ဒေါ်အောင်ဆန်းစုကြည် က ကြပ်ပြေးတွင်ပြုလုပ်မည့်  စီးပွားရေး ဆီမီနာကို သွားရောက်တက် မည်ဟုသတင်းထွက်ပေါ်နေပါတယ်။ သူက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတွင်းရေးမှုး မဟုတ်ပဲ တသီးပုဂလိက အဖြစ်သာ သွားရောက်တက်မည်ဟုဆိုပါတယ်။ ဒီအပေါ်မှာသင့်ရဲ့ ထင်မြင်ချက် ကိုရေးချပါ။ မြန်မာ ၊ အင်္ဂလိပ်၊ ဘား ဂိလိစ်သုံးဘာသာစလုံး ဖြင့်ရေးသားနိင်ပါတယ်။
According to the sources, Daw Aung San Suu Kyi will attend the USDP government’s economic seminar at the Kyatpyay ( Nay Pyi Daw) . Her attendance would not be on behalf NLD but on her own. Our question in this case is, “what do you think of it?”
You can write in English, Burmese or Bagalish.
ထင်မြင်ချက်များကို ဖေါ်ပြပေးထားပါတယ်။ညစ်ညမ်းဆဲဆိုတာမဟုတ်တဲ့ ဆွေးနွေးချက်မှန်သမျှ တင်ပြပေးသွားမှာဖြစ်ပါတယ်။ WFWW
31 comments :
နောက်ဆုံး သူလဲ ဒီပုတ် ထဲက ဒီပဲ ပါပဲ ရှင်းရှင်းပြောရရင် ဗမာ့စရိုက် အစစ်အမှန် ပေါ်လာတာ သူလုပ်လို့ ဗမာပြည် မပြောင်းလဲနိုင်ဘူးဆိုတာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက် ကထဲက သိသာပါတယ် ပျော့ညံ့ လွန်းတယ် ရထားတဲ့ ဆုတွေ အားနာဖို့ ကောင်းတယ် ကမ္ဘာ ကလဲ ဗမာ ရပါစေတော့ ဆိုပီး ပုံအော ပေမဲ့ ဗမာ့ စရိုက် မှန်ကို မသိတော့ နပ်ပစ် ခံလိုက်ရတယ် အားမနာတမ်း ပြောရရင် နောက်နှစ် ၃၀၀ လဲ ဒီပုံစံ ပဲ ရှိနေအုံးမှာပဲ အသုံးမကျ တဲ့ အာဏာရှင် အစိုးရ နဲ့ အဖြစ်မရှိတဲ့ လူထု လုံးလည်ချာလယ် မုန့်လုံးစက္ကူ ကပ် ဖြစ်နေမယ် ဆိုတာသေချာပါ၏
တုံးတစ်ခုကိုရွှေ့ရာတွင်၊ နည်းပေါင်းစုံသုံးနိုင်ပါသည်။ အဓိကကတော့တုံးရွေ့ ဘို့ သာအဓိကဟုယူဆပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်၊ သူမ၏ကိုယ်ပိုင်ဘ၀ကိုစွန့် လွှတ်ခဲ့ပြီး၊ ပြည်တွင်းမှာဘဲအမာခံ၊ ကြံ့ ကြံ့ခံပြီးစွန့် လွှတ်အနစ်နာခံခဲ့တာသာဓကမို့ ၊ သူမအနေဖြင့် အစိုးရ၏ဆွေးနွေးပွဲကိုဘဲတက်တက်၊ သမ္မတရဲ့ အကြံပေးအဖြစ်ဘဲလက်ခံ၊ ကျွန်တော့်သဘောတစ်ခုထဲပြောရရင်၊ လုပ်သင့်ပါသည်။ ထောက်ခံပါသည်။ ရိုးရိုးလေးစဉ်းစားပြီး၊ ကျွန်တော်ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါသည်၊ အကယ်ရွေ့ ၊ ဒေါ်အောင်ဆန်းစုကြည်မဖိတ်ခေါ်ပါဘဲ၊ အန်အယ်လ်ဒီမပါဘဲနှင့်၊ လက်ရှိအစိုးရကအားလုံးမျှော်လင့်နေတာကိုအကုန်စွန့် လွှတ်လုပ်ကိုင်ခဲ့မည်ဆိုပါဆို့ ... လက်ခံနိုင်မလား၊ သိတ်သေချာတာတစ်ခုက၊ ကျွန်တော်တို့ အားလုံးတိုင်းပြည်တိုးတက်စေလိုတာသာပဓါနပါ.. ဘယ်သူပါမှ၊ ဘယ်အဖွဲ့ အစည်းပါမှမဟုတ်ပါ၊ ဒေါ်စုလဲ ဒီတိုင်းပြည်ကြီးအေးချမ်းဖို့ ၊ လွတ်မြောက်ဖို့ ရည်ရွယ်ချက်၊ အန်အယ်လ်ဒီမှလူကြီးများလဲဒီဆန္ဒအတိုင်း၊ လို့ ကျွန်တော်ယူဆပါတယ်၊ ယုံကြည်ပါတယ်.. လွန်ခဲ့တဲ့ကာလတွေမှာဖြစ်နေခဲ့တာတွေက၊ အစိုးရကလဲဒီအဓိကတုံးရွေ့ ရမဲ့ကိစ္စကိုမလုပ်၊ အန်အယ်လ်ဒီ နဲ့  ဒေါ်စုလုပ်တော့လဲ၊ အကောင်းမမြင်နဲ့ လမ်းပေါ်ပိတ်နေတဲ့တုံးရွေ့ ရမဲ့အစား၊ ဘေးနားမှာရပ်ရန်ဖြစ်၊ပြန်ချစ်နဲ့ အချိန်ကုန်ခဲ့တာမဟုတ်လား၊ အခုဒီတုံးကိုရွေ့ ကြဖို့ သူတို့ လက်တွေနဲ့ စကိုင်ကြပြီပေါ့၊ ဘာဖြစ်လို့ ကျွန်တော်တို့ ထပ်ပြီး အစိုးရကဟိုဘက်ကကိုင်၊ ဒေါ်စုကဒီဘက်ကကိုင်ဆို လုပ်နေအုံးမှာလဲ။ ယာလဲနွမ်းလှပြီ၊ ကြက်လဲပန်းလှပြီနော်..
မြန်မာပြည်ကောင်းစား ဖို. ဘယ်သူပဲလုပ်လုပ်လေးနက်စွာပဲ
ထာက်ခံပါတယ်၊ အပြစ်ပြောနေရမည်. အချိန်မဟုတ်တော.ပါ။ လက်တွေ. ဖြစ်အောင် အကောင်အထည်ထေါ်ဖို.ပဲလိုပါတယ်ခင်ဗျာ။
NLD အနေနဲ.လည်း ထောက်ခံသင်.တယ်လို. မြင်ပါတယ်။ စိတ်ဝမ်းကွဲတာ ဟာ မအောင်မြင်ခြင်းရဲ.အစပါ။
မြန်မာပြည်ကောင်းစားဖို. အရေးကြီးပါသည်။ NLD လုပ်မှ ဘယ်သူလုပ်မှ ဆိုတဲ. အစွဲ မရှိသင်.တော.ပါ။ မြန်မာပြည် ကောင်းစားဖို. ဘယ်သူပဲလုပ်လုပ် ထောက်ခံသင်.ပါသည်။ စိတ်ဝမ်းကွဲသည် ဆိုသည်မှာ မြင်.မြတ်သူတို. လမ်းစဉ်မဟုတ်ပါ။
ကျနော်အမြင်ကတော့ အစိုးရက ဒေါ်စုနဲ့ NLD ကြားမှာ သပ်သျှိုဖို့ ကြိုးစားတဲ့ ရေရှည် ဗျူဟာ ရဲ့ တစိတ်တပိုင်းလို့မြင်တယ်
အနဲဆုံးတော့ တချို့ လူထုကြားမှာ ဒေါ်စု နဲ့ NLD ဟာ မတူဘူးလို့ ကိုခွဲမြင်သွားလိမ့်မယ် ရေရှည် ကျရင် NLD ထဲကတောင် အစိတ်အပိုင်းအချို့ ကဒေါ်စုအပေါ်မှာ အမြင်မကြည်မလင်ဖြစ်လာနိုင်တယ်၊ ဒေါ်စု တက်ခဲ့ရင်
နိုင်ငံတကာအမြင်မှာအစိုးရ အတွက်အမှတ် ရစရာဖြစ်ပြီး နိုင်ငံတကာရဲ့ ကြိုဆိုတယ်ဆိုတဲ့ တုန့်ပြန်မှု့ ကိုရမယ်၊ အကယ်လို့ ဒေါ်စုဘက်ကငြင်းလိုက်ရင် ဒါဟာ အစိုးရဘက် က(တချိန်ကျရင်တွ့ဆုံဆွေးနွေးရေး မဖြစ်ခဲ့ရင်) ဒေါ်စုဘက်ကပျက်ကွက်လို့ထာက်စရာအကွက်တခုဖြစ်လာလိမ့်မယ်။
ဒီကိစ္စဟာ နောက်ကွယ်မှာသတိထားရမဲ့ မြှပ်ကွက်တွေပါတဲ့အတွက် NLD အတွက်အထူးသတိထားရမဲ့ ကိစ္စဖြစ်တယ်၊ ကျနော့်အမြင်တော့ ဖိတ်ကြားချက်တရားဝင်ထွက်လာလို့ ဒေါ်စုတယောက်ထည်း ကိုဖိတ်ရင်လဲ NLD အတွင်းမှာ အကျေအလည်ဆွေးနွေးပြီးမှ တက်သင့် မသင့် ဆုံးဖြတ်စေချင်တယ်၊ လက်ခံ ရင်လည်း လူထု ကိုကျေညာချက်ထုတ်ပြန်ရှင်းလင်းပြီးမှ တက်သင့်တယ်လို့ထင်ပါတယ်။
စစ်အုပ်စု အကျိုးရှိသော ရလဒ်သာ ထွက်လာမယ်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် အပြောင်းအလဲ လုပ်နိုင်သော အရည်အချင်း မရှိပါ။
I appreciate her decision whatever it is.Anyway,I feel that we have been cheated by Junta already. I can't imagine the next move. I prefer armed revolution against Junta.I strongly believe those beasts will not come to negotiating table.
အခုသွားတက်မှာကအလုပ်ရုံဆွေးနွေးပွဲအဆင့်(work shop) တခုဖြစ်တဲ့အတွက်အရေးပါတဲ့ အဆင့်တခုတော့မဟုတ်ပါ။ အစိုးရဖက်ကတော့ပြောပါမယ် အရေးကြီးတဲ့ဆွေးနွေးမှုအတွက်အသေးလေးတွေကစရပါမယ်လို့ပေါ့..။တခုသတိထားရမှာကယောင်ပြတွေ့ဆုံမှုလောက်ကို ဆက်သွယ်ရေးဝန်ကြီးလောက်အဆင့်နဲ့လုပ်မယ်၊ အရေးမပါတဲ့ အလုပ်ရုံဆွေးနွေးပွဲအဆင့်လောက်ကိုတက်ခိုင်းပြီးအစိုးရနဲ့ ဒိုင်ယာလော့ ဖြစ်လာတော့မလို မက်လုံးပြပြီး ပြည်ပဖိအားတွေကိုလျှော့ချ ပြီး အချိန်ဆွဲဖို့ရည်ရွယ်တာလဲဖြစ်နှိုင်ပါတယ် ဒေါ်စုကတိုင်းရင်းသားတွေနဲ့ပြည်တွင်းစစ်တွေရပ်ဖို့သူဝင်ပြီးဆွေးနွေးပေးမယ်လို့ပြောပြီးချိန်မှာပဲ ရှမ်းအဖွဲ့ဌာနချုပ်ကိုဝိုင်းထားတဲ့တပ်တွေပြန်ရုပ်သွားခဲ့တယ်။ ဒေါ်စုဝင်ပြီးလာမှာကိုမလိုလားတဲ့သဘောတခုလို့ကျနော်တော့မြင်လိုက်ပါတယ်။
ကျွန်တော့် အမြင်အရတော့ .. ကောင်းသောဖိတ်ခေါ်မှုဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ အမေစုအနေနဲ့ မြန်မာနိုင်ငံသားတွေအားလုံးအကျိုးအတွက် အကဲခတ်လေ့လာခြင်း အနေဖြင့်တက်ေ၇ာက်မည်ဟုထင်မိပါတယ်။ တစ်တိုင်းပြည်လုံး ငြမ်းချမ်းေ၇း ၊ ပြည်သူပြည်သားများဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် ဆွေးနွေးမည်၊ စောင့်ကြည့်မည်ဟုထင်ပါတယ်။ ကြိုဆိုပါတယ် ။
ကျေးဇူးတင်ပါတယ်။
မမဦး
စစ်အစိုးရအနေနဲ. ဒေါအောင်ဆန်းစုကြည်ကို အမျိုးသားဒိမိုကေ၇စိအဖွဲ.ချုပ်နှင်.ဖြစ်စေ-ပြည်သူလူထုနဲ.ဖြစ်စေ ခွဲထုတ်ချင်တဲ.သဘောထားလဲ ၇ှိနိုင်ပါတယ်။ ဒါပေမဲ. ဒေါ်အောင်ဆန်းစုကြည်အနေနဲ. သူ.ပါတီကိုသော်လည်းကောင်း-ပြည်သူလူထုကိုသော်လည်းကောင်း ဘယ်အကြောင်းကြောင်းမှ မထားခဲ.ဘူးဆိုတာ သေချာပါတယ်။
တွေးဆုံဆွေးနွေးေ၇းဖြစ်စဉ်၇ဲ.ပထမဆင်.အနေနဲ. အဖွဲ.၀င်အများသွားတာနဲ.နှိုင်းစာ၇င် ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲသွားတာက ပိုကောင်းပါမယ်။ အများနဲ. တယောက်တပေါက် ပြောဆိုမှာကို စစ်အစိုး၇လဲ ထဲ.တွက်ချင်တွက်မျာပါ။
ဒေါ်အောင်ဆန်းစုကြည် သွားတာဟာ ပါတီဝင်အားလုံးသွားတာနဲ.အတူတူဖြစ်သလို ပြည်သူအားလုံးသွားတာနဲ.အတူတူဖြစ်ပါလိမ်.မယ်။
တခါတ၇ံ ပြည်သူလူထု သဘောထားကို ခေါင်းဆောင်က လေးစားလိုက်နာ၇တာရှိနိုင်သလို တခါတရံ ခေါင်းဆောင် ဆုံးဖြတ်တာကိုလဲ ပြည်သူကလေးစားလိုက်နာ၇မှာပါဘဲ။
ထိတွေ.မှု မရှိ၇င် နားလည်မှုလဲ မရှိနိုင်ပါဘူး။
တချို.ကလဲ အဆင်.နှိမ်.ဖိတ်ခေါမှု ဆိုရင် လက်မခံသင်.ဘူးဆိုတာမျိုး ပြောကြ ဝေဖန်ကြတာရှိပါတယ်။ ကျမဆိုရင်လဲ မိတ်ဆွေတွေဆီဖြစ်စေ--ရန်သူတွေဆီဖြစ်စေ လိုအပ်လာရင် တယောက်ထဲ သွားသင်.သွားမိမယ်ထင်ပါတယ်။ ကျမတို.ဟာ ကျမတို.အားလုံးကို ကိုယ်စားပြုတယ်လို. ပြောနိုင်တဲ. ဒေါ်စုကို ယုံကြည်ကြရမျာ ဖြစ်ပါတယ်။
မမဦး
စစ်အစိုးရအနေနဲ. ဒေါအောင်ဆန်းစုကြည်ကို အမျိုးသားဒိမိုကေ၇စိအဖွဲ.ချုပ်နှင်.ဖြစ်စေ-ပြည်သူလူထုနဲ.ဖြစ်စေ ခွဲထုတ်ချင်တဲ.သဘောထားလဲ ၇ှိနိုင်ပါတယ်။ ဒါပေမဲ. ဒေါ်အောင်ဆန်းစုကြည်အနေနဲ. သူ.ပါတီကိုသော်လည်းကောင်း-ပြည်သူလူထုကိုသော်လည်းကောင်း ဘယ်အကြောင်းကြောင်းမှ မထားခဲ.ဘူးဆိုတာ သေချာပါတယ်။
တွေးဆုံဆွေးနွေးေ၇းဖြစ်စဉ်၇ဲ.ပထမဆင်.အနေနဲ. အဖွဲ.၀င်အများသွားတာနဲ.နှိုင်းစာ၇င် ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲသွားတာက ပိုကောင်းပါမယ်။ အများနဲ. တယောက်တပေါက် ပြောဆိုမှာကို စစ်အစိုး၇လဲ ထဲ.တွက်ချင်တွက်မျာပါ။
ဒေါ်အောင်ဆန်းစုကြည် သွားတာဟာ ပါတီဝင်အားလုံးသွားတာနဲ.အတူတူဖြစ်သလို ပြည်သူအားလုံးသွားတာနဲ.အတူတူဖြစ်ပါလိမ်.မယ်။
တခါတ၇ံ ပြည်သူလူထု သဘောထားကို ခေါင်းဆောင်က လေးစားလိုက်နာ၇တာရှိနိုင်သလို တခါတရံ ခေါင်းဆောင် ဆုံးဖြတ်တာကိုလဲ ပြည်သူကလေးစားလိုက်နာ၇မှာပါဘဲ။
ထိတွေ.မှု မရှိ၇င် နားလည်မှုလဲ မရှိနိုင်ပါဘူး။
တချို.ကလဲ အဆင်.နှိမ်.ဖိတ်ခေါမှု ဆိုရင် လက်မခံသင်.ဘူးဆိုတာမျိုး ပြောကြ ဝေဖန်ကြတာရှိပါတယ်။ ကျမဆိုရင်လဲ မိတ်ဆွေတွေဆီဖြစ်စေ--ရန်သူတွေဆီဖြစ်စေ လိုအပ်လာရင် တယောက်ထဲ သွားသင်.သွားမိမယ်ထင်ပါတယ်။ ကျမတို.ဟာ ကျမတို.အားလုံးကို ကိုယ်စားပြုတယ်လို. ပြောနိုင်တဲ. ဒေါ်စုကို ယုံကြည်ကြရမျာ ဖြစ်ပါတယ်။
if you think, she can work more than you for our Burmese people,please support her. If not.....
she will be doing what she think is right for everyone in Myanmar,
gooooooooooooooooooooooooooooood
100%goooooooooooooooooooooooood
that is right way.
going to final game
coming soon there is result
ဖိတ်တဲ့လူကဖိတ်တယ်။အပြုသောဆောင်တဲ့ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့သွားသင့်ပါတယ်။ ဆင်းရဲမွဲတေမှု့လျော့ချရေး ခေါင်းစဉ်အောက်ကနေပြီးတော့ ယုံကြည်မှု.တည်ဆောက်ရေးကိုကြိုးစားကြည့်တာပေါ့။
ဘယ်လိုအခြေအနေမျိုးနဲပဲဖိတ်ဖိတ် တိုင်းပြည်အရေးမိုကဒေါ်စုကအောက်ကျတယ်လို့ထင်မှာမဟုတ်ပါဘူး။ အဖြူရောင်နှလုံးသားနဲ့သွားမှာပါ။
ဘာတွေပဲဖြစ်လာဖြစ်လာ ကိုယ့်သမိုင်းကိုယ်ရေးကြတာပါပဲ။
သမိုင်းဆိုတာ ညာလို့မရနိုင်ပါဘူး ညာလို့ရလဲခနပေါ့။ သမိုင်းကြောင်းကောင်းကြပါစေ။
သွားသင့်ပါတယ်။ ငြိမ်းချမ်းရေးယူတဲ့ သဘော သက်ရောက်သလို မိမိယူဆချက်ကို တရားဝင်ထုတ်ဖေါ်ပြသရာလည်း ရောက်ပါတယ်။အများကောင်းကျိုးလုပ်တာ ဖြစ်လို့ နိုင်ငံရေးဆိုတာ တခါတလေ အလျှော့ပေးရပါတယ်။ တစ်ယောက်ကောင်းလုပ်တာနဲ့ စုပေါင်းလုပ်တာ အောင်မြင်မှုချင်းလည်း ကွာပါတယ်။
ဒေါအောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူအများစုကို ကိုယ်စားပြုသူဖြစ်ပါတယ်။ စစ်အစိုး၇အနေနဲ.ဒေါ်အောင်ဆန်းစုကြည်ကို NLD ကဖြစ်စေ-ပြည်သူလူထုဆီကဖြစ်စေ ခွဲထုတ်သွားချင်ပေမဲ. ဒေါအောင်ဆန်းစုာကည်ကတော. သူ.ပါတီကိုေ၇ာ ပြည်သူတွေကိုေ၇ာ ထား၇စ်ခဲ.မယ်လို. မထင်မိပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ. စစ်အစိုး၇ ကိုယ်စားလျယ်များဘယ်ပုံစံနဲ.ဘဲ ထိတွေ.ဆက်ဆံသည်ဖြစ်စေ ထိတွေ.ဆက်ဆံမှု၇ျိမှသာ နားလည်မှုတိုးတက်မှာ ဖြစ်ပါတယ်။ ကျမတို.အားလုံး --မြန်မာနိုင်င့သားအားလုံး ပြောင်းလဲ သင်.တာကတော.
၂ဘက်လုံးက တဦးကိုတဦး ၇န်သူလို. ၇ှုမြင်မှုကို ပြောင်းလဲနိုင်၇မှာ ဖြစ်ပါတယ်။
ဒိလို ပြောင်းလဲ နိုင်ဘို. ကျမတို. ပြည်သူလူထုအတိုက်အခံများက စပြီး သဘောထားကြိးကြောင်းပြသသင်.ပါတယ်။ အခု ပထမဆင်.အနေနဲ. ဒေါစုက စစ်အစိုး၇ဖိတ်ခေါ်မှုကို လက်ခံခဲ.၇င် ဒါကို အားလုံးက လက်ခံပေးသင်.တယ်။
တခါတရံမှာ အများ၇ဲ.သဘောထာိးကု ခေါင်းဆောင်က လက်ခံ၇တတ်ပြီး တခါတရံတော.လဲ ခေါင်းဆောင် ကကောင်းမယ်ထင်လို. လုပ်တာက အများက လက်ခံသင်.ပါတယ်။
ငါတို့ ရဲ့ ခွပ်ဒေါင်း မောင် မယ် များ
ှ(အလုံးစုံသောနိုင်ငံရေးပုဒ်မတပ်ကာ ဖိနှိပ်ဖမ်းဆည်းခံ တိုင်းပြည် ၏ အာဇာနည် များ)
ထောင် တွေ အသီးသီး များ မှ
လွတ်မြောက်ပါရစေ အောင်
သူမ မဆောင်ရွက်သေး ပါက
သူမ ဘာပဲ လုပ်လုပ်
ိမိုးသီးဇွန် ဘာပဲလုပ်လုပ်
မယောင်ရာ ဆီလူး နိုင်ငံရေး သာ ဖြစ်ပါ၏
ပွဲတက် နိုင်ငံရေး သမား များ ကြောင့်  ၂၃နှစ်
အချိန်တွေလေ ခဲ့ ရလေ၏
ဖြုတ်ဦးနှောက် အဝေးရောက် ပညာမဲ့  ခွပ်ဒေါင်းအို
ပြည်သူတွေ ထောက်ခံမှုကြောင့် အခုလိုကမ္ဘာသိဖြစ်နေတာ အမှန်တကယ်ပြန်စဉ်းစားကြည့် လိုက် ပြည်သူအတွက်ဘာမှ လက်တွေ့ မလုပ်ပေးနိုင်သေးဘူး မိမိနံမည်ကြီးနေတဲ့ အပေါ်မှာသာသာပြီး စစ်အစိုးရအကြိုက်လိုက်လုပ်ပေးနေရတယ်။ မကြာခင် ပြည်သူတွေ ဒဏ်ခတ်လိမ့် မယ်။
ပြည်သူတွေ ထောက်ခံမှုကြောင့် အခုလိုကမ္ဘာသိဖြစ်နေတာ အမှန်တကယ်ပြန်စဉ်းစားကြည့် လိုက် ပြည်သူအတွက်ဘာမှ လက်တွေ့ မလုပ်ပေးနိုင်သေးဘူး မိမိနံမည်ကြီးနေတဲ့ အပေါ်မှာသာသာပြီး စစ်အစိုးရအကြိုက်လိုက်လုပ်ပေးနေရတယ်။ မကြာခင် ပြည်သူတွေ ဒဏ်ခတ်လိမ့် မယ်။
တချက်လောက်တော့ငယ့်ကြည့်သင့်ပါတယ်~~~~~~
ထောင်တွင်းရှိ အာဇာနည်များ လွတ်မြောက်စေရေးသည်
သူမ ၏ ပဓာန တာဝန်ပေလော
ိကျွဲပါးစောင်းတီး ၂၆+၂၃+???????=?????????
ဆက်လက် ကျွန်ခံရ မည်လော
သောတာပန် ဝိသာခါ မိန်းမမြတ် ပမာရေးသားခဲ့သူ
ဘလော့ဂါ အမျိုးသား/သမီး အပေါင်းတို့ 
အမေ အမေ အမေ ဟု
တကျော်ကျော် အော်ဟစ်နေကြသူ အပေါင်း တို့ 
ဖြေကြားပေးကြပါ
တချက်လောက်တော့ငယ့်ကြည့်သင့်ပါတယ်~~~~~~
ထောင်တွင်းရှိ အာဇာနည်များ လွတ်မြောက်စေရေးသည်
သူမ ၏ ပဓာန တာဝန်ပေလော
ိကျွဲပါးစောင်းတီး ၂၆+၂၃+???????=?????????
ဆက်လက် ကျွန်ခံရ မည်လော
သောတာပန် ဝိသာခါ မိန်းမမြတ် ပမာရေးသားခဲ့သူ
ဘလော့ဂါ အမျိုးသား/သမီး အပေါင်းတို့ 
အမေ အမေ အမေ ဟု
တကျော်ကျော် အော်ဟစ်နေကြသူ အပေါင်း တို့ 
ဖြေကြားပေးကြပါ
ba phit la hmar le?
... whatever she does , its all for the sake of the People 'n the country Burma ...pls dn't blame her
Why not?
Attending and observing doesn't hurt national conciliation. Burmese Government cannot invite NLD officially because NLD does not exist legally or technically.
I encourage her to attend or participate in that kind of movements seriously. What did you do something good for the country? Name one good result?
I admire her so much for her bravery.
She is in Burma not in England. Don't mess with our leader.
MPN
however she go there. she would do the right things for the first step to getting a goal for all of us.
I will never doubt on her because nobody would do like her, and also some people inside Burma. They all are very precious than us . Don't be jealous guys! Just trying to be like them.
I wrote once since yesterday but doesn't seem show up. mean you try to edit or censor something? So it may not result as our vision or opinion but just yourself.
လက်ခံပါ၏ ။ ငါ အာဏာရမှ ငါ အုပ်ချုပ်ရမှ ဆိုတဲ့ အာဏာရူးစိတ်ဓါတ်မရှိပဲ ငါ့တိုင်းပြည်ကောင်းအောင် ငါဘယ်လို ဘာလုပ်ပေးနိုင်မလဲ ကိုသာ တွေးပြီး လုပ်ကြဖို.လိုပါတယ် ။ ဗမာ့စရိုက် ဘာစရိုက် ခွဲခြားပြောတတ်တဲ့ နိမ့်ကျ နုံချာ စုတ်ပြတ် အောက်တန်းကျတဲ့ စိတ်ထား အကျင့်စရိုက် ပြုပြင်သင့်ပါပြီ ။ သို.မဟုတ်ပါက လူရာမဝင်ဖြစ်တတ်၏
ကျေးဇူးတင်ပါ၏
SV
"မှတပါး အခြားမရှိပြီ" ဆိုသလို ဒေါ်အောင်ဆန်းစုကြည်မှ လွဲ၍ မြန်မာနိုင်ငံတွင် အခြားသူမရှိပြီ ... ထို့ကြောင့် သင်မည်သို့ပင်ထင်ထင် သူမ၏ အတွေးအခေါ်ဖြင့် လုပ်မည့်လုပ်ရပ်အား ဝေဖန်ပိုင်ခွင့်မရှိပါ... သူမသည် သူမ၏ ပေါ်လစီဖြင့် ဆက်လျှောက်သွားမည်သာဖြစ်သည်... အကယ်၍ သင်မကြိုက်ပါက သင်ကိုယ်တိုင် သူမ၏နေရာသို့ အလျှင်ရောက်ရန် ကြိုးစားပါလော့...
အကြေအလည်ဆွေးနွေးပြီးမှ သွားသင့်တယ်ဆိုတဲ့လူ ကိုပြောလိုက်ချင်ပါတယ် ။ သည်အချိန်ထိရောက်လာပြီ အခြေအနေမှန်ကိုမသိသေးဘူး ။ ဘယ်သူကဒေါ်စုဆွေးနွေးချက်ကို အာခံရဲလို့ အဲသည်စကားပြောရတာလဲ ။ သူ့ဟာသူဆုံးဖြတ် ပစေပေါ့ သူ့ဆုံးဖြတ်ချက်ဟာ အင်အယ်ဒီဆုံးဖြတ်ချက်အဖြစ်လုပ်ပေးရစမြဲပဲမဟုတ်လား ။ အင်အယ်ဒီသည်ဒေါ်စုမဟုတ် ဒေါ်စုသည်သာ အင်အယ်ဒီဆိုတာ မသိဘူးဖြစ်နေပုံရတယ် ။ ဒေါ်စုလုပ်သမျှအားလုံးမှန် အားလုံးကောင်းပဲ လုပ်ကြဖို့ အချိန်....................
I don't think that there'll be any harm in Daw Suu attending the seminar as an individual. She can find out for herself what the seminar is all about. Is is just 'hot air' or are they serious about the economic state the country is in. So far, they don't have a good record on any front. Daw Suu should think hard for herself whether it will be worth attending. If you see the smoke from a distance, should there be a need to go and look at the fire itself?
Post a Comment