Friday, 5 August 2011

၈လေးလုံးလူထုလှုပ်ရှားမှုကြီး ဖြစ်ပွားခါနီးတိုင်းပြည်အခြေအနေ

၈၈ ကိုမမှီလိုက်တဲ့ လူငယ်လေးတွေအတွက် ဦးဇင်း မှတ်မိသလောက်ဝေငှလိုက်ပါတယ်။ 

 ၈၈ ဖြစ်ခါနီးထူးခြားတာတွေဖြစ်လာတယ်။  ၈၈ မဖြစ်ခင် ၁ နစ်ခန့် မှာ တောင်ကြီး
ပြို ပြည်ပျက်မြေထဲရောက် တဘောင် ပေါ်လာတာကိုတွေ့ ရတယ်။
တောင်ကြီးမှာ ရန်ဖြစ် ရာက ရဲ မှုးတယောက်သေ တယ်။ပြည်ပျက်ကတော့ ပြည်မှာ
မဆလ တိုက်ပေးတဲ့အတွက် ဗုဒဘာသာဘုန်းကြီးတွေ နဲ့ မူစလင်ဘာသာဝင်တွေခိုက်ရန်ဖြစ်ပွားတယ်။ မြေထဲ မှာ လည်း အလားတူဖြစ်ခဲ့တယ်။
 နောက်တော့  ရေ- မြေ- လေ- မီး ဘေးကပ်သင့်မှု ကြီးဖြစ်ခဲ့တယ်။

လေ နဲ့ ပတ်သက်တဲ့ အန္တရယ်

၁၉၈၈ မှာ လေယျဉ် နစ်စီးပျက်ကျမှုဖြစ်တယ်။ ခရီးသည်လေယဉ် က တူရွင်းတောင်ကို ၀င်တိုက်တယ်။ 

ရေ နဲ့ ပတ်သက်တဲ့အန္တရယ်

ရန်ကုန် သံလျင် ကူတို့ သဘောင်္ - တိုင်းလုံကျော်မှောက်တယ်။ လူတွေ ရာနဲ့ ချီပြီး ရန်ကုန်မြစ်ဝ  သေတယ်။ မြစ်ဝမှာရပ်ထားတဲ့ ဦးနေ၀င်းရဲ့ ဇိမ်ခံသဘောင်္က လုံးဝမကယ်ပဲ
ဒီတိုင်းကြည့် နေတယ်။  လူထုတွေ ဒေါသထွက်ရတယ်။ သဗာန်တွေနဲ့  တခြားသဘောင်္အစုတ်တွေက ၀င်ကယ်ကြရတယ်။ လူအနည်းငယ်ပဲ အသက်ရှင်တယ်။ဒီသဘောင်္မှောက်မှု့ ကြောင့် ရန်ကုန်တမြို့ လုံး ငြိမ်သက်သွားတယ်။ သဘောင်္ပေါ်က ခရီးသည်တွေ ရဲ့ ရေနစ်သေဆုံးပုံ ဖြစ်ရပ်တွေ နောက်ဆုံး လှုပ်ရှားမှုတွေက တခုပြီးတခုထွက်ပေါ်လာတယ်။

မီး နဲ့ ပတ်သက် အန္တရယ်

တာမွေအိုစု မီးကြီး၊တာမွေသမဆိုင်မီးကြီးလောင်ပြီးပြာကျ၊ ( မီးသတ်က သမဆိုင်နဲ့ ကပ်ရက်ရှိတယ်။ မီးသတ်ကမငြိမ်းဘူးကြည့်နေတတယ်။ စာရင်းဖျောက်တာလို့  လူတွေကပြောကြတယ်။ နောက်  ဦးချစ်မောင်ရပ်ကွက်မီးကြီး လောင်တာတွေဖြစ်တယ်။ 

ပေးပို သူ - ဦးသုမင်္ဂလ

No comments :