Monday, 23 May 2011

ကြံ့ဖွတ် အစိုးရရဲ့ ဆင်းရဲခြင်းလွတ်ကင်းနည်း ဆီမီနာကြီး - သရော်စာ - (သကြားမင်းကြီးရေးသည်)

အခန်း (၁)
အချိန်ကား သကြားမင်းကြီးသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး တာဝတိံသာတွင် နတ်အတိုက်အခံတို့ရဲ့ အထိုးအနက်ကို အလူးအလဲ ခံနေရချိန် ဖြစ်သည်။ သကြားမင်းရဲ့ မကောင်းသူပယ် ကောင်းသူ ကယ်ပေါ်လစီ အလုပ်မဖြစ်ဟု နတ်အတိုက်ခံတို့က ဆော်ကြောလျက် ရှိသည်။ မကောင်းသူများကိုမပယ်နိုင်၊ ကောင်းသူများကို မကယ်နိုင် လွန်းလှသဖြင့် တခါတရံ သကြား အလိုမရှိ၊ ကြံသကာ ရှိလျင်ဖြစ်သည်ဟု နတ်လှုပ်ရှားတက်ကွသူများက စုရုံဆန္ဒပြမှုကိုလည်း မကြာခဏခံနေ ရလေတော့ သတည်း။

နိုင်ငံတကာဆက်ဆံရေးတွင်လဲ လောင်စာက အရေးပါလျက်ရှိရာ လောင်စာရနိုင်ရေးအတွက် ပြောင်းကိုလူတို့ပို စိုက် လျက်ရှိသဖြင့် ပြောင်းဈေးတက်ပြီး သကြားဈေးကျလျက်ရှိသည်။ နတ်ပြည်ကို သကြားမင်းမအုပ်ချုပ်သင့် ပြောင်းဖူး မင်း အုပ်ချုပ်သင့်သည်ဟု နတ် ဘလော့ခ်ဂိါု့က... (အပြည့်စုံဖတ်ရန် ခေါင်းစဉ်ကိုနှိပ်ပါ)
ဟာသလုပ်ထားကြသည်။  

ဒီကြားထဲ မိန်းမ ၄ ယောက်ယူထားသူဖြစ်ရာ မယားပိုင်စနစ် (Polygamy) ကို ကျင့်သုံးသည်ဟု သူကိုဗီဇာမပေးသင့် ဟု အမေရိကန်ကွန်ကရက်အမတ်များက အတို့အထောင်လုပ်သဖြင့် သကြားမင်းကြီးကို အမေရိကန်က ဗီဇာငြင်း သည်ကို ခံနေရသဖြင့် သူသြဇာ လူပြည်တွင် ကျဆင်းလျက်ရှိသည်။ မယားပိုင်စနစ် ခေတ်ရှိသေးသလောဟု တာဝတိံသာ တိုင်းသတင်းစာက ကလိလျက်ရှိသည်။ သူထက်ငယ်သော အမေရိကန်သမတ အိုဘားမားက ဘင်လာ ဒင် ကို သုတ်သင်နိုင်သည်။ သကြားမင်းကြီးသည် ကြပ်ပြေးက သန်းရွှေကို ၀ရိဇိန်လက်နက်ဖြင်မှန်အောင်မပြစ်နိုင်။

ဒီကြားထဲ သုဇိတ၊ သုမာလာ တို့ကလဲ အနေထိုင်မတတ်။ လက်ဖွာသည်။ ခေတ်ကြီးပြောင်းလာတာကို မမြင်၊  ဆံပင်ကြီးတွေ ရှည်သည်။ ဖင်လုံးကြီးတွေ ကြီးသည်ကလွဲရွေဘာအရည်အချင်းမှ မရှိ။

ခြုံရေးပြောရလျင် သကြားမင်း
ကြီး နောက်ရွေးကောက်ပွဲတွင် ပဏ္ဍကမ္ဗလာ မြကျောက်ဖျာရုံး (Office the Pandukapal) တွင် ပြန်ထိုင်နိုင်သည် မနိုင်သည်မှာ မသေချာ။ ထိုကြောင့် သကြားမင်းကြီးသည် အကြံကုန်ဂဠုန်ဆား ချက် သဘောဖြင့် မြန်မာပြည်အရေးနှင့် သောက်သောက်လဲ ကျဆင်းနေသောသိက္ခာကို ကယ်တင်ရန် ဆုံးဖြတ်ထား လေတော့ သတည်း။

အခန်း - ၂

သကြား - မာတလိရေ ဘာထူးသေးလဲကွ
မာတလိ - ထူးတယ်ဖရာ့ - ကြပ်ပြေးမှာကျေးလက်ဒေသ ဆင်းရဲမွဲတေမှု ပပျောက်ရေး အစည်းဝေး (Poverty Seminar) လုပ် သွားတယ်လ
ို့သိရ ပါတယ်ဖရာ့။

သကြား - ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတော့ မြို့နေလူတွေက ချမ်းသာလာ
ပြီပေါ့။

မာတိလိ - မြို့ က လူတွေက ထမင်းရေသောက်နိင်တဲ့အဆင့် မှာရှိတဲ့အတွက်  လူဆင်းရဲ့  လက္ခဏာသတ်မှတ်ချက်  ( Human Poverty Index)   အရ လူလတ်တန်းစား လို့   ကြံဖွတ် ပညာရှင်တွေက သတ်မှတ်တယ်ဖရား။


သကြား-  တော်ကြပါပေတယ်။ တတ်ကြပါပေတယ်။


သကြား - အစည်းဝေးကို လူတွေဘယ်လောက်တက်လဲကွ ၊
မာတိလိ - လူ ၈၀၀ လောက်တက်တယ်ဖရာ့။
သကြား - ဟ- များသားပဲကွ။

မာတလိ - ဒါပေမယ့် လာတက်ကြသူတွေထဲမှာ သူတ
ို့ လက်သပ်မွေးထားတဲ့ စီးပွားရေးသမားတွေရယ်၊ ကြံ့ဖွတ်တွေက များနေတယ်ဖရာ့။ တကယ်စီးပွားရေးလုပ်ငန်းရှင်တွေက သိတောင်မသိဘူး ဖရား။
သကြား - ဆိုးသကွာ။

မာတလိ - အစည်းဝေးကို နံနက် ၁၀ နာရီကနေ ညနေ ၇ နာရီထိလုပ်တယ်ဖရာ့။
သကြား - ကြာသားကွ။

မာတလိ - ထူးတာကတော့  သမတ သိန်းစိန် က အစည်းဝေးကို နံနက် ၁၀ နာရီကနေ ညနေ၇ နာရီအထိတက်သဗျ။
သကြား - ဇွဲကောင်းသားပဲကွ။

မာတလိ - သူလည်း ဘော့စ်လိုပါပဲ အလုပ်မယ်မယ်ရရရှိပုံမရလိုဖြစ်ပါလိမ့်မယ် ဖရာ့။
သကြား - ထားပါတော့လေ။ ဘာတွေဆွေးနွေးကြသလဲ မောင်မင်းရဲ

မာတလိ - အင်း အစည်းဝေးမှာ အကြံပေးအဖွဲထဲပါတဲ့ ဦးမြင့်နဲ့ ဝင်စတန် စက်အောင်
ို ဖတ်တဲ့စာတန်းတွေကို တက်လာတဲ့ သူတွေက ကိုက်ဆိုပဲ။
 
သကြား - သူတို့  စာတန်းတွေ ရဲအနစ်သာရ (Concept ) က

မာတလိ - အနှစ်သာရကတော့ ဆင်းရဲမွဲတေမှုပပျောက်ဖ
ို့ဆိုရင် စစ်အာဏာရှင်စနစ်ကို တစုံလုံး ဖျက်သိမ်းမှရတော့ မယ်ဆိုတဲ့ သဘောမျိုးတင်ပြတယ် ဖရာ့။

သကြား - အေး- ဟုတ်တာပေါ့။

မာတလိ - မဟုတ်နဲ့ လေဖရား။ ဒါကို ကြံဖွတ်အစိုးရက မကိုက်ဘူး။
သကြား - ဒီတော့ သူတ
ို့က ဆင်းရဲမွဲတေမှုဟာ ဘာကြောင့်လို့ ယူဆလဲ (  Why?) ။ ဘယ်လိုလုပ်ကြမလဲ။ (  How?) 

မာတိလိ - ဆင်းရဲရတဲ့အကြောင်းကတော့ အရင်ဘ၀က မလှူ
ို့ ဆုံးဖြတ်တယ် ဖရား။

သကြား - ဟ- မဟုတ်တာကွာ။


မာတလိ - မဟုတ်တာမလုပ်နဲ့ အရှင်မင်း
ကြီိးု့ လုပ်ထားတာပဲ။

သကြား - ဟေ့ကောင် တိုးတိုးလုပ်ပါကွ။
ဒီတော့ ဆင်းရဲမွဲတေမှု ပပျောက်အောင် တိုက်ဖျက်မယ့် နည်းနာ (Method) ကရော။

မာတလိ - ငွေ မလှူနိင်ရင် လုပ်အား အလှူထည့်ဝင်နိုင်တဲ့နည်းကို သုံးမယ်လို ဆုံးဖြတ်တယ် ဖရား။

သကြား - ဘယ်လိုကွ

မာတလိ - လမ်းဖေါက် တံတားဆောက်ရင် ပေတာ ပိုဆွဲမယ်ပေါ့ဗျာ။ လုပ်အားကိုလျူတယ်လို့ သဘောထားပေါ့ လေ။

သကြား- တိန် !

(သကြားမင်းကြီး)

No comments :