စမ်းချောင်း ၂ ကျောင်း ကိစ္စကို ဘီဘီစီကနေ ကျနော် ကြားလိုက်ပါတယ်။ ကျနော့် မိတ်ဆွေတွေဆီကလည်း ကျောင်းအုပ်တွေ လဘ်စားတာ ကြားရတာ ခဏခဏ ပါ။ ဒါကြောင့် ကျနော့် အမြင်ကို စာရေးလိုက်ပါတယ်။ တင်ပေးပါခင်ဗျား ... သတင်းကို အတိုချုပ်ပြောရရင်တော့...
စမ်းကျောင်း ၂ ဟာ တနေ့ကို စာသင်ချိန် ၃ ကြိမ် လုပ်ထားတယ်။ ကျောင်းတိုင်းဟာ ၂ ကြိမ်ပဲ ရှိပါတယ်။ ကျောင်းသားတွေ ပိုလက်ခံနိုင်အောင်ပါ။
ကျောင်းကို ၀င်ခွင့်ရဖို့ ကလေးတွေက အနည်းဆုံးကျပ် ၁ သိန်း လာဘ်ထိုးရပါတယ်။ စမ်းချောင်း ၂ ကျောင်းအုပ်ကြီးတိုင်း လာဘ်မစားတဲ့သူ မရှိပါဘူး။ အလွန်ချမ်းသာသွားကြပါတယ်။ အခု ပုံမှန် ၂ ချိန် သင်ကျောင်း မဟုတ်ပဘ ၃ ချိန် သင်ကျောင်းလုပ်ထားတာ ဟာ မသင့်တော်ပါ။ ဒါဟာ ကျောင်းသားတွေက တာဝန်သိမှုစိတ်ဓါတ် နည်းပါးလာတဲ့အတွက် ကျောင်းအာဏာပိုင်တွေက မဟုတ်မတရား လက်ရဲဇက်ရဲ လုပ်ရဲလာကြတာ ဖြစ်ပါတယ်။
လာဘ်စားနေတာတွေကို ရပ်အောင်တားမြစ်ပေးတော်မူကြပါ ခင်ဗျား- စမ်းချောင်း ၂က ကျောင်းသားတွေ ကို သတ္တိနည်းနည်းရှိလာအောင် လုပ်ပေးကြပါခင်ဗျား။
မိဘဖြစ်သွားတဲ့ ကျောင်းသားတဦး
ကျောင်းသား = Student , not mention female or male.
6 comments :
ကျမစာဖတ်လေ့ရှိပေမယ့်ကွန်မန့်မပေးတတ်ပါဘူး။
အခုတော့ပြောချင်လွန်းလို့ပြောပါရစေ
စမ်းချောင်း၂ကကျောင်းသူတွေပဲရှိတာပါ။
မိန်းကလေးကျောင်းပါ။ ကျောင်းသားကအရင်ကတော့၎တန်းအထိရှိပါတယ်။
အခုတော့မသိတော့ပါဘူး။
လာဘ်စားတယ်မစားဘူးကတော့အသေအချာမသိလို့မပြောချင်ပါဘူး။ ဒါပေမယ့်ကျောင်းသားတွေတက်တဲ့ကျောင်းလား ကျောင်းသူတွေတက်တဲ့ကျောင်းလားဆိုတာတော့မတိုင်ခင်အရင်သိသင့်ပါတယ်။
ကျောင်းသူဟောင်းတစ်ဦး
ကလေးတွေက ဘာသိပ်သိမှာလဲဗျာ
ဥုံ....
သတ္တိနည်းနည်းရှိလာစေ....
ဒါဆို ကျွန်တော်လို့ ပြောတဲ့ မိဘဖြစ်သွားတဲ့ ကျောင်းသားကြီးက ဘာကြီးတုန်း.. ဘာကြီးပဲ ဖြစ်မှာပါလေ..
မိုးသီးကိုယ်တိုင်တောင်မှ ဘာမှမတတ်နိုင်လို့ ပြည်ပမှာနေနေရတာ။ဘာလို့များ မိုးသီးဆီ စာရေးအကြောင်းကြားနေပါလိမ့်။BBC တို့မှာ စာရေးရင် နည်းနည်းအကျိုးရှိအုံးမယ်။
ကျွန်တော်လို့ ပြောတဲ့ကျောင်းသားဟောင်းကြီးက မန္တလေးသူနေမှာပေါ့။ သိပ်ပြီးလိုက်မထောက်နဲ့ ဗျာ ။ တဆိတ်ကို တအိတ်လုပ်ရေးနေရတဲ့အထဲ ခင်ဗျားတို့က အဲလိုလိုက်လိုက်ထောက်နေတော့ ကျုပ်တို့ မှာ ချီးငုံမိသလိုဖြစ်ဖြစ်သွားတယ်ဗျာ။ ။
Post a Comment