Friday, 10 June 2011

စနစ်ဆိုးအောက်မှာလူတွေဘာဖြစ်ကုန်ကြပြီလဲ



တန့်ကြည်တောင် ရိပ်သာ

လူတွေမှာ Outlet မရှိတဲ့ပြသနာပေါ့။ မှန်ကန်တဲ့ စိတ်ထွက်ပေါက် အပန်းဖြေမှုတွေ လိုအပ်နေတာကို ပြနေတယ်။ ရုရှားမှာ ရပ်စပြူတင်က လူတွေရဲ့ မွန်းကြပ်မှုကို အခွင့်ကောင်းယူပြီး အသုံးချခဲ့တာတွေရှိတယ်။ ဒီလိုမျိုး တရားပြမှုတွေပေါ့။ မဖြစ်သင့်တာတွေပါ။ လူတွေ သနားဖို့ ကောင်းပါတယ်။ မလိုလားအပ်တဲ့ ချုပ်တီးမှုတွေ (ဘာသာရေးအစွန်း၊ အမျိုးသားရေးအစွန်း) တွေက ဒီအခြေအနေကို ရောက်စေတာပါ။ Hallucination ဖြစ်ကုန်တာပေါ့။

22 comments :

Anonymous said...

သတင်းကိုတိတိကျတင်ပေးရင်ပိုကောင်းတာပေါ့ကိုမိုးသီး၊ ခုဗီဒီယိုဖိုင်က ဘယ်မှာဟောတဲ့တရားပွဲလည်း တခြားတရားပွဲနဲ့ဆိုင်တဲ့ အချက်အလက်တွေပါတင်ပေးရင်ပိုပီးပြည့်စုံတာပေါ့ ခုနှစ်ကတော့ ၁၉၉၃ ဒီဇင်ဘာက ကျန်တဲ့ဟာတွေကနောက်မှာရေါ်ထားပေမယ့်ဝါးနေတော့သေချာမတွေ့၇ဘူး၊ ကျွန်တော်ထင်တာတော့ စိတ်မနှံ့တဲ့သူတွေကို စုပီးဟောတဲ့ တရားပွဲထင်တယ်၊ တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊

Anonymous said...

Something seems wrong about this video. If anyone knows,please share a comment. It seems like while they meditating,may be external entities are interfering. Or something else worse than that?

Anonymous said...

ပြဇာတ်တိုက်နေတာ ဖြစ်နိုင်တယ် ရွာပွဲအတွက်

Anonymous said...

ဒုက္ခပဲ လူတွေ မသိကြတော့ဘူး ဗုဒ္ဓဘာသာတရားဗဟုသုတလေး ၀င်ပြောပါ့ရစေ။ အဲဒါ စိတ်မနှံ့တဲ့သူကို ဟောတာမဟုတ်ဘူး။ လူကောင်းတွေ တရားမှတ်ချိန်မှာ အစွဲကြီးသူတွေ ဟာအဲလိုတွေ ကယောင်ချောက်ခြားဖြစ်တတ်တယ်။ ကျုပ်အစ်ကိုငယ်ငယ်တုန်းက တရားထိုင်တာ ဟိုးသူ ၃နှစ်သားက ခွေးသေကိုတုတ်နှင့်ရိုက်ဖူးတာ အသက် ၂၆နှစ်အရွယ်တရားထိုင်ချိန်မှာ ဆောင့်ကြောင့်ထိုင်ပြီး လက်နှင့်ရိုက်နေတာအဲဒီချိန်သူကအဲတာစွဲနေတာ။ များသောအားဖြင့် မိမိလုပ်ခဲ့တဲ့ အကုသိုလ် အစွဲတွေ ပြန်ပေါ်တာ။ တချို့ ကအရင်ဘ၀ဟောင်းက အစွဲတွေ ပြန်ပေါ်လာတယ်။ အဲဒါသမာဓိအားနည်းသူတွေမှာ ဖြစ်လေ့ ဖြစ်ထရှိ တယ်။

ကြက်လည်လိမ်သတ်တဲ့ ကြက်သည်ဈေးသည်တစ်ယောက်လဲ တရားထိုင်နေတုန်း သူ့ ထိမီစကို သူလိမ်နေတယ် ကြက်အမှတ်နှင့်။ ဥပါဒန်ကြောင့်ပါ။

Anonymous said...

no idea~~~~~~~~~~~~~~~~~
??????????????????????????????
BUT PLEASE DO NOT POST IT*
*TRUE MEDITATION IS SO GENTLE*
I DO NOT CARE WHO ARE THEY?
WHAT ARE THEY DOING!!!!!
OK!!!!!!!!!!!!!!!!!!??????????????
IT IS SO INSULTED!!!!!!!!!!!!!
REMEMBER!!!! MTZ
IT IS NOT BELONG TO EVIL RULER THAN SHWE & EVIL FOLLOWERS !!!!
NOR ANYONE !!!!!!
WE RECEIVE WHATEVER WE BELIEVE~~~~~
*JOHN 4:24*
*THE TRUTH IS ONLY ONE*
*MAT 7:1*
*FOR SALVATION*
*UP PAM MAR DE NA , THAM/SAM PAR DE HTA*
*LIFE AINT EASY*
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Anonymous said...

အံသြစရာဗျာ...အရေးထဲ နေရာကို ဖတ်ရတာ မသဲကွဲဘူး..ကြာပြီလဲဖြစ်တာကို။ တွေ့ရတာ စိတ်မကောင်းဘူးပါဗျာ.. တကယ့် သီလသမာဓိရှိတဲ့ ဆရာတော်ကြီးများ ရှိပါလျှက်နဲ့...

ဝေငှမူအတွက် ကျေးဇူးပါ... ရဲဘော်ကြီး

ကန

Pho Chan said...

ဘာသာရေးနဲ့ တရားထိုင်တာကို နားလည်တတ်ကျွမ်းသူတွေရှင်းပြပေးနိုင်ရင် ပိုကောင်းပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို ကြားဖူးနေတာကြာပါပြီ။ ခုမှပဲ ဗွီဒီယိုအနေနဲ့ ကြည့်ဖူးတာပါ။ တချို့တွေက တရားထိုင်ရင်းနဲ့ ယခင်ဘ၀ဟောင်းတွေက လွှမ်းမိုးမှုတွေကို ခံရတယ်လို့ ဆိုကြပါတယ်။ တချို့တွေက ဒီလိုတရားကျင့်ပြီးတော့ မိမိဘ၀ဟောင်းကို ပြန်ပြောဆိုနိုင်ကြတာပါ.။

Anonymous said...

I think they are trying to overcome addiction like alcohol/ drug addiction, and other life trauma.

No this is not ordinary "peace of mind" mediation. They are trying to cure or get rid of something by extreme awareness in their body so that they can control their emotion.

Some criminals or even war veterans are encouraged to do so even in western countries so they understand their emotion and started to feel the pain. After they cleanse out their system, they become normal and balance again.

Anonymous said...

တော်တော်စိတ်ပျက်စရာကောင်းတာပါ .... တရားစခန်းထဲမှာ တန့်ကြည်တောင်စခန်းက တော်တော်ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ တရားစခန်းပါ ... စိတ်မနှံ့တဲ့သူတွေစုပြီး လုပ်တဲ့တရားစခန်းမဟုတ်ပါ (တကယ့် တရားအားထုတ်သူ လူကောင်းတွေပါ) ... ဒါက တန့်ကြည်တောင်မှာ ဖြစ်နေကျစတိုလ်ပါ ... ၀ါယောဖောက်တယ်လို့လည်း အခေါ်ရှိပါတယ် ... အရင့်အရင် ကျင်လည်ခဲ့တဲ့ ဘ၀တွေ ပြန်ပေါ်လာတယ်လို့လည်း ဆိုပါတယ် ... ၀ီရသူ ရေးတဲ့ ပဋိယတ္တိရွှေချိန်ခွင် (စစ်အစိုးရရဲ့ဆင်ဆာမတင်ဘဲထုတ်တဲ့) စာအုပ်ကိုဖတ်ရင် တန့်ကြည်တောင်ရဲ့ လုပ်ရပ်အလွဲတွေကို သေသေချာချာ တွေ့ရပါလိမ့်မယ် ... ၀ိပဿနာ တရားအားထုတ်လို့ ဒီလိုဖြစ်ရပ်မျိုးဖြစ်တတ်တယ်လို့ ရှေးရှေးဆရာတော်များရဲ့ အမှာစကားများရော ကျမ်းဂန်များမှာပါ မရှိပါ။

Anonymous said...

ဒါတန့် ကြည်တောင် ဘုန်းကြီးရဲ့ တရားပွဲ။ ကြည်ညိုသူတွေ အတွက်တော့ ဆရာတော်ပေါ့။ နေရာအတော်များများမှာ သူကတရားစခန်းတွေ ဖွင့်ခဲ့တယ် နယ်လှည့်ပြီးတော့ပေါ့။ ဒါပေမယ့် သူ့ ရဲ့တရားပြနည်းကမမှန်တာလား၊ အောက်လမ်းနည်းတွေပဲ ပါသလားတော့ မသိဘူး စိတ်မခိုင်တဲ့သူအချို့ နဲ့  တရားထိုင်စလူအချို့ အခုလိုဖြစ်ကုန်ကြတယ်။ ဒါနဲ့ နာမည်ကြီး ဆရာတော်တစ်ပါးက သူ့ ကိုစာနဲ့ ပေနဲ့ ကို ဆဲဆိုကြိမ်းမောင်းပြီး ဝေဖန်ခဲ့တယ်။ အောက်လမ်းနည်းတွေ သုံးတယ်လို့ တောင် ဝေဖန်ခဲ့တယ်။ အဲ့ဒါနဲ့ ဒီတန့် ကြည်တောင် ဘုန်းကြီး (ဆရာတော်) ဟာ သံဃာ့နာယကမှာ နောက်နောင် အဲ့ဒီလို နည်းလမ်းမမှန်တာနဲ့ တရားမပြဖို
့ဝန်ခံလတ်မှတ်ထိုးခဲ့ရတယ်။ ဘယ်ဆရာတော်က တိတိကျကျ စာနဲ့ ပေနဲ့ ဝေဖန်ခဲ့တယ်၊ ဘယ်အချိန်မှာ တန့် ကြည်တောင် ဘုန်းကြီး လတ်မှတ်ထိုးခဲ့ရတယ် ဆိုတာတွေကို အချိန်အတော်ကြာပြီမို့ မမှတ်မိတော့တဲ့ အတွက် သေချာပြန်စုံစမ်းပြီး ကိုမိုးသီးဘလော့မှာ အဆင်ပြေရင် တင်ပေးပါမယ်။ ဒါပေမယ့် ဒီကိစ္စကို မြန်မာပြည်က လူတွေ အတော်များများ ကြားသိဖူးကြပါလိမ့်မယ်။ မေးကြည့်ကြပါ။

Anonymous said...

Non-Buddhists and Foreigners should not get confused on Buddhism after watching this video clip. This is one of a few wrong meditation methods. If the meditation is practiced in a wrong way like this, those who are novice memditators or who can easily lose grip his/her concentration behaves like those in the video. But, the Buddhist monk who is the mentor in this video had a controversey because of the way he mentor. He was even accused of using black magic for his own publicity. Those who are interested in Buddhist mediataion and the right pracatices, please have a look to Goenka and Mahasi Vipassana meditation practices. You will see the difference.

Anonymous said...

ဓမာစရိယ.. ဦးဋ္ဌေးလှိုင်ရေးတဲ့.. ရဟန်းတာနှင့်..ပုဂိုထူး..များစာအုပ်ထဲမှာ.. ဒီကိစ ကိုတင်ပြထားတယ်.. နှာရည်တရွှဲရွှဲ..ပစ်လဲသော အာနပါန၊ စုန်းပုန်းနတ်ပူးသလို.တုန်တုန်ခါခါဖြစ်သော..အာနပါန၊ ခွေးလို..၀က်လို.. အော်တဲ့..အာနပါန၊ အမှန်တော့.. သူရူးသဖွယ်..မတင့်မတယ်ဖြစ်ရတာ.. စရိုက်အားလျော်စွာ.. အားမထုတ်နိုင်လို့ပါ.. တစ်ချို့.. ဒေါသစရိုက်.. တစ်ချို့က.. လောဘစရိုက်.. အဲသလို..စရိုက်အားလျော်စွာ.. ပေါ်လာတတ်ကြတယ်..တရားပြဆရာ..သိပ်အရေးကြီးပါတယ်..

Anonymous said...

Some people are behaving like that while they are practicing mediation. These behaviors are interact with their passing lives. When they cant mediate on what is happen or lose control, these behaviors are happening to take long. In Shwe-Min-Wun Thatana Yeik Tar, these behaviors are happened, Tayar Pya Sayar Daw remind to that person or practitoners to control emotion or happenings. It is not allowed to disturb to others people which is one of the rules in Yeik Thar. But that rules may not be applied to other Yeik Thar. In this video, the lady who behave like snake or dragon is seem to be she has possessed to that life before. That why when she practice mediation and appear old life. That is one level of the nyan sin which is buddha teaching for mediation.


That's all I know. some mediation words are i just type with myanmar pronunciation because I do not know how to type.

I have practiced mediation for 45 days and during my time in mediation center, I met one of the practitioner behave like crying and make noise while we all doing mediation. Then Sayardaw remind with microphone to that lady to control them and said that it was not allow in center.


Hope this explanation is helpful.

Anonymous said...

ပင်ကိုစိတ်ဓါတ်ခံ အားနည်းသူတွေ ပြင်းထန်တဲ့ တရားထိုင်လေ့ကျင့်ခန်း လုပ်ရင်ဖြစ်လေ့ ဖြစ်ထရှိကြပါတယ်။ နိုင်ငံရေးနဲ့ သိပ်တော့မဆိုင်ဘူးထင်ပါတယ်။

ဘစ်ကက် said...

ခင်ဗျားက ဘယ်လောက် နှံ့နှံ့စပ်စပ်သိလို့ hallucination လို့စွတ်စွဲရတာလဲ။ တရားအားထုတ်မှုကိုရော တကယ်လုပ်ဖူးသလား။ အဲဒါ အတိတ်စိတ်ကျတယ်လို့ခေါ်တယ် (လုပ်ကြံဖန်တီးတာ မဟုတ်ရင်) အဲဒီမှာမှ မဟုတ်ဘူး၊ သဲအင်းဂူရိပ်သာမှာလည်း အဲဒီလိုမျိုး ဖြစ်ခဲ့တယ်ဆိုတဲ့ ယောဂီတွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေရှိတယ်။ စာပြော၊သူများပြောနဲ့ စိတ်ထင်ရာ လျောက်မပြောနဲ့။ သမာဓိလွန်သွားပြီး သတိလိုက်မကပ်နိုင်ရင် အတိတ်ဘဝဟောင်းကို စိတ်ပြန်လည်သွားတတ်တယ်။ အသံဖိုင်ထဲက ဆရာတော်ဆုံးမချက်တွေမှာ အနတ္တသဘော၊ သတိကပ်ဖို့ မြတ်စွာဘုရား ဆုံးမထားတဲ့အတိုင်းပဲ။ ဗီဒီယိုဖိုင်ထဲမှာ ပြထားတာ မှတ်တမ်းအနေနဲ့ သိမ်းထားတာဖြစ်နိုင်သလို လက်တွေ့မှာ အတိတ်စိတ်အားကြီးလွန်းနေသူတွေကို ချက်ခြင်းထိန်းဖို့မလွယ်လို့ လွှတ်ပေးထား၊ အလိုက်သင့်ထားရတာတွေလည်း ရှိတတ်တယ်။ လူတိုင်းဖြစ်သလား လူတချို့ပဲ သတိလက်လွတ်ဖြစ်နေသလား သေသေချာချာ ကြည့်ပါ။ ဘာကြောင့် လူတွေကို ဖျက်ဆီးနေတယ်လို့ ပြောရတာလဲ။ ကိုယ်တိုင်လုပ်ကြည့်မှ စိတ်ကလေးရဲ့ ဖြစ်အင်တွေကို သိရမယ်။ နားမလည်ရင်တော့ ဘာသာရေး (အထူးသဖြင့် လက်တွေ့လုပ်ရတဲ့ သမထ၊ ဝိပသနာ ကမ္မဌာန်းကို ဝင်မနှောက်တာ အကောင်းဆုံးပဲ။ ကိုမိုးသီးဆိုက်ဝင် ဖတ်မိသမျှထဲမှာ ဒီပို့စ်ကို စိတ်အပိန်ဆုံးပဲ...

Anonymous said...

ဒါဟာ..အာဏာရှင်စနစ်နဲ့လည်းမဆိုင်ဘူး။.. စိတ်မနှံ့တဲ့သူတွေကို စုပေးထားတဲ့နေရာလည်းမဟုတ်ပါဘူး။.. ဘာသာရေးအယူဝါဒ လေ့လာရှာမှီးမှု မမှန်ကန်တဲ့ အတွက်ဖြစ်နေတဲ့ပြဿနာသာလျှင်ဖြစ်တယ်။.. ဝိပဿနာပညာ၊ ဝိပဿနာလုပ်ငန်းဟာ ဗုဒ္ဓအဆုံးအမတရား အဆီအနှစ် ဖြစ်ပေမဲ့ လေ့လာမှုလွဲမှား၊ သင်ပြပေးတဲ့ဆရာလွဲမှားရင် ဗုဒ္ဓအဆုံးအမ လမ်းညွှန်မှုဘောင်ထဲက အန္တရာယ်ကြီးမားစွာ လမ်းချော် တိမ်းစောင်း ထွက်သွားတတ်တာကို ပြနေတဲ့ ဖြစ်ရပ်သာလျှင် အတိအကျ ဖြစ်တယ်။.. အခု ဗီဒီယိုထဲမှာသူတို့ လုပ်နေတာဟာ ဝိပဿနာပညာ လေ့ကျင့်အားထုတ်မှု မဟုတ်ပါဘူး။.မဖြစ်နေပါဘူး။.. ဒါကိုဝေဖန်ထောက်ပြမည့်သူဟာလည်း ဝိပဿနာပညာ၊ ဗုဒ္ဓအဆုံးအမကို ကောင်းစွာညက်ညက် နားလည်တဲ့သူဖြစ်မှသာလျှင် မှန်ကန်ရှင်းလင်းစွာ ပြောဆိုနိုင်စွမ်းရှိမှာဖြစ်ပါတယ်။.. အခု ဒီရုပ်သံ မှတ်တမ်းထဲက သူတွေဟာ မဂ္ဂင် ရှစ်ပါးရဲ့ အဦးအစ သမ္မာဒိဋ္ဌိမဂ္ဂင်ကိုတောင်မှ မသိရှိရသေးတဲ့ လက္ခဏာတွေဖြစ်နေကြပါတယ်။ ဗုဒ္ဓအဆုံးအမကို ကောင်းစွာထိထိမိမိကြေကြေညက်ညက် ကိုယ်တိုင် ကိုယ်ပိုင် သိရှိတော်မူပြီးကြတဲ့ သူတော်ကောင်း ဘုရားသားတော် အစစ်ကြီးတွေကို ဆည်းကပ်ပြီးမှ သူတို့ရဲ့ ဆုံးမသြဝါဒတွေနဲ့အညီ ဝေဖန်ရေးသားတာက အကောင်းဆုံးဖြစ်ပါတယ်။.. အာဏာရှင်စနစ်၊ စစ်အစိုးရနဲ့ ဒီကိစ္စ ဘာမှမပတ်သက်ပါဘူး။..ဘာကြောင့်လဲဆိုတော့ ဒီကောင်တွေလည်း သမ္မာဒိဋ္ဌိကိုတစ်လုံးမှ မသိတဲ့ကောင်တွေမို့ပါဘဲ။..

Anonymous said...

ကျနော် သိသလောက် ပြောပြရရင် အဲဒါ တန့်ကြည်တောင် မှာ တရားထိုင်တဲ့ မြင်ကွင်းတခု ပါ အဲဒီ ဆရာတော် က အရင် ဘဝဟောင်းတွေ ပြန်ပေါ်တာ လို့ ပြောတာကို ယုံကြည်သူတွေ အများကြီး ရှိတယ်

နောက်ဆုံး မစိုးရိမ် က ဦးဇင်း တပါးက ကိုယ်တိုင် တရားဝင်ထိုင် ပြီး ဖြစ်ရပ်မှန် တွေကို ထုတ်ဖော်ထား တဲ့ စာအုပ် ထွက်လာပါတယ် တရားဝင် မဟုတ်ပါဘူး ခိုးထုတ်ရတာပါ

တန်ကြည်တောင် ဆရာတော် ကို ကာကွယ် ပေးထား တဲ့ အာဏာပိုင် တွေ အများကြီး ရှိတယ်

စာအုပ်ထဲမှာတော့ မဟုတ်တဲ့ ဆေးဝါး တွေကို ယောဂီ တွေ ကို တိုက်ကျွေးပြီး အခုလို မတည်မငြိမ် လူတွေဖြစ်လာ တာကို တရားဘဲ အောင် သလိုလို လုပ်နေတာပါ လို့ ပြောပါတယ်

တန့်ကြည်တောင် ရက်ဆား ဆိုတဲ့ ထဲမှာလည်း မဟုတ်တဲ့ ဆေးဝါးတွေ အများကြီး ထဲ့ ထား တာကို အဲဒီ မစိုးရိမ် က ဘုန်းဘုန်း က အသေအချာ ပြောပါတယ်

တော်တော်ဝမ်းနဲ ဘို့ ကောင်းတဲ့ သာသနာဖျက် လုပ်ရပ်တွေပါ

Anonymous said...

ဖုန်းကြီး က တောင်ဝှေးနဲ့ တကာမ ပါးစပ်ကိုထိုးသယောင်လုပ်နေတာတွေ့ လား
စိတ်နဲ့ အသာပြေဖေါက်ပြန်နေကြတာပေါ့ကွာ

Anonymous said...

ကိုမိုးသီးကို အပြစ်ပြော မစောကြနဲ့ ဗျို့ ၊ ဒီကိစ္စက နိုင်ငံရေး နဲ့ နွယ်လာတယ်ဗျ။ မန္တလေးက အရှင်ဝီရသူ ရေးတဲ့ စာအုပ်ကိုယ်ဖတ်ကြည့်။ ကျနော့်ရှေ့ မှာ တယောက် အဲ့ဒီအကြောင်း comment တင်ပြီးပြီ။ ကျေးဇူးပါ။ အရှင်ဝီရသူ ဆိုတာ ကလောင်နာမည်ပါ။ ရဲရင့်သူလို့ အဓိပ္ပါယ်ရပါတယ်။ အရှင်ဝီရသူရဲ့ စာအုပ်က ဆင်ဆာမတင်ပဲ ထုတ်ခဲ့တာလည်း အမှန်ပဲ။ အဲ့ဒီနောက်က်ပိုင်း တန့် ကြည်တောင် ဘုန်းကြီးဟာ မဟာသံဃာ့နာယကမှာ သူအောက်လမ်းနည်းကို သုံးခဲ့တဲ့ အကြောင်း ၀န်ခံလက်မှတ်ထိုးခဲ့ရတယ်။ ဒါဗီဒီယိုထဲမှာကြောင့် ဒီလောက်ပဲမြင်ရတယ်။ အပြင်မှာဆိုရင် လူသေကောင်ကြီးဖြစ်သွားပြီ၊ အပုပ်နံ့ တွေ ထွက်လာပြီ ဆိုပြီးတော့တောင် တချို့ တရားထိုင်သူတွေ တကယ်ကို အပုပ်နံ့ တထောင်းထောင်း နဲ့ လူသေကောင်လို ဖြစ်သွားတယ်။ စကားမစပ်...အရှင်ဝီရသူဟာ နောက်တော့ နိုင်ငံရေးအမှုနဲ့ ထောင်နန်းစံနေရတယ်လို့ ကြားတယ်။ ရဲဘော်တို့ ဆက်ပြီး စုံစမ်းလိုက်ကြဦး။ တန့် ကြည်တောင်ဘုန်းကြီးကို ဘယ်သူတွေ ကိုးကွယ်သလဲ။ ဒို့ ရဲ့ ရဲရင့်တဲ့ အရှင်ဝီရသူရော လွတ်မြောက်ပြီလား၊ အကျဉ်းစံနေတုန်းလား။ နိုင်ငံရေး နဲ့ ဒီကိစ္စ မနွယ်ဘူးဆိုတဲ့သူတွေ တော်တော်ရယ်စရာ ကောင်းတယ်။ ဗမာပြည်မှာ အစစအရာရာ ပျက်စီးနေတာ ဒီစစ်မိစ္ဆာ ဒိဌိတွေကြောင့်ပဲ။

လူသစ် said...

ငါ ခဏခဏ ပြောတယ်။ လူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် နိုင်ငံရေး လှုံ့ဆော်တာတွေ မလုပ်ပါနဲ့လို့။ အခု ဗီဒီယိုက နိုင်ငံရေးနဲ့ ဘာဆိုင်လဲ။ တန့်ကြည်တောင် ဆိုတာ ဗဟန်း မဟုတ်ဘုးကွ။ တောထဲမှာ ဒီတော့ အဲဒီနေရာက ပတ်ဝန်းကျင်က ကြမ်းတယ်။ အလေ့အထ မရှိသူတွေ များတယ်။ ဒီတော့ ဒီလို နေရာမှာ တရားစခန်းတွေ ဖွင့်ရင် ဒီလိုပဲ ဖြစ်တတ်ကြတယ်။ မင်း မသိရှာဘူးနော်။ တစ်ခုခု ဖြစ်တာနဲ့ ဒီအစိုးရကိုပဲ လက်ညှိုးထိုးဖို့ စဉ်းစားမနေနဲ့။ သူတို့ မကောင်းတာ အားလုံး သိတယ်။ စိတ်တည်ငြိမ်မှု အားနည်းသူတွေ ၊ စိတ်ဓါတ်တည်ကြည်မှု အားနည်းသူတွေမှာ တရား အားထုတ်ရင် ဒီလိုပဲ ဖြစ်တတ်ကြတယ်။ စိတ်ဓါတ် အင်အား နည်းတဲ့ အတွက်ကြောင့် ပတ်ဝန်းကျင်ရဲ့ အနှောင့်အယှက်တွေ ပေါ်လာတတ်တယ်။ ဒါကို ရမ်းတုပ် မနေနဲ့ကွာ။ မင်း ဘာမှ မသိတာ လူသိတော့ ရှက်ဖို့ ကောင်းတယ်။ မင်းတို့ လုပ်စားလို့ ရအောင် ပြည်သူတွေကို မှိုင်းမတိုက်နဲ့ ဟုတ်ပြီလား။ ဒါ သာသနာပြုနေတာ တစ်မျိုးပဲ။ ဒီလို ဝေးလံ ခေါင်းပါးတဲ့ နေရာမှာ ဒီလို တရားလိုက် မပြ ၊ တရား မပေးရင် အားလုံးက တခြား ခပ်ပေါ့ပေါ့ ဘာသာထဲ ရောက်သွားကြမှာပဲ။ ဒါကို မင်း နားလည်ထားစမ်းပါကွာ။

Anonymous said...

တော်တော် စိတ်ပျက် ဖို့ ကောင်းတယ်။ မိုးသီးဇွန် တရား မထိုင် ဘူးတာသက်သေ ပြတာပဲ။ ကိုသေသေခြာခြာ ကောနားလည် ရဲ့လား။ တစိတ်ရှိ စစ်အဆိုးရ ဆိုပီးလက်ညိုးထိုး ခြင်နေတာခက်တယ်။ ဒါဟာ..အာဏာရှင်စနစ်နဲ့လည်းမဆိုင်ဘူး။.. စိတ်မနှံ့တဲ့သူတွေကို စုပေးထားတဲ့နေရာလည်းမဟုတ်ပါဘူး။.. ဒါဟာ တရားစခမ်း တိုင်းမှာ ရှိကျတယ်။ ဒါကို တကယ် တရားထိုင် ဘူးတဲ့ သူ အားလုံး သိကျတယ်။ မိုးသီးဇွန် မသိတာ အံ့စရာတော့ မဟုတ်လောက်ဘူး။ သူက ဘယ်တရားစခန်းမှ မဝင်ဘူးပူး စိုတာသက်သေပြတာပဲ။အဲဒီ လိုသေချာမသိ ပဲ ၊ တကယ်သိတက်တဲ့ ဆရာတော် တွေကိုလဲ မမေး ပဲ၊ ဟုတ်လှပီထင်ပီး ပြောတာ အင်မတန် ဆိုးဝါးလွန်းတယ်။ စစ်ဘီလူး တွေကိုတော့ သာသနာ ကိုဖျက်စီး တယ်လို့ ပြောတယ်၊ ဟုတ်တယ်သူတို့က သံဃာ တော် တွေကို သတ်တယ်၊တရားဟောတာတွေကိုလည်း ချုပ်ချယ်တယ်။ မိုးသီးဇွန် ကျတော့ သူမသိတာကို hallucination လို့စွတ်စွဲ တယ်၊ စိတ်မနှံ့တဲ့သူတွေ လို့ ပြောတယ်။ အဲဒါကကော သာသနာ ကိုဖျက်စီး ခြင်းတမျိုးပဲစိုတာ မသိဘူးလား။ တော်တော် စိုးတယ်။

Anonymous said...

တော်တော် စိတ်ပျက် ဖို့ ကောင်းတယ်။ မိုးသီးဇွန် တရား မထိုင် ဘူးတာသက်သေ ပြတာပဲ။ ကိုသေသေခြာခြာ ကောနားလည် ရဲ့လား။ တစိတ်ရှိ စစ်အဆိုးရ ဆိုပီးလက်ညိုးထိုး ခြင်နေတာခက်တယ်။ ဒါဟာ..အာဏာရှင်စနစ်နဲ့လည်းမဆိုင်ဘူး။.. စိတ်မနှံ့တဲ့သူတွေကို စုပေးထားတဲ့နေရာလည်းမဟုတ်ပါဘူး။.. ဒါဟာ တရားစခမ်း တိုင်းမှာ ရှိကျတယ်။ ဒါကို တကယ် တရားထိုင် ဘူးတဲ့ သူ အားလုံး သိကျတယ်။ မိုးသီးဇွန် မသိတာ အံ့စရာတော့ မဟုတ်လောက်ဘူး။ သူက ဘယ်တရားစခန်းမှ မဝင်ဘူးပူး စိုတာသက်သေပြတာပဲ။အဲဒီ လိုသေချာမသိ ပဲ ၊ တကယ်သိတက်တဲ့ ဆရာတော် တွေကိုလဲ မမေး ပဲ၊ ဟုတ်လှပီထင်ပီး ပြောတာ အင်မတန် ဆိုးဝါးလွန်းတယ်။ စစ်ဘီလူး တွေကိုတော့ သာသနာ ကိုဖျက်စီး တယ်လို့ ပြောတယ်၊ ဟုတ်တယ်သူတို့က သံဃာ တော် တွေကို သတ်တယ်၊တရားဟောတာတွေကိုလည်း ချုပ်ချယ်တယ်။ မိုးသီးဇွန် ကျတော့ သူမသိတာကို hallucination လို့စွတ်စွဲ တယ်၊ စိတ်မနှံ့တဲ့သူတွေ လို့ ပြောတယ်။ အဲဒါကကော သာသနာ ကိုဖျက်စီး ခြင်းတမျိုးပဲစိုတာ မသိဘူးလား။ တော်တော် စိုးတယ်။