Sunday 10 July 2011

နိုးထ လာတဲ့ မလေးလူငယ်များ ရဲ့ မာဒေးကား ဆန္ဒ ထုတ်ဖော်ပွဲ



အပြည့်အစုံကြည့်လိုပါက ခေါင်းစဉ်ကို နှိပ်ပါ


















- မြတ်စိုး-
၇.၁၀.၁၁

မလေးရှား နိုင်ငံ ကွာလာမ်လာပူ မြို့ ရှိ မာဒေးကား ဘော်လုံးကွင်း ကို ချီတက်ဆန္ဒပြကြမယ်ဆိုတဲ့ မလေး လူငယ်ခေါင်းဆောင်တစ်ဦး ရဲ့ နိုင်ငံရေး စိမ်ခေါ်မှု အကြောင်းပါ။

သူ့နံမည်က ခါရီ (Khairy) ၊ မလေးရှား အတိုက်အခံ လူငယ်ခေါင်းဆောင်၊ ၀န်ကြီးချုပ်ဟောင်း ဘာဒါဝီရဲ့ သမတ်၊ စင်္ကာပူ မှာ အထက်တန်းပညာ ကို သင်ယူခဲ့ပြီး အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ တက္ကသိုလ်က နိုင်ငံရေး၊စီးပွားရေး ၊ ဒဿနိက ဘာသာ မဟာဝိဇ္ဖာဘွဲ့ ရခဲ့သူ၊ နိုင်ငံခြားရေး၊ သံတမန်ရေး မှာ အတွေ့အကြုံရှိတဲ့ သူ၊ မလေးလူငယ်များအတွင်းမှာ အောင်မြင်မှု တွေ လုပ်ဆောင်ပြပြီး ၊ ပြည်သူက အသိအမှတ်ပြုခံရ ကာ လူသိများလာခဲ့တဲ့ သူ၊ ၀န်ကြီးချုပ်ရုံးမှာလည်း တာဝန်ထမ်းဆောင်ဘူးခဲ့တဲ့သူ တယောက်ဖြစ်တယ်။ သူဟာ အသက် ၃၅ နှစ် သာရှိပါသေးတယ်။ သူ့ရဲ့ ပြောဆိုမှုတွေ က သူ့ရဲ့ ရင့်ကျက်မှု ကို ပြသနေတယ်။ ကိုယ့် ကို ကိုယ် ဦးဆောင်ခဲ့တယ်။ သူရဲ့ ဆန္ဒ၊ သူ့ရဲ့ အသံ ကို တကမ္ဘာလုံး က ကြားသိသွားပါပြီ။

သူ ဘာကြောင့် ဆန္ဒပြပွဲ ကို ဦးဆောင်ခဲ့သလဲ? ဘာကြောင့် ဆန္ဒပြပွဲ ဖြစ်အောင် လှုံ့ဆော်ခဲ့သလဲ?

"ရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိဘူး၊ တရားမျှတမှုမရှိဘူး။ ရွေးကောက်ပွဲ ဥပဒေများ ကို ပြင်ဆင်ရမယ် လို့ ဆိုတယ်။
မလေးရှား နိုင်ငံရေးဟာ အာဏာရ ပါတီ ရဲ့ နှစ်ပေါင်းများစွာ အကြမ်းဖက် ပြန်ပေးဆွဲ ထားခြင်းခံနေရတယ်။ မလေးရှား မှာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်လိုနေပါတယ် လို့ " သတင်းမီဒီယာမှာ ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။

ဘာသာရေးသမားတွေကို ကို ဘာသာရေးလွတ်လပ်ခွင့်ပေးပါ။
နိုင်ငံရေးသမားတွေ ကို နိုင်ငံရေးလွတ်လပ်ခွင့်ပေးပါ။
စီးပွားရေးသမားတွေ ကို စီပွားရေး လွတ်လပ်ခွင့်ပေးပါ။ ...လို့ သူက ဆိုတယ်။

ဆန္ဒပြမှု အပြီး

မနေ့ က မလေးရှားအာဏာရ အစိုးရ ကို ဆန့်ကျင်ဆန္ဒပြကြတဲ့ လူထုဆန္ဒပြပွဲကြီးမှာ လူပေါင်း ၁၆၀၀ ကို ရဲအဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ ဆန္ဒပြပွဲ ကို နှိမ်နှင်းခဲ့တယ်။ အတိုက်အခံတွေက တော့ တွေ့ဆုံဆွေးနွေးမှု နဲ့ အဖြေမရှာလျှင် ဆက်လက်ဆန္ဒပြမှုတွေ ကို ပြုလုပ်မယ်လို့ ပြောဆိုခဲ့တယ်။

ဆန္ဒပြပွဲမှာ အတိုက်အခံ အဖွဲ့အစည်းပေါင်းစုံ နှင့် လူတန်းစားပေါင်းစုံ ပါဝင်ခဲ့တယ်။ အိန္ဒိယ နွယ်ဖွား မလေးရှား၊ တရုတ်နွယ်ဖွားမလေးရှား ၊ မလေးလူမျိုး အပါအ၀င် ဘာသာပေါင်းစုံ က မလေးပြည်သူတွေ ဟာ အာဏာရ အစိုးရ ကို ဆန့်ကျင်ခဲ့ကြပြီး၊ ဆန္ဒပြ ပွဲမှာ ပါဝင်ခဲ့ကြတယ်။ ဆန္ဒပြသူတွေဟာ သူတို့ အဖွဲ့ ကို ကိုယ်စားပြုတဲ့ တီရှပ်များကို ၀တ်ဆင်ပြီး၊ လူငယ်များ က ဆန္ဒပြ ပွဲမှာ လူထုပါဝင်လာဖို့ ဖေ့စ်ဘုတ်၊ယူတူ့တွေ ကနေ လှုံဆော်ခဲ့ကြတယ်။

မနေ့ က မာဒေးကား ဘော်လုံးကွင်း ကို ချီတက်ဆန္ဒပြကြမယ်ဆိုတဲ့ လူငယ်ခေါင်းဆောင် Khairy နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကို ရဲအဖွဲ့ က ဖမ်းဆီးခဲ့တယ်။ သူဟာ ပါလက်စတိုင်း ပြည်သူများအား အစ္စရေး အစိုးရ ရဲ့ အနိုင်ကျင့်မှုတွေ ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သူ လည်း ဖြစ်တယ်။ သူဟာ သူပြောဆိုခဲ့တဲ့ အတိုင်း လူထု ကို ဦးဆောင်ပြီး၊ လူထုရှေ့မှာ မားမားမတ်မတ်ရပ်ပြ အဖမ်းခံခဲ့တယ်။

7 comments :

Anonymous said...

Ko Moe Thee,
I have some difficulty to write to you an email right now. Correct your posts. The red shirts are not Malay youth movement. They are members of UMNO staging demonstration against people's leader Anwar Ibrahim and Ms. Ambiga and their movement of "Clean Malaysia." Like Thailand, in Malaysia also yellow shirts are democracy movement.

Anonymous said...

ကိုမိုးသီး
ဒီခေါင်ဆောင်လုပ်နေတဲ့မလေးက မလေး မလေး အချင်းချင်း ဒလှန်လုပ်နေတာ မယုံရင်ရှေဆက်ကြည့် ၀န်ကြီးချုပ် နာဂျစ်နဲ့  စီးဝါးရိုတ်ထားတာ၊ အာဏ္ဏ၀ါ အဖွဲ့ ကို ပုံမှာရိုတ်ထားတာ ပြည်သူတွေမျက်စိ့လည်အောင်လို သတင်းသမားတွေမျက်စိ့လည်အောင်လို သူတို့ ရဲ့  အကွက့်က နာဂျစ် ပြုတ်ခဲ့ရင် ဒီမလေးကိုခေါင်ဆောင်တင်ပြီး သူတို့ ပါတီအာနာဆက်ကိုင်မယ် သဘေားပါ။

Anonymous said...

ကိုမိုးသီး
အနီရောင်ဝတ် လူငယ်တွေက အာဏာရပါတီ လူငယ်ခေါင်းဆောင်ပါ ဥပဒေ ကတော့ မြန်မာနိုင်ငံလို မဟုတ်ဖူး အားလုံးကို တပြေတညီတည်း ကိုင်တွယ်ပါတယ် အန်နဝါကိုရော ခါရီကိုရော ထိန်းသိမ်းတာပါ

Anonymous said...

မိုးသီးလျောက်ေ၇းနေတယ်..
အဲဒီလူငယ်ခေါင်းဆောင်ကဆန်ဒပြတဲ့သူတွေကို
ပြန်ကန့် ကွက်ဆန်ဒပြတာဟ..
.ပြောတာလဲဘာမှနားမလည်ပဲနဲ့ ကွာ..
သတင်းအတွက်တော့ကျေးဇူးပဲ

Mg said...

မလေးစကားနားမလည်ဘဲ..အရမ်းမရေးပါနဲ့ လို့ဘဲပြောပါရစေ..အရမ်းမှားနေလို့ပါ

Anonymous said...

နဲနဲ လေးတော့ လွဲနေတယ် .. လွဲလွဲလေး လည်း မကောင်းပါကွယ် .. ခိုင်ရီ က မလေး ကြံ့ဖွတ် .. ဗျ .. ဒွတ်ခပါဘဲ ... စွမ်းအားရှင်တွေ ကို တန်ပြန် ခေါ်လာတာ

Kane said...

ကိုမိုးသီးရေ
သတင်းတွေဖေါ်ပြပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။
ခိုင်ရီဂျမာလုဒင်(Khairy Jmaluddin, KJ) ဆိုတာ လက်ရှိအာဏာရ UMNO (အမ်နို လို့အသံထွက်) ပါတီရဲ့ လူငယ်ခေါင်းဆောင် UMNO Youth Leader ဖြစ်ပြီး၊ UMNO ဝန်ကြီးချုပ်ဟောင်းမဟာသီယာမိုဟာမက်ကိုဆက်ခံတဲ့ UMNO ကနေအာဏာရလာတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်းအဗ္ဗဒူလာဘာဒါဝီ (Ahmad Abdullah Badawi) ရဲ့သားမက်ပါ။ အဲဒီနေ့က KJ က Basih 2.0 (Electoral Reform Protest) ကိုတန်ပြန်ဆန္ဒပြတဲ့ Counter Protest ကိုဦးဆောင်တာပါ၊ Patriot စာတမ်းပါ အင်္ကျီအနီတွေဝတ်ထားပါတယ်။ Ambiga နဲ့ အတိုက်အခံခေါင်းဆောင် Anwar တို့ဦးဆောင်တဲ့အဖွဲ့က Basih 2.0 ဆန္ဒပြသူတွေက အင်္ကျီဝါတွေဝတ်တာပါ။ နောက်နေ့ UMNO ဝန်ကြီးချုပ်နာဂျစ်ရာဇက် အာဖျံကွီးထဲ မှာ KJ အကြောင်းထည့်ပြောပါသေးတယ်။ အောက်မှာ KJ ရဲ့ ဝီကီစာမျက်နှာလင့်ခ်ကိုပေးထားပါတယ်။
http://en.wikipedia.org/wiki/Khairy_Jamaluddin