Thursday, 26 May 2011

ငြိမ်းချမ်းရေးအတွက် ဘုရားသခင်ကို တိုင်တည် ခြင်း




PDF Print E-mail
kachinnews.com
Thursday, 26 May 2011 04:59

ကချင် KBC ကိုတော့ လေးစားဖို့ကောင်းပါတယ်။ ငြိမ်းချမ်းမှု့ကို ကချင်မှမဟုတ်ပါဘူး ကရင်အပါအဝင် တိုင်းရင်းသားတိုင်း လိုလားတာပါ။ Karen Baptist Convention, KBC ကတော့ ကရင်တွေ စစ်ဖြစ်လို့ ပြေးနေရတာတာင် ဘုရားသခင် အလိုတော် အတိုင်း ဝန်ခံ မှာလားတော့မသိဘူး ဒီလိုမျိုးလုပ်တာ မတွေ့ဖူးဘူး။ ဒီကြားတဲ့ ငြိမ်းချမ်းလို့ ပါးစပ်ကဟစ်ပြီး နအဖ နဲ့ ပူးပေါင်း အလိုတော်ရိလုပ် သိုက်တူးတဲ့ ကရင် ဆရာကြီးတွေ အဖွဲ့ကလည်းရှိသေးတယ်။   အပြည့်အစုံသို့ 

 ကချင်ပြည်နယ်တွင် ကြီးထွားလာသည့် နိုင်ငံရေးပြဿနာအတွက် အကောင်းဆုံးဖြေရှင်းနိုင်ရန် အထူးဆုတောင်းသွားကြဖို့ တိုက်တွန်းချက်တစ်ခု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) က ၎င်းတို့ အသင်းတော်များဆီ ပေးပို့လိုက်သည်။

“ဌာနေဒေသအချို့မှာ ကျီးလန့်စာစားနေရပါတယ်။ အချို့ဒေသတွေမှာ ခြိမ်းခြောက်ခံနေရပါတယ်။ စိုးရိမ် ထိတ်လန့် နေရမှုတွေ ပိုများလာပါတယ်။” ဟု မေ ၂၀ ရက် နေ့စွဲဖြင့် ကချင်ဘာသာဖြင့်ရေးသားထားသည့် KBC ရဲ့နိုးဆော်ချက်မှာ ဖော်ပြထားသည်။

kachin_baptist_conventionKBC ကချင်နှစ်ခြင်းအဖွဲ့ချုပ်ရုံး၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်။
KBC ကချင်နှစ်ခြင်းအဖွဲ့ချုပ်ရုံး၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်။
your post here.

1 comment :

Myo Thant said...

ကရင် KBC ကတော့ စစ်အစိုးရက ကရင် ရွာတွေကို မီးနဲ့ ရှို.ရင် ကရင်မတွေကို မုဒိန်းကျင့်ရင် ကရင်တွေကို သတ်ရင် အားလုံးဟာ ဘုရားသခင်ရဲ့ အလိုတော်ကြောင့်ပဲတဲ့.
ပြီးတော့ "KNU ကြောင့် ကရင်ပြည်သူတွေ ဒုက်ခ ရောက်ရတာပါတဲ့".
ဒါက KBC ရုံးက ဘာသာရေးခေါင်းဆောင် တယောက်ကိုယ်တိုင် workshop တစ်ခုမှာ ပြောခဲ့တဲ့ စကား.
စစ်အစိုးရကို ဘုရားသခင်က ရွေးချယ်ထားတဲ့အတွက်
အကြွင်းမဲ့ နာခံရမယ်တဲ့.
စစ်တပ်က ပြည်သူတွေကို ဘယ်ဘက်ကပါး တစ်ဖက်ကို ရိုက်ရင် နောက်တစ်ဖက် ထပ်ခံပေးရအုံးမယ်တဲ့.
ကရင်ရွာတွေ ရျွေ.နေပြောင်းနေရတာတွေဟာ ကရင်တွေက အပြစ်လုပ်တာ သိပ်များလို့တဲ့.
နအဖ ကသိလိုက်ရင် ဘယ်လောက် ဘယ်လောက် ပျော်လိုက်မလဲမသိဘူး.
တော်တော် သနားစရာကောင်းတဲ့ ဘာသာရေး ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ညံ့ဖျင်းတဲ့ အတွေးအခေါ်တွေ ပါတကား.
သနားစရာသိပ်ကောင်းတာကတော့ KBC အသင်းသားတွေလေ.