နေသစ်- ၈လေးလုံး ၂၃ နှစ်မြောက် မှာ ဘာပြောချင်လဲ။
မိုးသီး- ၈လေးလုံးဖြစ်ရတာဟာ စီးပွားရေးပျက်ကပ်ကြောင့်ပဲ။
တိတိကျကျပြောရင်တော့ ငွေကြေးအကြပ်ဆိုက်မှုကြောင့်ဖြစ်လာတာပဲ။ ၂၃ နှစ်အကြာမှ ဘာမှထူးခြားတိုးတက်လာတမရှိပဲတဖြေးဖြေးဆုတ်ယုတ်လာတယ်။
ဒါကြောင့် ၂၃ မှာပြောခြင်တာကတော့ မြန်မာ့စီးပွားရေးဟာ လုံးဝကို ပျက်ဆီးသွားပြီ။ ၈၈
ကနေ စတဲ့တော်လှန်ရေးဟာ ၁လေးလုံးမှာထပ်ဖြစ်ဦးမှာပဲ။ အောင်ပွဲခံအောင်လုပ်ကြဖို့ လိုတယ်။
နေသစ် - မြန်မာ
စီးပွားရေးပျက်တယ်လို့  ဘာကြောင့်ပြောနိင်သလဲ ။
မိုးသီး
- မြန်မာ့ စီးပွားရေး ကိုဖျက်ဆီးတာ စစ်ဗိုလ်ချုပ်တွေပဲ။ သူတို့ ကြောင့်စီးပွားရေးစနစ်က
ကိုလိုနီခေတ်ကထက်ဆိုးတယ်။ နလံလုံးဝကိုမထူနိင်တော့ဘူး ။ စီးပွားရေးပျက်ဆီးနေတဲ့အချက်ကို
ကြည့်ရင်
၁- သွင်းကုန်တွေ
မြင့်တက်နေတယ်။ ကိုယ်ပြည်တွင်းထွက် ကုန်ပစ္စည်းတွေက နည်းလွန်းနေတယ်။ မရှိသလောက်ဖြစ်နေတယ်။
၂- ဗဟိုဘဏ်က ပုဂလိက လုပ်ငန်းရှင်ကြီးတွေကိုပဲငွေချေးတယ်။
လုပ်ပိုင်ခွင့်တွေကိုပဲပေးနေတယ်။ ဒီတော့ငွေဖေါင်းပွမှုဖြစ်လာတယ်။ ငွေ တွေအများကြီးက လူတစုလက်ထဲမှာ လူတွေအများကြီးရဲ့ လက်ထဲမှာ ငွေနည်းနည်းလေး ပဲရှိတယ်။ ဒီတော့ ၀ယ်လိုအားတွေလှိမ့်ကျသပေါ့။
၃- နိင်ငံခြားကသွင်းလာတဲ့ကုန်ကိုပဲလူတွေကမှီခိုနေရတယ်။
( ဈေးချိုမယ်၊ကွာလတီကောင်းမယ်) ပြည်တွင်းထုတ်ကုန်ကလည်းဘာမှမရှိတော့သလောက်ဖြစ်လာတယ်။
ပြည်တွင်းဈေးကွက်သေတယ်။
၎- ပြည်ပကသွင်းကုန်တွေကိုပဲ
ပိုဝယ်နေကြတော့ ပြည်တွင်းဈေးကွက်မှာငွေလည်ပတ်မှုနည်းလာတယ်။နောက်တခုက လူတွေက ငွေစက္ကူကို
လက်မှာထားတယ်။ ဘဏ်တွေမှာအပ်တာနည်းလာတယ်။ ဘဏ်တွေကိုလဲလူတွေကမယုံကြဘူး။ ဒီတော့ငွေလည်ပတ်မှုပုံမှန်မဖြစ်တော့ဘူး။
၅-တဖက်မှာ
ဒေါ်လာက ငွေကြေးဈေးကွက်ထဲကိုလှိမ့်ဝင်နေတယ်။ ဒီတော့ ဒေါ်လာဈေးကျ၊ မြန်မာ ကျပ်ငွေတန်ဖိုးတက်လာတယ်။
ဒီတော့ကုန်သွယ်ရတာဟာအမြတ်နည်းလာတယ်။
၅- ဘဏ်တွေက
လုပ်ငန်းရှင်အသေးစားတွေကိုငွေချေးတာနည်းလွန်းနေတယ်။ လုပ်ငန်းသေးလေးတွေသေသလိုဖြစ်လာတယ်။
ဒီတော့အလုပ်လက်မဲ့ပြသနာကိုရင်ဆိုင်လာရတယ်။
၇- ငွေကြေးမဟာဒယားဖေါင်းပွလာတယ်။
ကုန်ဈေးနှုန်းတွေအဆမတန်တက်လာမယ်။ဥပမာ- ရွေဈေးတွေအဆမတန်တက်မယ်။ မြေဈေးတွေအဆမတန်
တက်နေတယ်။ ငွေကိုမယုံဘူးဆိုတာကိုပြနေတယ်။
တက်နေတယ်။ ငွေကိုမယုံဘူးဆိုတာကိုပြနေတယ်။
၈-ဈေးကွက်ကိုလက်တစုတ်စာလူတစုက
လက်ဝါးကြီးအုပ်ထားမှုနဲ့  လာဘ်စားမှု နေရာအနှံမှာဖြစ်နေတယ်။
၇- စစ်အုပ်စုရဲ
့ဖြေရှင်းနည်းက တော့ထုံစမ်းအတိုင်းလုပ်လာတယ်။ ဈေးကွက်ကို ထိမ်းချုပ်မယ်။ငွေစက္ကူတွေထပ်ရိုက်မယ်။
ဒီတော့ မှောင်ခိုဈေးကွက်ဖြစ်လာမယ်။ ဒီအချက်တွေက မြန်မာ့စီးပွားရေးကို ပြိုကျပျက်စီးနေပြီလို
့ညွန်းဆိုနေခြင်းဖြစ်တယ်။
No comments :
Post a Comment