Sunday, 26 June 2011

စမ်းချောင်း ၂ ကျောင်းသားများ သတ္တိနည်း- ကျောင်းအုပ်ကြီးတွေ လဘ်စားတာ ခေါင်းငုံခံနေကြ

 စမ်းချောင်း ၂ ရဲ့ အချောအလှများစုဝေးရာ ဘင်ခရာအဖွဲ့ ကြီး
ကိုမိုးသီး ခင်ဗျား...
စမ်းချောင်း ၂ ကျောင်း ကိစ္စကို ဘီဘီစီကနေ ကျနော် ကြားလိုက်ပါတယ်။ ကျနော့် မိတ်ဆွေတွေဆီကလည်း ကျောင်းအုပ်တွေ လဘ်စားတာ ကြားရတာ ခဏခဏ ပါ။ ဒါကြောင့် ကျနော့် အမြင်ကို စာရေးလိုက်ပါတယ်။ တင်ပေးပါခင်ဗျား ... သတင်းကို အတိုချုပ်ပြောရရင်တော့...
စမ်းကျောင်း ၂ ဟာ တနေ့ကို စာသင်ချိန် ၃ ကြိမ် လုပ်ထားတယ်။ ကျောင်းတိုင်းဟာ ၂ ကြိမ်ပဲ ရှိပါတယ်။ ကျောင်းသားတွေ ပိုလက်ခံနိုင်အောင်ပါ။ 

ကျောင်းကို ၀င်ခွင့်ရဖို့ ကလေးတွေက အနည်းဆုံးကျပ် ၁ သိန်း လာဘ်ထိုးရပါတယ်။ စမ်းချောင်း ၂ ကျောင်းအုပ်ကြီးတိုင်း လာဘ်မစားတဲ့သူ မရှိပါဘူး။ အလွန်ချမ်းသာသွားကြပါတယ်။ အခု ပုံမှန် ၂ ချိန် သင်ကျောင်း မဟုတ်ပဘ ၃ ချိန် သင်ကျောင်းလုပ်ထားတာ ဟာ မသင့်တော်ပါ။  ဒါဟာ ကျောင်းသားတွေက တာဝန်သိမှုစိတ်ဓါတ် နည်းပါးလာတဲ့အတွက် ကျောင်းအာဏာပိုင်တွေက မဟုတ်မတရား လက်ရဲဇက်ရဲ လုပ်ရဲလာကြတာ ဖြစ်ပါတယ်။

လာဘ်စားနေတာတွေကို ရပ်အောင်တားမြစ်ပေးတော်မူကြပါ ခင်ဗျား-  စမ်းချောင်း ၂က ကျောင်းသားတွေ ကို သတ္တိနည်းနည်းရှိလာအောင် လုပ်ပေးကြပါခင်ဗျား။

မိဘဖြစ်သွားတဲ့ ကျောင်းသားတဦး

ကျောင်းသား = Student   , not mention female or male. 

6 comments :

Anonymous said...

ကျမစာဖတ်လေ့ရှိပေမယ့်ကွန်မန့်မပေးတတ်ပါဘူး။
အခုတော့ပြောချင်လွန်းလို့ပြောပါရစေ
စမ်းချောင်း၂ကကျောင်းသူတွေပဲရှိတာပါ။
မိန်းကလေးကျောင်းပါ။ ကျောင်းသားကအရင်ကတော့၎တန်းအထိရှိပါတယ်။
အခုတော့မသိတော့ပါဘူး။
လာဘ်စားတယ်မစားဘူးကတော့အသေအချာမသိလို့မပြောချင်ပါဘူး။ ဒါပေမယ့်ကျောင်းသားတွေတက်တဲ့ကျောင်းလား ကျောင်းသူတွေတက်တဲ့ကျောင်းလားဆိုတာတော့မတိုင်ခင်အရင်သိသင့်ပါတယ်။



ကျောင်းသူဟောင်းတစ်ဦး

လင်္ကာ said...

ကလေးတွေက ဘာသိပ်သိမှာလဲဗျာ

Anonymous said...

ဥုံ....

သတ္တိနည်းနည်းရှိလာစေ....

Anonymous said...

ဒါဆို ကျွန်တော်လို့ ပြောတဲ့ မိဘဖြစ်သွားတဲ့ ကျောင်းသားကြီးက ဘာကြီးတုန်း.. ဘာကြီးပဲ ဖြစ်မှာပါလေ..

Anonymous said...

မိုးသီးကိုယ်တိုင်တောင်မှ ဘာမှမတတ်နိုင်လို့ ပြည်ပမှာနေနေရတာ။ဘာလို့များ မိုးသီးဆီ စာရေးအကြောင်းကြားနေပါလိမ့်။BBC တို့မှာ စာရေးရင် နည်းနည်းအကျိုးရှိအုံးမယ်။

Anonymous said...

ကျွန်တော်လို့ ပြောတဲ့ကျောင်းသားဟောင်းကြီးက မန္တလေးသူနေမှာပေါ့။ သိပ်ပြီးလိုက်မထောက်နဲ့ ဗျာ ။ တဆိတ်ကို တအိတ်လုပ်ရေးနေရတဲ့အထဲ ခင်ဗျားတို့က အဲလိုလိုက်လိုက်ထောက်နေတော့ ကျုပ်တို့ မှာ ချီးငုံမိသလိုဖြစ်ဖြစ်သွားတယ်ဗျာ။ ။