Thursday, 16 June 2011

ကြံ့ဖွတ် အခက် - တိုင်းရင်းသား ညီအကိုမောင်နှမများ အချက်

စစ်တပ် က အရင်စစ်တပ်မဟုတ်တော့ပါဘူးလို့  ပြောနေတဲ့သူတွေယုံကြည်နေတယ်
သူတွေရှိပါတယ်။ ပြောင်းလာပြီဆိုသူတွေ လဲရှိပါတယ်။  ဟုတ်ပါတယ်။ 
စစ်တပ်က အရင်စစ်တပ်မဟုတ်တော့ပါဘူး။ ပြောင်းသွားပါတယ်။ ဒါကတော့ အရေအတွက်ပြောင်းသွားတာဖြစ်ပါတယ်။ ၁၉၉၄ လောက်အထိ စစ်တပ် ရဲ့  ဖွဲ့ စည်းပုံက တပ်ရင်း တရင်း ၇၇၇ ယောက်ရှိတယ်။ အခု တပ်ရင်းတရင်းကို လူ ၆၀ နဲ့  ၈၀ လောက်ပဲရှိပါတော့တယ်။ တပ်ပြေးတွေဖြစ်ကုန်ပါတယ်။ နိင်ငံရေးအင်အားစုတွေက သတိမထားကြလို့ ပါ။ တကယ်က ထောင်တွေမှာ
အများစုဟာ တပ်ပြေး တွေလို့ သိရပါတယ်။ သူတို့ ဟာလဲ ယုံကြည်ချက်ကြောင့် အကျဉ်းကချခံနေသူတွေ 
ဖြစ်ပါတယ်။   ဘာကို သူတို့  ယုံကြည်နေသလဲ  ဆိုရင်တော့ 
(အပြည့်အစုံဖတ်လိုပါက ခေါင်းစဉ်ကို နှိပ်ပါ)

၁- သူတို့ တိုက်ခဲ့တဲ့တိုက်ပွဲတွေဟာ ပြည်သူလူထုအတွက်မဟုတ်ဘူးဆိုတာ သူတို့ ယုံကြည်ခဲ့လိုပါ။ 
၂- သူတို့   အသေခံ တိုက်ခိုက်နေသလောက် တပ်မတော်ကိုခုတုံးလုပ်ပြီးကိုယ်မျာကျိုးရှာနေတာ လက်တစုတ်စာဗိုလ်ချုပ်တ စု ဆိုတာ သူတို့ ယုံကြည်နေပြီ။ 
၃- ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေ ဟာ ရန်သူတွေ မဟုတ်ဘူးဆိုတာ ယုံကြည် နေပြီ ။ 

သူတို့ ဟာ စစ်မြေပြင်ကိုစွန့် ခွာလိုက်ကြပါပြီ။ သူတို့ ဟာ တပ်ကိုကြောခိုင်းလိုက်ပါပြီ။ ဒါဟာ အများစုကြီးဖြစ်ပါတယ်။ တပ်အင်အား ဟာ ခုဆိုရင် အရံတပ်တွေပါပေါင်းမှ တသိန်းဝင်းကျင် မျှသာဖြစ်နေပါတယ်။ ကျနော်တို့ ဟာ  ကြောက်စရာမလိုဘူး။ စုပေါင်းညီညာစွာနဲ့  တပြိုင်နက်တော်လှန်သင့်တယ်။ 

ဆက်သွယ်ရေးစနစ်တွေ   တိုးတက်လာတဲ့အေခတ်ကြီးမှာ ကျနော်တို့ ဟာ တဖွဲ့  နဲ့ တဖွဲ့  ပိုပြီးဆက်သွယ်လာနိင်နေပါတယ်။ အရင်ကလို မာနယ်ပုလော ကို ပါဂျောင်ကနေ လာဖို့  ၆ လ မကြာတော့ပါဘူး။  မြန်မြန်ဆက်သွယ်လာနိင်ပြီ။ သတင်းတွေကို မြန်မြန်ဖလှယ်လာနိင်နေပြီ။ ဒါကြောင့် ပိုမိုစုစည်းရမယ်။ ပိုပြီး ညီညွတ်ရမယ်။ ဟန်ချက်ညီတဲ့တိုက်ပွဲတွေကိုတိုက်ရမယ်။ 

ဟန်ချက်မညီတဲ့ လှုပ်ရှားမှုအခြေအနေကနေ ဟန်ချက်ညီလှုပ်ရှားမှုအခြေအနေကို ပြောင်းလဲရမယ်။ 
၈၈ တုံးက ကျောင်းသားပြည်သူတွေ လူထုအုံကြွမှုကြီး ကို ဆင်နွဲနေချိန်မှာ  ၊ မွန်နဲ့ ကရင်က ဘာမဟုတ်တဲ့ 
နယ်မြေလေးတခုအတွက် တဖွဲ နဲ့ တဖွဲ့  အသေ တိုက်နေကြတယ်။ 
၂၀၀၇ သံဃာလှုပ်ရှားမှုကြီးဖြစ်ပွားနေချိန်မှာ နယ်စပ်က လက်နက်ကိုင်တိုက်ပွဲတွေ ငြိမ်သက်နေကြတယ်။ 
၂၀၁၀ ရွေးကောက်ပွဲ ပထမ နေ့ က စပြီး  ဒီကေဘီအေ က လက်နက်ကိုင် တိုက်ပွဲ တွေ ပြန်လည်ဆင်နွဲတဲ့အချိန်မှာ ပြည်တွင်း က ငြိမ်သက်နေကြပြန်တယ်။ 

ဒီလိုသာ ဟန်ချက်မညီ ၊ တယောက်တပေါက် လုပ်နေလို့ မရတော့ပါဘူး။ ကြုံရာလူက တက်ခေါင်းဆောင်နေလို့ မရတော့ဘူး။ ကပေါက်တိကပေါက်ချာတွေ ပြောနေလို့ မရတော့ဘူး။

အခုကချင်က တိုက်နေတယ်။ မွန်နဲ့ ဝ က  ကြံ့ဖွတ် အစိုးရကို ကန့် ကွက်တာ တလုံး တပါဒ မပြောဘူး။ တခုခုပြောဖို့  လိုပါတယ်။  တိုက်ပွဲဆင်ဖို့ လိုပါတယ်။ စစ်ရေးမဟာမိတ်ဆိုတဲ့ ကတိက၀တ်တွေ ကို လိုက်နာလေးစားကြဖို့ လိုပါတယ်။ အခု တိုက်နေတာ ကရင် ( ကေအင်ယူ၊ ဒီကေဘီအေ ) ၊ ရှမ်း နဲ့  ကချင် တို့ ပဲရှိတယ်။ 

မွန်နဲ့  ၀ က အမြန်ဆုံး ပြည်သူနဲ့  အတူလက်တွဲပါ။ မတွေဝေနေပါနဲ့ ။ မကြောက်ပါနဲ့   စစ်တပ်ကအရင်စစ်တပ်မဟုတ်တော့ဘူး။  မြန်မာ့သမိုင်းမှာ အညံဆုံးအစိုးရ၊ ကမ္ဘာမှာ တပ်ပြေး အများဆုံးတပ်မျှသာဖြစ်ပါတယ်။  သင်တို့ ဘာကိုကြောက်နေသလဲ လို့  မေးခြင်ပါတယ်။ 

ဒီနေရာမှာ  ပဉ္စနရစ် ပုံပြင်ထဲက ခြင်္သေ့ မင်း လို ဖြစ်နေပါတယ်။ တခါက ခြသေ့မင်း နေတဲ့ဂူနားကို နွားတကောင်ရောက်လာတယ်။ နံနက်မိုးသောက်တဲ့အခါမှာ နွား က တွန်ပါတယ်။ ခြင်္သေ့မင်းက နွား သံ ကိုတခါမှ မကြားဘူး။ မမြင်ဘူးတော့ လှန့် သွားတယ်။ ဂူထဲက မထွက်ရဲဖြစ်နေတယ်။  ခြေင်္သေမင်းနဲ့ တူတဲ့ ပြည်သူတွေ၊ ကျောင်းသားတွေ တိုင်းရင်းသားတွေ ဂူထဲကနေထွက်ရမဲ့ အချိန်တန်နေပြီ။   

ကြံ့ဖွတ် အခက်- ပြည်သူ၊ တိုင်းရင်းသားတွေအချက်လို့  ဆိုပါစေ။

6 comments :

Anonymous said...
This comment has been removed by the author.
Anonymous said...

ကိုမိုးသီးက တိုင်းရင်းသားတွေကိုပဲတိုက်ခိုင်းနေတယ်။ အကို့တို့မှာလည်းကျောင်းသားတပ်မတော်ရှိတာပဲ၊ ဘာလို့မတိုက်တာလဲ။ ကျောင်းသားတပ်မတော်ကပိုပြီးတောင်တိုက်ရမှာ.တိုင်းရင်းသားတွေကလူမျိုးရေးအခက်အခဲ၊ ညီ၊ ကိုမောင်နှမ အခက်အခဲတွေအများကြီးရှိတယ်။ကျနော်ကတော့ကျောင်းသားတပ်မတော်ကိုပဲတိုက်စေချင်တယ်။တိုင်းရင်းသားတပ်တွေက နအဖနဲ့တိုက်ပွဲဖြစ်တိုင်းမဆိုင်တဲ့ပြည်သူတွေပါဒုကခရောက်တာအကိုတို့သိနေတာပဲ။

Cheam Nai said...

Yes,u r right Taing Yin Thar.Ko moe Thee why u cant lead the ABSDF and anounce to fight the junta.I understand that most of the ethnic nationalities wanna to get federal but some burman dont like.As u know 60 percent of public in Burma is Burmese.Why most of the burman try to eradicate ethnic group from their motherland?I know we should start to fight together to get freedon from Burman Junta(colony).

94 RIT said...

Hi! Ko Moe Thee!
Pls do urgent action on this matter,now US oil exploration Co (Conoco Phillips) entered to our water boundary nearing Bangladesh to start bz with Bangladesh,,we really appreciate your best affort to protect our water asap.
hopefully your very effective action bro..
respectfully,
Ex RIT one

Anonymous said...

stupid article

Anonymous said...

အစထဲက သူကပြောထားတယ်လေဗျာ We Fight We Win တဲ့လေ If so, He did not win , because he did not fight ပေါ့ဗျာ
အစက တော်တော် အထင်ကြီးထားတာ အီရတ်က ကုလားအတုယူပြီး ဖိနပ်နဲ့ ပေါက်တယ်ကြားမှ ပဲ လူပေါကြီးမှန်းသိတော့တယ် ဒီဘလော့မှာရေးထားတာတွေလဲကြည့်လေ တောင်စဉ်ရေမရတွေ လိုရင်းကိုမရောက်ဘူး ဘာစည်းရုံးရေးစွမ်းရည်လဲရှိမယ့်ပုံမပေါ်ပါဘူး၊ အဆင့်အတန်းရှိရှိ နိုင်ငံရေးစကားလဲမပြောတတ်ဘူး၊တဖက်သတ် ရိုင်းရိုင်းစိုင်းစိုင်းပြောဖို့ပဲတတ်တယ်၊ ဟောင်တဲ့ခွေးကို
ခွေးလိုပဲပြန်ဟောင်မယ် ကိုက်တဲ့ခွေးကို ခွေးလိုပြန်ကိုက်မယ် ဆိုတဲ့ အသိဥာဏ်အဆင့်ပဲရှိတယ် ကိုယ့်ကိုယ်ကို ခွေးနဲ့တန်းတူ အဆင့်နှိမ့်ချတတ်တဲ့
ဒီလိုလူမျိုးက မြန်မာပြည်ဒီမိုကရေစီအရေး ဖက်ဒရယ်နိုင်ငံထူထောင်ရေးလုပ်မယ်ဆိုတော့လဲ ကျုပ်တို့တိုင်းပြည်အတွက် ရင်မောစရာပဲ အစထဲကအသုံးမကျလို့ အမေရိကန် ဘောင်းဘီနားခိုစားနေတာပေါ့၊ ABSDF မှာတုန်းကလဲ သွေးကွဲမှု အုပ်စုခွဲမှုတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတာ စဉ်းစားကြည့်ရင် သူ့အရည်အချင်းကိုသိနိုင်ပါတယ်