Thursday, 9 June 2011

လျှပ်စစ်ဂီတ ဖခင်ကြီး မွေးနေ့ 


သင်က ဂစ်တာသမားတယောက်ဆိုရင်တော့ လက်စ်ပေါလ် ( Les Paul)  ကို သိထားရမယ်။ ဇွန်လ ၉ ရက်နေ့ က လက်စ်ပေါလ်ရဲ့ မွေးနေ့ ။ သူကိုမမေ့ ရတဲ့အကြောင်းက တော့ လျပ်စစ်ဂစ်တာကို သူစတင်တီထွင်ခဲ့လို့ ဖြစ်တယ်။ သူက အမေရိကန်လူမျိုး ၁၉၁၅ ခုနစ်မှာမွေးပြီး ၂၀၀၉ ခုနစ်သြဂစ်လ ၁၂ ရက်နေ့ မှာ ကွယ်လွန်ခဲ့တယ်။ သူဂီတာကို တီးပြီးတင်ဆက်နေတဲ့အချိန်မှာ ပရိတ်သတ်ထဲက တယောက် မင်းတီးတာ မကြားရဘူးလို့ လှမ်းအော်လိုက်တာကို ခံရတယ်။ အိမ်ရောက်တော့ ပရိတ်သပ်တွေအားလုံးကြားရတဲ့ ဂစ်တာကို ငါတီထွင်မယ်လို့ ဆုံးဖြတ်ပြီး တီထွင်ခဲ့ရာက ဂီတလောကသစ် ကြီးတခုကို သူမွေးဖွားပေးလိုက်တာ ဖြစ်တယ်။ သူဟာ မဟာလျှပ်စစ်ဂီတရဲ့ ဖခင်ကြီးလို့ ပြောလို့ ရသပေါ့။  သူလက်ရဲ့  လှပတဲ့တီးချက်တွေကို နားသောတဆင်ကြည့်ပါ။

No comments :