Wednesday, 10 August 2011
ဦးသန်းရွှေရဲ့ နောက်ဆုံးနေ့ များ
ဦးသန်းရွှေရဲ့ နောက်ဆုံးနေ့ များ
 သန်းရွှေ က ဦးနေ၀င်းနဲ့ ဦးစိန်လွင်တို့ ကိုဘယ်လို့ လုပ်ကြံခဲ့သလဲ ။
ကိုမိုးသီးခင်ဗျား - 
ကျနော်ဟာမဆလ ပါတီခေတ်ကသမတကြီး ဦးနေ၀င်းအသိုင်းအ၀ိုင်း နဲ့  မကင်းသူတဦးဖြစ်ပါတယ်။ အခုကျနော်ပြောတဲ့အကြောင်းတွေက ဦးသန်းရွှေက ဦးနေ၀င်းနဲ့ ဦးစိန်လွင် ကိုဘယ်လိုလုပ်ကြံခဲ့သလဲဆိုတာတွေပါ။ တရားကျစရာကောင်းပါတယ်။ ဦးနေ၀င်းနဲ့ ဦးစိန်လွင်တို့ နောက်ဆုံးနေ့ တွေမှာ ကျနော်ဟာအနီးကပ်မှာရှိပါတယ်။
ဦးနေ၀င်းက ၈၈ဆူပူမှုကို စစ်တပ်ကိုနိမ်နင်းခိုင်းတယ်။ မဆလပါတီကိုဖျက်လိုက်ပြီး စစ်တပ်ထဲက သူစိတ်ချယုံကြည်တဲ့သူတွေကို အဏာလွဲပေးပြီးသူနောက်ကွယ်ကနေ ကိုင်နိင်ဖို့ စီစဉ်ခဲ့တယ်။ 
စစ်တပ်ထဲက အလားအလာရှိတဲ့ ဗိုလ် တွေကိုသူကြည့်တဲ့အခါမှာ
၁- ဗိုလ်ချုပ်စောမောင်
၂- ဗိုလ်ခင်ညွန် 
၃- ဗိုလ် သန်းရွှေ
၎- ဗိုလ်မောင်အေးတို့ ကို သူမြင်ပါတယ်။
ဗိုလ်စောမောင်ကို သူက တပ်မတော်ဦးစီးချုပ်ရာထူးခန့် တယ်။  ဗိုလ်ခင်ညွန်ကို အတွင်းရေးမှုးခန့် ပြီး ( စီမံခန့် ခွဲရေး၊၀န်ကြီးချုပ်လို ပါဝါမျိုးသူပေးခဲ့တယ်။ ) သူကို ဗိုလ်တင်ဦးနဲ့ ပြန်ကပ်ထားပြီးထိမ်းထားပြန်ပါတယ်။ သန်းရွေနဲ့ မောင်အေးကိုတော့တပ်ကိုကိုင်ခိုင်းပါတယ်။
၁ နစ် ၂ နှစ်လောက်ကြာတော့ ဗိုလ်စောမောင်က ကျမ္မာရေးချို့ ယွင်းပြီးအာနားပေးရပါတယ်။ ဒီတော့ ဗိုလ်သန်းရွေက စီနီယာအရ  န၀တ မှာ ဥက္ကဌ ဖြစ်လာတယ်။ မောင်အေးက တပ်ကိုကိုင်ရတယ်။ ဗိုလ်ခင်ညွန့် က အုပ်ချုပ်ရေးကိုကိုင်ရသူဖြစ်လာတယ်။ 
သူတို့ ဟာ ဦးနေ၀င်းကို ပုံမှန် အခစားဝင်ရပါတယ်။ ဦးနေ၀င်းက ခေါ်တိုင်းသူတို့ သွားရပါတယ်။
ပြသနာက ဦးနေ၀င်းက အသက်တဖြေးဖြေးကြီးလာတယ်။ ဒီအခါမှာသူတို့ ဟာခေါ်တိုင်းမလာတော့ဘူး။ ဗိုလ်ခင်ညွန့် တယောက်ပဲ  ခေါ်တိုင်းလာတာကိုတွေ့ ရတယ်။ ဗိုလ်သန်းရွေနဲ့  မောင်အေးက မလာကြတော့ဘူးဗျ။ ဒီအခါမှာအဖိုးကြီးနစ်ယောက်ဟာ တော်တော်ကိုစိတ်ဆိုးတယ်ဗျ။ ဒါပေမဲ့အာဏာ က သူတို့ နစ်ယောက်လက်ထဲမှာမရှိတော့ဘူး။ 
သန်းရွေ၊ မောင်အေး လက်ထဲကိုရောက်နေပြီ။ ခင်ညွန့် ကအရုပ်အဖြစ်ပဲရှိတော့တယ်။ တပ်မှမရှိပဲကိုး။ ဦးနေ၀င်း ခန့် ထားတဲ့ သစ္စာခံသူတွေကိုယ်ရံတော်တပ်တွေကို မောင်အေးအမိန့် နဲ့ ရုတ်သိမ်းပြီးသူတို့ သြဇာခံတဲ့တပ်ဖွဲ့ သစ်တွေနဲ့ အစားထိုးလိုက်တယ်။
ဦးစိန်လွင်ကတော်တော်ဒေါပွတယ်။ ဒါပေမဲ့ဘာမှလုပ်လို့ မရတော့ဘူး။ ဦးစိန်လွင်ကလဲ ဗေဒင်တွေယတြာတွေ ကိုသိပ်ယုံတယ်။ သိပ်လိုက်စားတယ်။ သူဘ၀တလောက်လုံးမှာဒါနဲ့ပဲအာဏာမြဲအောင်လုပ်နိင်ခဲ့တော့သူ့ ပညာကိုသူသိပ်ယုံတယ်။ 
ဒီတော့သူက သန်းရွှေနဲ့ မောင်အေးတို့ ဓါတ်ပုံတွေကိုယူပြီး  ဓါတ်ရိုက်ဓါတ်ဆင်တွေနဲ့  ဆုံးမပါသေးတယ်။ ဒါပေမဲ့ ဘယ်ရမလဲဗျာ။ ဟိုလူတွေက  တပ်ကို စီးခွင့်ရသွားပြီလေ။ သူတို့ ဆရာကြီးတွေကိုသူတို့ အာခံနေကြပြီ။ 
ဒီတော့ နောက်ဆုံးကြိုးပန်းတဲ့အနေနဲ့  ဦးနေ၀င်းနဲ့ ဦးစိန်လွင်က လုပ်ပါသေးတယ်။ ဒါကတော့ ဦးနေ၀င်းအသက် ၉၀ ပြည့်မွေးနေ့ ပွဲကိုဆီဒိုးနားဟော်တယ်မှာ လုပ်ခဲ့တယ်။  သန်းရွှေ၊မောင်အေး၊ ခင်ညွန့် တို့ ကိုဖိတ်တယ်။ သူတို့ လာရင် အာဏာသိမ်းဖို့ကြံတာပါ။ အာဏာသိမ်းဖို့ ကို ဦးနေ၀င်း သူသြဇာခံလူတချို့ နဲ့ ဦးနေ၀င်းမြေးတွေနဲ့ ပေါင်းပြီး စီစဉ်လိုက်တာပါ။ ဒါပေမဲ့ဟိုလူတွေကသိတော့ တယောက်မှမလာကြတော့ဘူး။ 
ဦးနေ၀င်းနဲ့ ဦးစိန်လွင်အကြံစည်ကို သန်းရွေနဲ့ မောင်အေးက သိလာတော့ သူတို့ ဦးနေ၀င်းကိုလျော့မတွက်ရဲတော့ပဲခပ်သွက်သွက်စီစဉ်ပါတော့တယ်။ ဦးနေ၀င်းမြေးတွေကိုဖမ်းလိုက်တယ်။  အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ထောင်ထဲကိုချလိုက်တယ်။ ဦးနေ၀င်းကို အကျယ်ချုပ်ထားလိုက်တယ်။ သူသမီးဒေါ်စန္ဒာဝင်းကိုလဲ သူအဖေနဲ့ ခွဲလိုက်တယ်။ ဦးစိန်လွင်က ဦးနေ၀င်းအိမ်ကိုသွားလို့ မရတော့ဘူး။  ဒါတွေကိုမောင်အေးအမိန့် နဲ့ လုပ်ခဲ့တော့ ဦးစိန်လွင်မိသားစုက မောင်အေးကိုသိပ်စိတ်နာပါတယ်။
နောက်တော့ ဦးနေ၀င်းသေပါတယ်။ သေတာဆိုတာထက် ပညာသားပါပါလုပ်ကြံလိုက်တာပါ။ အဖိုးကြီးက နှလုံးမှာစက်တပ်ထားရတယ်။ဆရာဝန်နဲ့ ပုံမှန်စစ်နေရတယ်။ အသက်က ၉၀ လေ။ ဒီတော့ ဆရာဝန်နဲ့ မတွေ့  ဆေးဝါးစောင့်ရှောက်မှုမပေးတဲ့အခါမှာဦးနေ၀င်းဟာသေရတော့တာပေါ့။ 
ဦးနေ၀င်းသေတော့မနက်အစောကြီး ဦးစိန်လွင်ပေါက်ချလာပါတယ်။ ဒါပေမဲ့စစ်သားတွေက သူကိုအိမ်ထဲကိုဝင်ခွင့်မပေးဘူး။ ဦးနေ၀င်းအလောင်းကိုကြည့်ခွင့်မပေးဘူးလို့ ဆိုတယ်။
ဦးစိန်လွင်ဒေါသတကြီးနဲ့ သန်းရွေမောင်အေးကိုဆဲဆိုပါတယ်။ အနီးက အိမ်တွေကပါကြားရပါတယ်။
ငါမွေးတဲ့မြောက်တွေက ငါကိုပြန်ချောက်နေပါလားကွ၊ မင်းတို့  ဘာကောင်တွေလဲဘာထင်တယ်ညာထင်တယ်ပေါ့ဗျာ။ စစ်သားတွေ  က ဦးစိန်လွင်ကိုကားပေါ်အတင်းပြန်တင်ပြီး ပြန်မောင်းထုတ်လိုက်ပါတယ်။  
နောက်တော့ ဦးစိန်လွင်ဟာအစာအိမ်ကင်ဆာဖြစ်လာတယ်။ ကင်ဆာရောဂါစတွေတော့ သူ့ သမီး ဒေါက်တာသန္တာလွင်က သူအဖေကိုစင်္ကာပူမှာသွားဆေးကုခွင့်တောင်းပါတယ်။ ဒါပေမဲ့သန်းရွေက ပယ်ချလိုက်ပါတယ်။ တိုတိုပြောရရင်တော့ဦးစိန်လွင်ဟာ  ဆေးရုံမှာ ကင်ဆာရောဂါနဲ့  သေခါနီးဖြစ်လာတယ်။  အခြေအနေအတော့ကိုဆိုးနေပြီ  သူသမီးက သူအဖေခံစားနေရတဲ့ရောဂါအတွက် နောက်ဆုံးဆေးကို ထိုးဖို့ ကြိုးပန်းပါတယ်။ ဒါကိုသန်းရွှေအမိန့် ကိုစောင့်နေရတယ်။ သန်းရွှေက ဆေးထိုးခွင့်မပေးဘူး။ နောက် ၂ ရက် ၃ ရက်ကြာမှဆေးထိုးခွင့်ပေးတယ်။ ဒါပေမဲ့ဆေးထိုးဖို့ ဆရာဝန်တဦးကို လွတ်လိုက်ပါတယ်။ ဒီအခါမှာ ဒေါက်တာ သန္တာလွင်က  ဆူဆူပူပူလုပ်တော့တယ်။  အဖေကို သူတို့ ဆေးထိုးတာမခံနိင်ဘူး။
ဗိုလ်ချုပ်ကြီးစောမောင်ကိုသူတို့ ဘယ်လိုလုပ်လိုက်တာ ကျမသိတယ် ။ စသဖြင့်ဆေးရုံထဲမှာ ရုမ်းရင်းဆန်ခတ်ဖြစ်လာပါတယ်။  နောက်ဆုံးမှာ ဒေါက်တာမျိုးသွယ်ရောက်လာပါတယ်။ ဒေါက်တာမျိုးသွယ်ဆိုတာက ဦးနေ၀င်းသားမက် လဲဖြစ်ဆရာဝန်ကြီးလဲဖြစ်တယ်။ သူက သန္တာလွင်ကိုနားချပြီး  သူကိုယ်တိုင်ထိုးပေးမယ်လို့ ဆိုလာပါတယ်။ ဒေါက်တာမျိုးသွယ်ထိုးတာကို ဦးစန်လွင်သမီး ဒေါက်တာသန္တာလွင်ကလက်ခံခဲ့တယ်။ဆေးထိုးပြီး နာရီပိုင်းမှာပဲ  မြန်မာ ပြည်ရဲ့  သမတဟောင်းဦးစိန်လွင်ကွယ်လွန်သွားခဲ့ပါတယ်။ 
ဒါတွေက သံဝေဂရစာရတွေပေါ့ဗျာ။  ဗိုလ်ချုပ်ခင်ညွန့် က ဒါတွေကိုအစအဆုံးသိပါတယ်။ သူကိုဖမ်းတုံးက ဦးသန်းရွေကိုသူပြောတာကိုလဲကျနော်မှတ်မိပါသေးတယ်။   ဒီလိုလုပ်ရပ်တွေက တပ်မတော်မှာ အစဉ်အလာဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ 
အခုလဲ တပ်ထဲမှာ ဗိုလ်ခှုပ်ဟောင်းတွေနဲ့ ဗိုလ်ချုပ်သစ်လေးတွေ  အာဏာလုပွဲတွေ ဖြစ်လာနေတာကိုကျနော်တို့ တွေ့ နေရပါတယ်။ ဦးသန်းရွေနဲ့ ဦးမောင်အေးတို့ ရဲ့ အားနည်းချက်ကတော့ ဘာမှမဟုတ်ဘူး သူတို့ အသက်ပဲ ဗျ၊ အသက်တွေကြီးလာကုန်ပြီလေ။ ဗိုလ်ချုပ်ဟောင်းကြီးတွေ ဗိုလ်ချုပ်အိုကြီးတွေ သူတို့ တယောက်ကိုတယောက်လဲမယုံကြပါဘူး။ ညဖက်ကိုအိမ်ပြောင်းအိပ်တာ၊  ရုပ်ဖျက်သွားလာနေကြတာတွေ ကျနော်တို့ လည်းကြားတာပေါ့ဗျာ။ 
ကြောင်အိုကြွက်မလေးဆိုသလို ၊သူတို့ ကို အာဏာသိမ်းမဲ့ သူတွေက လဲ တပ်မတော်ထဲကပဲဖြစ်မှာပါ။ 
 သန်းရွှေနဲ့ မောင်အေးကို ဦးနေ၀င်းနဲ့  ဦးစိန်လွင်တို့ က စိတ်ကြိုက်ရွေးတာနော်၊ စိတ်ကြိုက်၊ ခေါင်းခေါက်ပြီးရွေးထားတာ၊ ဒီလိုတွေကိုဦးနေ၀င်းဦးစိန်လွင်တို့ က ချီးနိင်သေးနိင်နိင်တာနော်။ အခု သန်းရွှေက မင်းအောင်လှိုင်ကိုရွေးသလို တွက်ပြီးရွေးခဲ့တာ။ အာဏာဆိုတာမျိုးကလဲ ခက်သားမရခင်သာ ဟုတ်ပါ့ဖရား လုပ်ကြတာ၊ ရလာတော့ ခွေးမသားဆိုပြီး ပြန်တော်လှန်တတ်တာကိုး။ ။ကျနော်အတွေအကြုံအရတော့ သန်းရွှေနဲ့ မောင်အေး ကိုကိုင်မဲ့သူက မင်းအောင်လှိုင် ပဲဖြစ်ဖို့ များတယ်။ 
သူတို့ ဦးနေ၀င်းနဲ့ ဦးစိန်လွင် ဆိုတဲ့ကိုယ်ကျေးဇူးရှင်တွေကိုလုပ်ခဲ့သလို သူတို့ ခံရတော့မဲ့ရက်က မြေကြီးလက်ခတ်မလွဲပါဘူး လို့် ကျနော်လောင်းဝံပါတယ်
အမည်မဖေါ်လိုသူတဦး
2 comments :
တာဝန် said...
မှန်ကန်သော သတင်းဖြစ်ပါ၏
ဖြစ်ရပ်မှန် ဖြစ်ပါသဖြင့်
မည်သူ
မည်သို့ 
မည်သည့် အချိန်
ငသန်း ငအေး စိတ်ကြိုက်မွေးထားသောမျောက်များထဲမှ
ကြမ္မာ ရဟတ် ဒဏ်ခတ် ခြင်း ကို
ရှောင် လွှဲ မရအောင် ခံစားကြရမည့်
နေဝင်ချိန် ရောက်နေကြပြီ ဖြစ်သော
ငသန်း ငအေး တို့  သေငယ်ဇော မြော နေကြမည် ကို
မျှော်~~~~~~~~
ငသန်း၏ သားမက်
ငအေး၏ မွေးစားသား မဖြစ်ခဲ့ရခြင်း အရတော်ပေစွတကား
Anonymous said...
Nay Win, Sein Lwin, Than Shwe
They all are same. All are the military gangsters who destroyed our country for 50 years.
The richest country in Asia becomes the poortest country in the world,conducting UNCOUNTABLE CRIMINALS TO CITIZENS.
In 1962, Nay Win started "make fire" in Burma.
The country is still burning with great momentum
His new generation,all military gangsters follow his style, system and policy for 50 years.
We do not interested how they die. It is better that they all die by killing one another.
What WE INTEREST is “HOW TO SAVE DEMOCRACY FIGHTERS WHO ARE CURRENTLY
IN PRISONS.”
And “HOW TO REGAIN BACK the DEMOCRACY in BURMA.”