၀၀၀၀)ကျပ်စီပေးအပ်ခဲ့ပါသည်။

(၂) (၂၆.၆.၁၀) ရက်နေ့တွင် ကိုအောင်ကိုလွင်(ကျောင်းသား) မတရားပြစ်ဒါဏ် (၂၆)နှစ်၊ အိုးဘိုထောင် အကျဉ်းကျအား ကူညီငွေ (၅၀၀၀၀)ကျပ်ပေးအပ်ခဲ့ပါသည်။

(၃) (၃၀.၈.၁၀) ရက်နေ့တွင် ကိုသီဟ (N.L.D) မရားပြစ်ဒါဏ် (၂၂)နှစ် ပူတာအို အကျဉ်းကျအား ကူညီငွေ(၅၀၀၀၀)ကျပ်ပေးအပ်ခဲ့ပါသည်။

(၄) (၃၁.၇.၁၀) ရက်နေ့တွင် ကိုအောင်မင်း(ကျောင်းသား) မတရားပြစ်ဒဏ် (၁၉)နှစ် အိုးဘိုထောင် အကျဉ်းကျအား ကူညီငွေ (၅၀၀၀၀)ကျပ်ပေးအပ်ခဲ့ပါသည်။

(၅) (၂၄.၇.၁၀) ရက်နေ့တွင် ကျော်ဌေး(ခ) ဂျပန်ကြီး၏ ကျန်းမာရေး အကူအညီ တောင်းခံခဲ့ရာ၎င်းမှာယူသော ဆေးပစ္စည်းများကူညီပေးအပ်ခဲ့ပါသည်။

(၆) (၄.၉.၁၀) ရက်နေ့တွင် ကိုဝင်းရွှေ (N.L.D) မတရားပြစ်ဒါဏ် (၁၁)နှစ် အိုးဘိုထောင် အကျဉ်းကျအား ကူညီငွေ (၅၀၀၀၀) ကျပ်ပေးအပ်ခဲ့ပါသည်။

(၇) (၄.၉.၁၀) ရက်နေ့တွင် ကိုဇော်ဇော် (N.L.D) မတရားပြစ်ဒါဏ် (၅)နှစ် ဗန်မော်ထောင် အကျဉ်းကျအားကူညီငွေ (၅၀၀၀၀) ကျပ်ပေးအပ်ခဲ့ပါသည်။

(၈) (၂၉.၈.၁၀) ရက်နေ့တွင် ကိုဖိုးထောင် (အခြား) မတရားပြစ်ဒဏ် (၁)နှစ်(၆)လ ကသာထောင် အကျဉ်းကျအားကူညီငွေ (၅၀၀၀၀) ကျပ်ပေးအပ်ခဲ့ပါသည်။

(၉) (၂၉.၈.၁၀) ရက်နေ့တွင် ကိုမြင့်လွင် (အခြား) မတရားပြစ်ဒဏ် (၁၀)နှစ် အိုးဘိုထောင် အကျဉ်းကျအားကူညီငွေ (၅၀၀၀၀) ကျပ်ပေးအပ်ခဲ့ပါသည်။

(၁၀) (၂၇.၉.၁၀) ရက်နေ့တွင် ဦးသန်းလွင် (N.L.D) မတရားပြစ်ဒဏ် (၈)နှစ် လွိုင်ကော်ထောင် အကျဉ်းကျအားကူညီငွေ (၅၀၀၀၀) ကျပ်ပေးအပ်ခဲ့ပါသည်။

(၁၁) (၂၇.၉.၁၀) ရက်နေ့တွင် ဦးညိမ်းမောင် (N.L.D) မတရားပြစ်ဒဏ် (၇)နှစ် ခန္တီးထောင် အကျဉ်းကျအားကူညီငွေ (၅၀၀၀၀) ကျပ်ပေးအပ်ခဲ့ပါသည်။

(၁၂) (၂၇.၉.၁၀) ရက်နေ့တွင် သိန်းထိုက် (ခ) ဦးသာဂရ (အခြား) မတရားပြစ်ဒါဏ် (၁၃)နှစ် အိုးဘိုထောင် အကျဉ်းကျအားကူညီငွေ (၅၀၀၀၀) ကျပ်ပေးအပ်ခဲ့ပါသည်။

(၁၃) (၂၇.၉.၁၀) ရက်နေ့တွင် ဦးမောင်မောင် (အခြား) မတရားပြစ်ဒဏ် (၂၂)နှစ် အိုးဘိုထောင် အကျဉ်းကျအားကူညီငွေ (၅၀၀၀၀) ကျပ်ပေးအပ်ခဲ့ပါသည်။

(၁၄) (၁၀.၁၀.၁၀) ရက်နေ့တွင် ထွန်တုံး၊ မြရည်နန္ဒာ ရပ်ကွက် ရေဘေးဒုက္ခသည်များအား ထ္မင်းထုပ် (၂၆၀)ပေးဝေကူညီခဲ့ပါသည်။

(၁၅) (၁၁.၁၀.၁၀) ရက်နေ့တွင် အောင်သာယာ၊ ကံသာယာရပ်ကွက် ရေဘေးဒုက္ခသည်များအား ထ္မင်းထုပ် (၂၆၀)ပေးဝေကူညီခဲ့ပါသည်။

(၁၆) (၁၂.၁၀.၁၀) ရက်နေ့တွင် ချမ်းမြသာစည် (က)ရပ်ကွက် ရေဘေးဒုက္ခသည်များအား ထ္မင်းထုပ် (၃၂၀)ပေးဝေကူညီခဲ့ပါသည်။

(၁၇) (၁၃.၁၀.၁၀) ရက်နေ့တွင် အောင်ပင်လယ်၊ အောင်သာယာရပ်ကွက် ရေဘေးဒုက္ခသည်များအား ထ္မင်းထုပ် (၃၀၀)ပေးဝေကူညီခဲ့ပါသည်။

(၁၈) (၁၄.၁၀.၁၀) ရက်နေ့တွင် မတ္တရာ၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရေဘေးဒုက္ခသည်များအား ထ္မင်းထုပ် (၃၆၀)၊ အ၀တ်အစား အစုံ(၁၅၀)ခန့်ပေးဝေကူညီခဲ့ပါသည်။

(၁၉) (၄.၁၁.၁၀) ရက်နေ့တွင် ဦးသန်းဝင်း (N.L.D) မတရားပြစ်ဒါဏ် (၁၂)နှစ် အိုးဘိုထောင် အကျဉ်းကျအားကူညီငွေ (၅၀၀၀၀) ကျပ်ပေးအပ်ခဲ့ပါသည်။

(၂၀) (၄.၁၁.၁၀) ရက်နေ့တွင် ကိုရဲထွန်းမင်း (N.L.D) မတရားပြစ်ဒါဏ် (၁၂)နှစ် အိုးဘိုထောင် အကျဉ်းကျအားကူညီငွေ (၅၀၀၀၀) ကျပ်ပေးအပ်ခဲ့ပါသည်။

(၂၁) (၄.၁၁.၁၀) ရက်နေ့တွင် ဦးလှစိုး (N.L.D) မတရားပြစ်ဒါဏ် (၁၇)နှစ် အိုးဘိုထောင် အကျဉ်းကျအားကူညီငွေ (၅၀၀၀၀) ကျပ်ပေးအပ်ခဲ့ပါသည်။

(၂၂) (၄.၁၁.၁၀) ရက်နေ့တွင် ကိုသီဟ (ပူတာအို)၏ သမီးကျန်းမာရေးအတွက် ကူညီငွေ (၂၀၀၀၀)ပေးအပ်ခဲ့ပါသည်။

(၂၃) (၈.၁၀.၁၀) ရက်နေ့တွင် ဓါတ်ပုံများဝေဌခြင်း၊ လက်ကမ်းစာဆောင်များဝေဌခြင်းပြုလုပ်ခဲ့ပါသည်။

(၂၄) (၅.၁၀.၁၀) ရက်နေ့တွင် NO တီရှပ်ကမ်ပိန်းနှင့် လက်ကမ်းစာဆောင်များဝေဌခြင်းပြုလုပ်ခဲ့ပါသည်။

(၂၅) (၆.၁၀.၁၀) ရက်နေ့တွင် NO တီရှပ်ကမ်ပိန်းနှင့် လက်ကမ်းစာဆောင်များဝေဌခြင်းပြုလုပ်ခဲ့ပါသည်။

(၂၆) (၇.၁၀.၁၀) ရက်နေ့တွင် ရွေးကောက်ပွဲ လေ့လာဆောင့်ကြည့်ခြင်းများပြုလုပ်ပြီး သတင်းထုတ် ပြန်ခဲ့ပါသည်။

(၂၈) (၅.၇.၁၀) ရက်နေ့တွင် (N.L.D) ပါတီ၏ ရွေးကောက်ပွဲ သင်္ကေတအား (N.D.F) ပါတီမှ အသုံးပြုခြင်းအပေါ် ပါတီစုံရွေးကောက်ပွဲကော်မရှင်ထံသို့ အဖွဲ့ဝင် (၁၀၀)ခန့်လက်မှတ်ရေးထိုး ကန့်ကွက်လွှာပေးပို့တိုင်ကြားခဲ့ပါသည်။

(၂၉) (၃၀.၁၁.၁၀) ရက်နေ့တွင် ဦးဇော်ဝင်းလေး (N.L.D) မတရားပြစ်ဒါဏ် (၈)နှစ် တောင်ကြီးထောင် အကျဉ်းကျအား ကူညီငွေ (၅၀၀၀၀)ကျပ်ပေးအပ်ခဲ့ပါသည်။

(၃၀) (၄.၁၂.၁၀) ရက်နေ့တွင် ကိုမျိုးမင်းသန့် (အခြား) မတရားပြစ်ဒါဏ် (၄၇)နှစ် ကျိုင်းတုံထောင် အကျဉ်းကျအား ကူညီငွေ (၅၀၀၀၀)ကျပ်ပေးအပ်ခဲ့ပါသည်။

(၃၁) (၄.၁၂.၁၀) ရက်နေ့တွင် ကိုလင်းအောင်သန့် (အခြား) မတရားပြစ်ဒါဏ် (၁၆)နှစ် ပခုက္ကူထောင် အကျဉ်းကျအား ကူညီငွေ (၅၀၀၀၀)ကျပ်ပေးအပ်ခဲ့ပါသည်။

(၃၂) (၄.၁၂.၁၀) ရက်နေ့တွင် မချိုချိုသန့် (အခြား) မတရားပြစ်ဒါဏ် (၁၆)နှစ် ရွှေဘိုထောင် အကျဉ်းကျအား ကူညီငွေ (၅၀၀၀၀)ကျပ်ပေးအပ်ခဲ့ပါသည်။

(၃၃) ကလေးစစ်သား (၂)ဦး မိဘထံပြန်လည်အပ်နှံခဲ့ပြီး (၁)ဦးအား ILO အမှု့ အမှတ် (၄၀၅)ဖြင့် အမှု့ဖွင့် တိုင်ကြားဆဲရှိပါသည်။

(၃၄) လူကုန်ကူးခံရသည့် အမျိုးသ္မီး(၅)ဦးအား ILO တွင် အမှု့ဖွင့်တိုင်ကြားထားပါသည်။

အဖွဲ့ထူထောင်စဉ်မှ ယနေ့ထိ(၆)လရှိခဲ့စဉ် လုပ်ဆောင်နိုင်ခဲ့သော လုပ်ငန်းများကို တင်ပြအပ်ပါသည်။ မန္တလေးတိုင်းအတွင်းမှ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား (၄၁)ဦးရှိသည့် အနက် ကိုတင်ကိုကို (မိတ္ထီလာ)ပြန်လည် လွတ်မြောက်လာသည့် အတွက် ယ္ခု (၄၀)ဦးရှိပါသည်။ လူမှု့ကူညီပေးပြီးသူ စုစုပေါင်း (၁၈)ဦးရှိခဲ့ပါသည်။
အထက်တင်ပြပါ နိုင်ငံရေးဆန်သော လူမှု့ရေးလုပ်ငန်းများစဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရန်အတွက် အလှူငွေများလိုအပ်နေပါသည်။ သက်ဆိုင်ရာလူကြီးမင်း အပေါင်းတို့မှ ကျွန်ုပ်တို့ (ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများနှင့် မိသားစုဝင်များ ကူညီရေး (N.L.D)မန်း) သို့အလှူငွေများပါဝင် ကူညီလှူဒါန်းပေးပါရန် အထူးမေတ္တာရပ်ခံ တောင်းဆိုတင်ပြအပ်ပါသည်။
--
လေးစားစွာဖြင့်
(ငါးည)
ပြည်တွင်း( kokoluaye08): ယုံကြည်ချက်ကြောင့်ဝါးလုံးခေါင်းထဲတော့ တိုးဝင်လာခဲ့ပြီးပြီ ဒါပေမယ့် ခုထိနောက်ပြန်မလှည့်ဖို့ကိုယ့်ကိုယ်ကို အားပေးနေရတုန်းပဲ..............
Sent at 7:29 PM on Monday
ပြည်တွင်း: သဘောပါ

No comments :