Friday 29 July 2011

ဘောပွဲ မှသည်- မှန်ကန်တဲ့ ထွက်ပေါက်ဆီသို့ 










ဘောလုံးပွဲကိုကြည့်ရင် လူတွေရဲ့ စိတ်က စစ်အုပ်ကို နာကျဉ်းမှုတွေကို မြင်နိင်တယ်။ လူတွေမှာ ထွက်ပေါက်မရှိတော့ ပဲပေါက်ကွဲမှု တခုခုဖြစ်လာနိုင်တာ ကိုပြနေတယ်။ ပြသနာက မှန်ကန်တဲ့ထွက်ပေါက်ဖြစ်ဖို့ တော့လိုပါတယ်။

စစ်ဗိုလ်ချုပ်တွေ၊ မက်ဇော်ဇော်လိုခေတ်ပျက်စီးပွားရေးသမားတွေ၊ လက်ကိုင်ဒုတ်တွေကိုလူတွေက စိတ်နာနေတယ်။ မုန်းနေတယ်။ ဒီတော့ ဘောပွဲမှာပရိတ်သတ်ရဲ့  ပေါက်ကွဲမှုက ...
(အပြည့်အစုံအတွက် ခေါင်းစဉ်ကိုနှိပ်ပါ)

အခြေအနေတဖက်စွန်းကို ရောက်သွားသလို ဖြစ်သွားပါတယ်။ တကယ်က ဘောလုံးပွဲ ပရိတ်သပ်ရဲ့  စိတ်ဓါတ်ကလည်း အားကစားစိတ်ဓါတ်ရှိဖို့ လိုတာကို ပြနေတယ်။

မီဒီယာတွေ ဘောလုံးသတင်းတွေကိုပဲတင်ပြနေပြီး ပရိတ်သတ်တွေကို စာရိတ္တမြင့် တင်ပေးတာတွေနည်း တယ်ဆိုတာကို ဒီနေ့ ဘောလုံးပွဲကပြလိုက်တာ ဖြစ်ပါတယ်။ အားကစားစိတ်ဓါတ်ဆိုတာ မြင့်မြတ်တဲ့စိတ်ပါ။ အရှုံးကိုလက်ခံနိုင်တာ။ ပြိုင်ဖက်ကိုလေးစား ရမယ်ဆိုတဲ့စိတ်ဓါတ်တွေ ဖြစ်ပါတယ်။

မြန်မာမရှုံးပါ။ မြန်မာတွေ မမိုက်ရိုင်းပါ။ ဒီခြေစစ်ပွဲကို ဘယ်လိုနည်းနဲ့မှ မနိုင်ဘူးဆိုတာ အားလုံးနားလည်ပြီးသားပါ။ အိုမန်ကို ရှုံးတယ်ဆိုရင်လည်း ကျေကျေနပ်နပ် လက်ခံကြမှာပါ။

ဒီပွဲမှာ ပြည်သူတွေဟာ စစ်အစိုးရအပေါ်မှာ ဘယ်လောက်ထိ ခံပြင်းနေကြသလဲ၊ နာကျည်းနေကြသလဲ ဆိုတာ မြင်နိုင်ပါပြီ။

ပြည်သူတွေဟာ ပေါက်ကွဲဖို့ အခွင့်အရေးရတာနဲ့ သူတို့ရဲ့ မကျေနပ်မှုတွေကို ဖေါ်ပြလိုက်ကြတာပါ။

ရန်ကုန်မြို့မှာ ဒီကနေ့ ကြာသပတေးနေ့မှာ ကစားခဲ့တဲ့ မြန်မာနဲ့ အိုမန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအကြို အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲမှာ ပရိသတ်တွေ ပြဿနာဖြစ်ခဲ့တာကြောင့် ပျက်သွားခဲ့ပါတယ်။ ပွဲကို ဆက်ကစားဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဆက်မကစားနိုင်တော့တဲ့အတွက် မြန်မာအသင်းဟာ ဒီပွဲကို အရှုံးပေးလိုက်ရပြီး အိုမန်အသင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲ တတိယအဆင့်ကို တက်သွားပါတယ်။

သူတို့ အဓိက မကျေနပ်တာက ရှုံးနိမ့်ခြင်းမဟုတ်။ လောကဓံဆိုတာ ဂျိုနဲ့လားလို့ မေးယူရလောက်အောင် လောကဓံ အထုအထောင်းခံထားရတဲ့ ကျွန်တော်တို့ လူမျိုးအဖို့ ဘောလုံပွဲ ရှုံးနိမ့်ခြင်းဟာ ဒီတခါတည်းမဟုတ်ပါဘူး။ ပရိတ်သတ်က အိုမန်အသင်းကို ရန်မပြုခဲ့ပါဘူး ။ မြန်မာဘောလုံးသမားတွေအပေါ်မှာလည်း မနာကျည်းခဲ့ပါဘူး။

သူတို့ တကယ်ခံပြင်းတာက လုံခြုံရေးတွေ တိုးမြင့်ချထားတဲ့အပေါ်မှာ ပေါက်ကွဲပြီး လက်တုံ့ပြန်ခဲ့ကြတာပါ။

အဓိကမကျေနပ်တာက စစ်အစိုးရကိုပါ ။ မြိုသိပ်ခဲ့ရတာတွေ များတော့ ပေါက်ကွဲမဲ့နေ့ကို စောင့်နေကြတာပါ။ ဒီအခါ ဘောလုံးကွင်းထဲမှာ အရှုက်ကွဲရတာက မြန်မာလူမျိုးရဲ့ ဂုဏ်သိက္ခါမဟုတ်ဘူး။ တကယ်အရှက်ကွဲရတာက စစ်အစိုးရပါ။

နအဖ နဲ့ ဇော်ဇော် က မြန်မာနိုင်ငံဟာ ကမ္ဘာ.အဆင့်မှီ ဘောလုံးပွဲတွေ လက်ခံ ကျင်းပပြီး ပြည်သူတွေကလည်း သူတို့အပေါ် ကျေကျနပ်နပ်ကြီး လက်ခံနေကြောင်း ခေတ်မှီ ဖွင့်ဖြိုးတိုးတက်နေပါကြောင်း ကမ္ဘာကို ပုံမှားရိုက်ပြီး ပြချင်တာပါ။ ဒါပေမဲ့ ပြန်ရလိုက်တာက ပြည်သူ့ရင်ထဲက အစစ်အမှန် မကျေနပ်မှုနဲ့ ပေါက်ကွဲမှုပါပဲ။

ဒီအဖြစ်အပျက်ဟာ ပြည်သူတွေ ရင်ထဲမှာ ဘာတွေခံစားနေရလည်းဆိုတာကို -ထင်ဟပ်စေပါတယ်။

အုံကြွမှုတွေ ဖြစ်တိုင်း လူထုကြီးဟာ အမြဲထိမ်းမနိုင်သိမ်းမရ အဖြစ်တွေ ဖြစ်ခဲ့ဘူးပါတယ်။ ဘာလို့လည်းဆိုတော့ မြိုသိပ်အောင့်အီးထားတဲ့ ဒေါသတွေဟာ ဘယ်လောက်တောင် များပြားနေသလဲဆိုရင် အသိစိတ်နဲ့ ထိန်းချုပ်ဖို့မေ့လျှော့သွားရလောက်အောင်ထိပါပဲ။

ဒီပွဲမှာ ကျွန်တော်တို့ မြန်မာတွေ မရှုံးပါဘူ ၊ သိက္ခါမကျပါဘူး ။ ရှုံးနိမ့်သိက္ခါကျရသူက လူတွင်ကျယ်လုပ်ချင်နေတဲ့ နအဖ နဲ့ သူ့ရဲ့စားဖား ဇော်ဇော်ပါ ။ ပြည်သူတွေကို သူတို့ လက်နက်နဲ့ လုပ်ချင်တိုင်းလုပ်နေတာကို အားမတန်လို့ မာန်လျှော့ထားပေမဲ့ တော်လှန်ဖို့ အခွင့်အရေးကြုံလာတာနဲ့ တော်လှန်ဖို့ အဆင်သင့်ပဲဆိုတာ ဒီပွဲက သက်သေပြနေပါတယ်။

“ရန်ကုန်တိုင်း ရဲမှူးကြီး အောင်သန်းရယ်၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ရယ်က ကွင်းထဲကို လှည့်ပြီးတော့ ပရိသတ်ကို လိုက်တောင်းပန်တယ်။ သူတို့နောက်မှာ ရဲလုံခြုံရေးတချို့ ပါတာပေါ့ဗျာ။ သူတို့ကိုပါ ပရိသတ်က ပစ်တယ်။ တောင်းပန်လို့ မရတော့ဘူး။ နောက်တော့ ပရိသတ်က ဘယ်လိုဖြစ်လာလဲဆို ဖိနပ်တွေနဲ့ပစ်တယ်၊ နောက် ထီးတွေဘာတွေ ပါတယ်၊ ပစ်တာ။ ရှိတာနဲ့ အကုန်ပစ်သလို ဖြစ်တာပေါ့။ လေးဘက်လေးတန် ပရိသတ်ကြီးက ပစ်နေတော့ ပွဲက ၅ နာရီအတိမှာ ပွဲဖျက်လိုက်ရတယ်။”

ပြည်ပဖိအားလျှော့ကျရေး အာဆီယံ ဥက္ကဌ ဖြစ်ရေးတွေ ကျိုးပမ်းနေချိန် မှာ ဒီအဖြစ်အပျက်ဟာ နအဖကို နှာခေါင်းသွေး ထွက်စေခဲ့ပါပြီ။

ပြည်သူတွေ ရင်ထဲမှာ နအဖကို ဘယ်လောက်ထိ ခံပြင်း နာကျည်း ဒေါသတွေ ထွက်နေသလဲဆိုတာ ဒီဘောလုံးပွဲက သက်သေပြနေပါတယ်။ မြန်မာမရှုံးပါ။

မြန်မာ = ၃ : နအဖ = ဝ

ရဲသူရိန်မင်း

29.07.2011

5 comments :

Anonymous said...

ဟားဟား ပြည်သူတွေရဲ့ အသံကို နားထောင်ကြည့်ပါအုံးကွာ။ မင်းတို့ ပိုက်ဆံရဖို့ အရေး ငါတို့ကိုတွန်းမထည့်ပါနဲ့. ငါတို့ နိုင်ငံသားတွေ ခံစားနေရတဲ့အချိန်မှာ မင်းတို့ နိုင်ငံခြားမှာနေပြီး အဓိပယ်မဲ့ စကားတွေနဲ့ ညာချဖို့မကြိုးစားပါနဲ့. ငါတို့ဘဲ လှောင်ပိတ်ပြီးနေနေရတာပါ.ဆိုးသွမ်းရိုင်းဆိုင်းတဲ့သူတွေကို မလုပ်သင့်ဘူးမဖြစ်သင့်ဘူးဆိုတာသိရက်နဲ့ မြှောက်ပေးနေတာ မင်းတို့မှာနိုင်ငံနဲ့လူမျိုးပေါ်မှာ သစ်စာမရှိဘူးဆိုတာပေါ်နေတာဘဲ..ဒါဆိုရင်မင်းတို့ အစိုးရကို တော်လှန်ဖို့ ဒီလူတွေကို လမ်းမပေါ် ထွက်လာအောင်စည်းရုံးကြည့်ပါအုံး

Anonymous said...

that is right.
I thought the croud isn't angry those both players and the game.
but they might angry the police.
so what all happened on that day is only responsible by MAX ZAW ZAW & his own police department.

Anonymous said...

အစိုးရကိုမကျေနပ်တာကတပိုင်းပါ... ဒါပေမဲ့ ဒီပွဲဟာကမ္ဘာ့ဖလားခြေစစ်ပွဲ၊ မြန်မာက တခြားတိုင်းပြည်ကိုဧည့်ခံရတဲ့ပွဲ ဖြစ်တဲ့အတွက် စည်းကမ်းရှိဖို့လိုပါတယ်။ ဒီဖြစ်ရပ်ဟာ အင်မတန်မှ အကျည်းတန်ပြီး တိုင်းပြည်နဲ့ပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်။ မကျေနပ်မှုတွေကို ပေါက်ကွဲမယ်ဆိုဦးတော့ ဒီလိုကမ္ဘာတဝှမ်းမှာ ကျင်းပတဲ့ပွဲတွေမှာ မဖြစ်သင့်ပါဘူး။ အထူးသဖြင့် တဖက်အသင်းနည်းပြကို ထိခိုက်ဒဏ်ရာရစေတဲ့ဖြစ်ရပ်က ယဉ်ကျေးတယ်၊ ပျူငှာတယ်၊ ဧည့်ဝတ်ကျေတယ်ဆိုတဲ့ မြန်မာ့ဂုဏ်ကို ညှိုးနွမ်းစေပါတယ်။ တဖက်အသင်းကကြည့်မယ်ဆိုရင်လည်း ကျနော်တို့ရဲ့မကျေနပ်ချက်တွေထက် မြန်မာတွေ စိတ်ဓာတ် ညံ့ဖျင်းတယ်၊ မိုက်ရိုင်းတယ်၊ စည်းကမ်းမရှိဘူးလို့ပဲ မြင်မှာပါ။ ဆင်ခြင်သင့်ပါတယ်ဗျာ။

Anonymous said...

ဘောလုံးပွဲပြည်တဲ့ လူထုကြီး တာဝန်ကျေပါတယ်။ စစ်အုပ်စု ဘာပဲလုပ်လုပ် မျက်နှာပန်းမလှလေ ကောင်းလေပဲ။ စစ်အုပ်စုက လူထုကို သူတို့လက်ထဲမှာ ငြိမ်ဝပ်ပိပြားပီး သိပ်ပျော်နေတယ် ထင်နေကြတာ။

Anonymous said...

ကြားတာတော့ ရဲတွေကို -ီး ဘဲ ဆိုတာ ကြားမိတာဘဲ။
နောက်ထပ်တင်လိုက်တဲ့ ဗီဒီယို ကို ကြည့်ရတော့ အဖြေက ရှင်းသွားတယ်။ သူတို့ စီမံခန့် ခွဲ မှု့ ညံ့ဖျင်းတာ၊ ၀န်ဆောင်မှု့ ညံ့ဖျင်းတာက ပေါ်လွင်နေတယ်။ လမ်းတွေကလည်း ရွံ့ ဗွက်တွေနဲ့ ညစ်ပက်လိုက်တာ။ ဒါတွေကရော ရှက်စရာထဲက တစ်ခု မဟုတ်ဘူးလား။
လာကြည့်တဲ့ သူတွေကို တံခါးမဖွင့်ပေးတာ တွေကရော ရှက်စရာ မဟုတ်ဘူးလား။ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာ (26 နှစ်+23နှစ် +...) လူတွေရဲ့ စိတ်ဓါတ်တွေကို စနစ်တကျ ဖျက်ဆီး ပစ်ခဲ့တာ တွေ အတွက် ဒီရလာဒ် က နည်းတောင် နည်းသေးတယ်။ အရင်းစစ်တော့ စစ်အစိုးရ ကြောင့်ဘဲ။ စစ်အစိုးရ ဆက်ပြီး အုပ်ချုပ် နေသရွေ့ ကတော့ ဒီ့ထက် အရာရာ မှာ ပိုဆိုးဖို့ ဘဲ ၇ှိတယ်။ ပိုကောင်းလာဖို့ လုံးဝ လုံးဝ မရှိပါ။