Sunday 10 July 2011

ဒဂုံမြို့သစ် စက်မှုဇုံက ယာခူဆာ ချစ်တီး (ပေးစာ)

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စက်မှုဇုံ (၃) မှ ခေတ်သစ် ချစ်တီးသူဋ္ဌေး ဦးမူသီး နှင့် အာဏာပါးကွက်သားများ ရမ်းကားပုံက ဦးမူသီး ဆိုသူမှာ အမှတ် (၁၉) ၊ ကင်းတားလမ်း၊ စက်မှုဇုံ (၃) ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပိုက်နှင့် သံဆိုင်ဖွင့်ထားပြီး စက်မှုဇုံတခုလုံးကို ၁၅% တိုးဖြင့် ငွေတိုးချေးစားနေသူ၊ ခေတ်သစ် ချစ်တီပေါ့၊ ဦးမူသီး ရဲ့ လက်စွဲတော်က အမှုအတွေ့ကြုံရင့်ကျက်ပြီး အာဏာပိုင်အဖွဲ့အစည်းများနှင့် အကျွမ်းတ၀င်ရှိနေသော ဥပဒေအရည် ကျို သောက်နေသည့် အမှတ် (၇) ၊ သံသုမာလမ်းသွယ် ၊ စီမံကိန်း (၂)၊ (၁၄) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် တွင်နေသည့် ဦးစိုးမောင် နှင့် လိုအပ်လျှင် လိုသလိုသုံးဘို့ ရေတပ်အရာရှိ အငြိမ်းစား အမှတ် (၃၂၃) ၊ စံပြ ၂ လမ်း၊ စံပြရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ ဦးသိန်းဝင်းကို အပါးတော်မြဲခန့်ထားပြီး (အပြည့်အစုံဖတ်လိုပါက ခေါင်းစဉ်ကို နှိပ်ပါ)

ထောင်ထွက်နဲ့ လူမိုက်တွေကိုလည်း အုပ်စုလိုက် လူမိုက်မွေး တပည့်မွေးနဲ့ ယခုလို ခြွေရံသင်ပင်းများဖွဲ့ကာ နေထိုင်လျက်ရှိပါတယ်။
ဦးမူသီး လောလေလတ်လတ်  ရမ်းကားပုံတခုကတော့ မောင်တင်လှ (အမှတ် (၁၈၆) ၊ ဆင်တဲလမ်း ၊ စက်မှုဇုံ (၃)၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်) ကို ၁၅% တိုးဖြင့် ငွေချေးခဲ့တယ်။ အတိုးမှန်မှန်မပေးနိုင်တော့ ရေတပ်အငြိမ်းစားနဲ့ ဦးသိန်းဝင်းနဲ့ ခြိမ်းခြောက်၊ စာချုပ်လက်မှတ်ထိုးခိုင်း၊ စာချုပ်လက်မှတ်ရတော့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက် မှုဇုံ (၃) ကော်မတီရုံးကို ဗိုလ်မှူးယူနီဖေါင်းနဲ့ ကိုတင်လှ ကို ပါးရိုက်ပြီးခေါ်လာတယ်။ မူလက ဇုံကော်မတီက မျှမျှတတ ညှိနှိုင်းပေးခဲ့လို့ လစဉ်အရစ်ကျပေးသွင်းပါမယ်လို့ ကိုတင်လှ က ၀န်ခံကတိရေးထိုးပေးခဲ့ပြီး၊ ပထမဆုံးလ ၁၂,၈၈၄၀၀ိ ပေးသွင်းခဲ့တယ်။
နောက်တော့ ဇုံကော်မတီအတွင်းရေးမှူး ဦးရဲမြင့်လှိုင် အပါအ၀င် ဇုံရုံးဝန်ထမ်းများ ဦးမူသီးရဲ့ အာဏာပါးကွက်သား များဖြစ်သွားကာ မူသီးရဲ့လက်ပါးစေ ကိုစိုးမောင်ကို တရားလိုထား ကိုတင်လှကို ၀န်ခံကတိအတိုင်း တပြားတချပ်မျှ ပြန်မပေးပါဘူးဆိုပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) ရဲစခန်းတွင် ပထမသတင်းပေးပြီး အမှတ် ၃၄၅/၂၀၁၁ ဖြင့် တိုင်တန်း ကြတယ်။ မူသီးရဲ့လက်ပါးစေ ဇုံကော်မတီအတွင်းရေးမှူးက ငွေးပေးသွင်းပြီးဖြစ်ကြောင်း ညှိနှိုင်းမှုမှတ်တမ်းကို ဖျောက်ဖျက်၊ ဇုံကော်မတီရုံး ၀န်ထမ်းများက အတွင်းရေးမှူးကို ကြောက်ရွံ့တော့ အားလုံး ရေငုံနှုတ်ပိတ် နေ နေကြ တယ်။ အတွင်းရေးမှူး ရဲမြင့်လှိုင် သတိလစ်သွားတာက ကိုတင်လှ ရဲစခန်းတွင် ငွေမပေးသွင်းသေးကြောင်း မဟုတ်မ တရားစွပ်စွဲချက်ကို သိရတဲ့အချိန်က ဇုံ ဥက္ကဋ္ဌဆီမှ ၁၂,၈၈၄၀၀ိ/ ပေးသွင်းခဲ့သော မှတ်တမ်း မိတ္တူတောင်းယူ ရရှိထား တာကို အကောက်ကြံတဲ့ အတွင်းရေးမှူးမသိရှာခဲ့။
ကိုတင်ဦး မှ ဇုံအတွင်းရေးမှူး ဦးရဲမြင့်လှိုင် ထံ ငွေပေးသွင်းခဲ့သော မှတ်တမ်းထောက်ခံချက် သွားတောင်းခဲ့သော် လည်း ဇုံအတွင်းရေးမှူးမှ မှတ်တမ်းမရှိ၍ မပေးနိုင်ကြောင်း ငြင်းဆိုသော်လည်း ဥက္ကဋ္ဌထံမှ ရယူထားသောမှတ်တမ်း မိတ္တူကြောင့် မသမာသော လက်ပါးစေ ဇုံကော်မတီအတွင်းရေးမှူး ဘူးပေါ်သလိုပေါ်မှာပါ၊ နောက်လူတွေ မခံစားရ အောင် အများအကျိုးအတွက် ၀ိုင်းဝန်းဖေါ်ထုတ် အရေးယူပေးကြပါ။
ဒါထက်ပိုဆိုးတာက မူသီးနှင့် စိုးမောင် က မူသီး ထံမှ ငွေချေးထားသူ ဒေါ်စန္ဒာဝင်း အမှတ် (၅၄၂)၊ မေတ္တာလမ်း၊ (၂၁) ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် နေအိမ်အတွင်းဝင်ရောက်ပြီး စာချုပ်တွင် ခြိမ်းခြောက်လက်မှတ် ထိုးခိုင်း၊ ငွေတိုးပမာဏမပါတာကြောင့် ဒေါ်စန္ဒာဝင်းမှ လက်မှတ်မထိုးတာကြောင့် ဆဲဆိုကြိမ်းမောင်း ရမ်းကားပြီး ပြန်သွား၊ ဒေါ်စန္ဒာဝင်း မှ ဒဂုံမြို့သစ် (တောင်ပိုင်း) ရဲစခန်းမှာ အမှုသွားဖွင့်လည်း စိုးမောင်နှင့် မူသီးမှာ အချုပ်မခံရဘဲ၊ ရပ်ရွာထဲမှာ နေမြဲအတိုင်း ဖြစ်နေပါတယ်။
အချုပ်အခြာအာဏာပိုင်အောက်က ယာခူဆာခေါင်းဆောင် မူသီးနဲ့ စိုးမောင် တို့က ၂၈-၆-၂၀၁၁ ရက်နေ့  နေလည် ၁၁ နာရီအချိန် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုံ ၂ ရှိ ဒေါ်စန္ဒာဝင်း ရဲ့ သမီး မမြတ်သန်းစိုး (ခ) အမူသာရဲ့ စား သောက်ဆိုင်ကို လူမိုက် ၁၂ ယောက် လွှတ်လိုက်ကာ ပိုက်ဆံမပေးဘဲ စားသောက်ပြီး ဖွင့်ထားတဲ့အမှု ပိတ်ပေး၊ ဦးမူသီး ရဲ့ အတိုးနဲ့ အရင်းငွေကို ၅-၇-၂၀၁၁ ရက်နေ့ နောက်ဆုံးထားမပေးရင် သတ်ဖြတ်ပစ်လို့ ခြိမ်းခြောက်ခဲ့၊ အာ ဏာပိုင် အဖွဲ့အစည်းတွေကို တိုင်တန်းသော်လည်း ယနေ့ထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။ ခေတ်သစ်ချစ်တီး ယာခူဆာ မူသီး နဲ့ အာဏာပါးကွက်သားတွေကို အမြန်ဆုံးအရေးယူနိုင်ဘို့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဖေါ်ပြ ပေးလိုက်ပါတယ်။

တရားဥပဒေသည် နစ်နာသူပြည်သူအတွက် ဖြစ်စေလိုသော
စက်မှုဇုံမှ လူငယ်တဦး
(www.naytthit.net)

7 comments :

Anonymous said...

ဘိုလိုလာရေးတဲ့ကောင် မင်းက ယာကူဇာလားကွ။
ယာကူဇာ ဆိုတာလဲ လီးပဲကွာ။ အုပ်စုနဲ့  အသင်းအပင်းနဲ့  လူပါးဝတဲ့ စောက်ကျင့်ချင်းတူလို့ ယာကူဇာလို့ ရေးတာဖြစ်တယ်ဆိုတာ ဖတ်ယုံနဲ့အသိအသာကြီး။ မင်းယာကူဇာဆိုလဲ လီးပဲ ဟေ့ကောင် ရှင်းတယ်နော်။
私のペニスを吸う....ヤクザになりたい

တာဝန် said...

I AGREE WITH YOU { YINN LAW WAN }!!!!
ANYONE WHO REALLY LOVE&HONOUR OUR MOTHER LAND BURMA MUST READ THIS LINK
SAVE IRRAWADDY BY(AUNG DIN)
http://www.maukkha.org/images/Magazines/save%20the%20irrawaddy.pdf

တာဝန် said...

http://2.bp.blogspot.com/-2BKznjBMy5U/ThkYKrDshvI/AAAAAAAAu3Q/Se-lF2HC12s/s1600/u%2Bba%2Bgyan3.jpg

တာဝန် said...

no matter who we are before,
we still have a chance to REPENT*
TO,
ALL OUR BROTHERS&SISTERS OF BURMA !!!!!!!!!!
TO SAVE NATURE
(IRRAWADDY RIVER,FOREST,GEMS&ETC)
IS OUR DUTY IF WE REALLY LOVE&HONOUR THE LAND WHICH WE BORN*
thanks

Anonymous said...

ဘိုလိုရေးတဲ့ ခွေမသာတွေ မင်တိုမိဘတွေက
မြန်မာနည်းမြန်မာဟန်နဲ လုပ်ပြီးမွေးထားတာကွ။

တာဝန် said...

တာဝန်ကိုယ်စီ

Anonymous said...

ကိုယ့်သမိုင်း ကိုယ်ရေးပါ၏
ကိုယ့်ပုံ ကိုယ်ကြည့်
ကိုယ့်ရဲ့ အကြောင်း ကိုယ်သိ
မုသား စကား ယုတ်ညံ့ သေးသိမ် ဆဲရေး စကား ပြောဆိုရန် သင်၏မိဘ မသင်ကြားခဲ့ပါ
မိဘ ၏ နာမည် မညစ်ပေ စေရန်
သင့်တာဝန် ဖြစ်ပါ၏

***YAMA MIN***
***YIN LAW WAN***