Friday 29 July 2011

၈ လေးလုံး အခမ်းအနားဖိတ်ကြားလွှာ (နယူးယောက်မြို့)

 နေ.စွဲ- July 29, 2011
၁၉၈၈ ဒီမိုကရေစီပြည်သူ့ အရေးတော်ပုံကြီးသည် လာမည့် သြဂုတ် ၈ရက်နေ့တွင် ၂၃ နှစ်ပြည့်မည် ဖြစ်သည်။ သမိုင်းဝင် ပြည်သူ့အရေးတော်ပုံသည် ၂၃ နှစ်ကြာခဲ့သော်လည်း 
(အပြည့်အစုံကြည့်ရန် ခေါင်းစဉ်ကိုနှိပ်ပါ)

တိုင်းပြည်အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်တို့၏ ရက်စက်သည့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ယနေ့တိုင် ဒီမိုကရေစီရရှိရေး တောင်းဆိုတိုက်ပွဲ ၀င်နေရဆဲဖြစ်သည်။
ထို့ကြောင့် မြန်မာပြည်ဒီမိုကရေစီရရှိရေး နယူးယောက်ရှိ မျိုးချစ်ပြည်သူများ၊မြန်မာ့အရေးထောက်ခံသူ များသည်လည်းစုပေါင်းပြီး ၈ လေးလုံးနှစ်ပတ်လည်အခမ်းအနားတရပ်ကို နယူးယောက်မြို့တွင်ကျင်းပ ရင်း မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာ အသိပေးအပ်ပါသည်။
၂၃ နှစ်ပြည့် ၈ လေးလုံး အခမ်းအနားသို့ မိဘပြည်သူများ အနေဖြင့် အောက်ပါအစီအစဉ်အတိုင်း မည်သူမဆို ပူးပေါင်းနိုင်ကြောင်းလေးစားစွာဖိတ်ကြားအပ်ပါသည်။
အချိန် - သြဂုတ် ၆ ရက်၊ နေ့လည် ၂ နာရီမှ ၄ နာရီထိ
နေရာ - မြန်မာကောင်စစ်ဝန်ရုံး ၊ 10 East 77th Street, NY, NY (Madison နှင့် 5th Avenue ကြား)
ဆက်သွယ်ရန်
(၁) ဦးပညာဇောတ (၄၁၅) ၅၁၈ ၇၆၆၃
(၂) နေတင်မြင့် (၃၄၇) ၉၄၄ ၇၃၄၁
(၃) ရဲထွဍ် (၃၄၇) ၂၂၆ ၀၅၇၂
(၄) တင်မောင်အေး (၆၃၁) ၂၅၂ ၈၇၇၆
(၅) အောင်ခန့် (၅၁၆) ၈၀၈ ၁၅၁၅
"နယူးယောက်ကွန်မြူနီတီအင်အားစု"

No comments :