Sunday 10 July 2011

သင့်ကို သင် ဦးဆောင်ပါ



အာရပ် လှိုင်း ကွာလမ်လာပူ သို့ ရိုက်ခတ် မှု အစ မှာ မလေးပြည်သူတွေ ကိုယ့် ကိုကိုယ် ဘယ်လိုဦးဆောင်ခဲ့သလဲ ဆိုတဲ့ ဗွီဒီယို အထောက်အထားလေးတခုပါ။ မလေးမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိကြပေမဲ့ မလေးပြည်သူတွေ ဟာ အတူတူရှိကြပါတယ်လို့ ပြောလို့ ရအောင် ဒီအထောက်အထားလေး က သက်သေပြနေတယ်။ တကိုယ်တော် ဆန္ဒပြသူ က အသက်အရွယ်ကြီးပေမဲ့၊ သူ့ရဲ့ သတ္တိ နှင့် ဆန္ဒထုတ်ဖော်မှု ကို မလေးပြည်သူတွေ ဂုဏ်ယူအသိအမှတ်ပြုခဲ့ကြတယ်။ သူဟာ အာဏာရ ပါတီ အား ဆန့်ကျင် လှုပ်ရှားမှု ကို ထောက်ခံခဲ့သူဖြစ်တယ်။ ဒီ ယူတူ့ ဗွီဒီယိုဟာ အင်တာနက်မှာ ပျံ့နှံ့နေသလို၊ မလေးပြည်သူတွေ ကြားမှာ ရေးပန်းစားလူပြောများ လာတဲ့ ဖြစ်ရပ်တခုဖြစ်လာခဲ့တယ်။

သူ့ လုပ်ရပ်က ဘာသင်ခန်းစာ ပေးလိုက်သလဲ….. သင့်ကို သင် ဦးဆောင်ပါ .. တဲ့ ။ အမှန်တရား အတွက် သင့် နောက်မှာ ပြည်သူတွေ ရှိပါတယ်ဆိုတဲ့ အချက်ပါပဲ။

3 comments :

Anonymous said...

မြန်မာပြည် မှာဆိုရင်တော့  ဆန္ဒပြတဲ့ သူရော ဓာတ်ပုံရိုက်တဲ့  သူတွေရော ပစ်သတ်ရိုက်သတ်ခံရ လို့  ရင်ခွဲရုံရောက်နေလောက်ပြီ

Anonymous said...

အာဏာရှင် လက်ပါးစေတွေရဲ့  စကားအရဆိုရင်တော့  ဒီအဖိုးကြီး အာဏာလိုချင်လို့ ပဲနေမှာ သမ္မတရာထူးလေးဘာလေးပေါ့  :P

Anonymous said...

အင်း...မြန်မာပြည်မှာတော့.တွေ့ ဆုံဆွေးနွေးရေးစာပွဲဝိုင်းကနေသာ စစ်မှန်တဲ့  ပြောင်းလဲမှု ရနိုင်မယ်ဆိုတာနဲ့ ကမ္ဘာမှာ ပေါ်ပေါက်နေတဲ့  လူထုအုံကြွမှုမျိုးမဖြစ်ရအောင် ထိန်းထားသလိုဖြစ်နေတယ်။