Thursday, 4 August 2011

လူတွေရဲ့ ဒေါသ မော်တော်ပီကယ် ပေါ် ကျ

သြဂုတ်လ၃ရက်၊ နံနက် ၁၀နာ၇ီတွင် မြိတ်မြို့  ယဉ်ထိန်း၇ဲများအား အ၇ပ်သားများက ၀ိုင်းရိုက်လွှတ်သည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသည်။ ဖြစ်ပွားပုံမှာ မြိတ်မြို့၏ ထားဝယ်စု ၇ပ်ကွက်တွင်၇ှိ လမ်းဆုံတစ်နေ၇ာတွင် ယဉ်ထိန်း၇ဲများက ဦးထုပ်မဆောင်းသူများအား ဖမ်းသည့်​ကိစ္စက စတင်ခဲ့ခြင်း ဖြစ်ပါသည်။


ထိုသို ဖမ်း၇ာ အသက် ၂၀ ခန်ဝန်းကျင် ကောင်လေးနှစ်ယောက်စီးလာသော ဆိုင်​ကယ်အားဖမ်း၇ာတွင်
ကောင်လေးနှစ်ယောက်မှာ မောင်းပြေးသဖြင့် ယဉ်ထိန်း၇ဲတစ်ယောက်မှ ဆိုင်ကယ်အနောက်တွင် ထိုင်လာသောသူ​အား ဆိုင်ကယ်ပေါ်မှဆွဲချလိုက်၇ာ ထိုကောင်လေးသည် ဆိုင်ကယ်ပေါ်မှ အ၇ှိန်ပြ​င်းစွာ ကျကာ နာကျင်နေတုန်းတွင်ထို၇ဲမှာ သူရဲ့ ဦးထုပ်အဖြူအားချွတ်ကာ ထိုကော​င်လေးအား မနားတမ်း၇ိုက်၇ာ ဦးခေါင်းမှသွေးများ များစွာကျဆင်လာပါသည်။

ထိုဖြစ်၇ပ်အားမြင့်တွေသော ထားဝယ်စုအ၇ပ်သားနှစ်ဦးမှ ထိုကောင်လေးအားထိုသိုမပြုမူသင့်​ကြောင့်..
သွေးအလွန်ထွက်နေသဖြင့် ဆေး၇ုံပိုပေးသင့်ကြောင်းပြော၇ာ ထိုယဉ်ထိန်း၇ဲမှ မပိုပေးနိုင်ကြောင့် မကျေနပ်ပါက ၇ုံးတွင်လာေ၇ာက်ဖြေ၇ှ​င်းနိုင်ကြောင်း ပြောခဲ့သည်။ထိုအ၇ပ်သားနှစ်ယောက်သည်၇ပ်ကွက်အ​တွင်းသိုပြန်သွားကာ ၅ မိနစ်ခန်အကြာတွင်အ၇ပ်သား ၄၀ ခန့်လောက်ဖြင့် ဦးထုပ်ဖမ်းနေသော ထိုယဉ်ထိန်း၇ဲတစ်စုအား လိုက်၇ိုက်၇ာ ယဉ်ထိန်း၇ဲများ အပြေးကောင်းသဖြင့် လွတ်မြောက်သွားကြောင်းသိရပါသည်။

1 comment :

ကိုကြီးကျော် said...

ခင်ဗျားတို့ ကလည်း ထိအောင်တောင် မရိုက်လိုက်နိုင်ကြဘူး။ ကျနော်က ၀ိုင်းပြီးရိုက်များ ရိုက်လိုက်သလားလို့ ---ဟင်း