Wednesday 3 August 2011

ငြိမ်းချမ်းရေးလုပ်ဖို့ တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန် ရဲ့ အမြင်

နေ့သစ်
“ကိုမိုးသီးဇွန်ခင်ဗျား။ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနဲ့  တိုင်းရင်းသားတွေအကြား အပစ်အခတ်ရပ်စဲရေးလုပ်ဖို့  ငြိမ်းချမ်းရေးလုပ်ဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစောင်ထွက်လာပါတယ်။ နောက်ပိုင်း မှာ ပြည်တွင်းရှိ မြေအောက်ကွန် ယက်တွေကလည်း ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု တခုကို အထဲမှာ လုပ်ရင်ကောင်းမလားလို့ ဆွေးနွေးမှုတွေ ဖြစ်ပေါ် လာပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကိုမိုးသီးရဲ့ အမြင် ပြောပြပါလား”

မိုးသီးဇွန်
“ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုနဲ့ တိုင်းရင်းသားတွေကြား အပစ်အခတ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး လုပ် ဆောင်ဖို့ တိုက်တွန်းချက်ကို ကျနော် စင်္ကာပူကိုရောက်ချိန်မှာ ဖတ်ရတယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဒေါ် အောင်ဆန်းစုကြည်က အမြဲတစေအလေးထား မှုရှိတယ်လို့ ကျနော်တို့ သုံးသပ်နိုင်ပါတယ်။ ကရင်၊ ကချင်၊ မွန် တိုင်းရင်း သားလက်နှက်ကိုင်အဖွဲ့ တွေကို အမည်နာမတပ်ပြီး ပြောဆိုလာတာကလဲ ထူးခြားလာပါတယ်။ အရင်က ဒီလိုသုံးလေ့မ ရှိဘဲ ယျေဘုဆန်ဆန်ပဲ သူရည်ညွန်းလေ့ရှိတယ်။ သူက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွင်းရေးမှူးလို့ မဟုတ်တော့ ဘဲ တသီးပုဂ္ဂလိလို ထုတ်ပြန်လာတာကိုတော့ စိုးရိမ်တယ်။ ဒေါ်စုဟာ ဒီချုပ်ကနေ သီးခြားလှုပ်ရှားမှုတွေကို အထူးသတိ ၀ရိယရှိရှိ လုပ်သင့်တယ်လို့ အကြံပြုလိုတယ်။ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကို ပြည်တွင်းမှာလုပ်တာနဲ့ ပတ်သက်ပြီး စောနေတယ်လို့ ကျနော် မြင်တယ်။ အချိန်မကျသေးဘူး”

“ဘာဖြစ်လို့ အချိန်မကျသေးဘူးလို့ ပြောနိုင်ရတာလဲ ကိုမိုးသီး ခင်ဗျ”

ဘာဖြစ်လို့လဲဆိုတော့ … လူထုရဲ့ နိုင်ငံရေးအခြေအနေက ဒီလောက်မပေးသေးဘူး။ တချိန်တုန်းက ဆရာကြီးသခင် ကိုယ်တော်မှိုင်း တို့ ဆရာဒဂုံတာရာတို့ ဦးဆောင်ပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ လုပ်ခဲ့တုန်းက အခြေအနေမျိုး မဟုတ် ဘူး။ သူတို့ ခေတ်တုံးက အခြေအနေတစုံတရာ ရှိတာတောင်မှ သူတို့ လှုပ်ရှားမှုက အောင်မြင်ခဲ့တယ်လို့ ပြောလို့ မရခဲ့ ဘူး။ ပြည်တွင်းစစ်ဆန်ကျင်တဲ့ လှုပ်ရှားမှုတခုမျှသာ ဖြစ်ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးကြီးရအောင် မလုပ်နိင်ခဲ့ကြဘူး။
အခုလည်း အလားတူပဲ စစ်အုပ်စုက အပေါ်စီးကနေ ကျနော်တို့ကို ပိတ်စို့ကစားထားနိုင်တဲ့ အခြေအနေတွေကို သိဖို့ လို ပါတယ်”

“စစ်အုပ်စုက အပေါ်စီးက ပိတ်စို့ကစားထားနိုင်တဲ့ ဆိုတဲ့ အခြေအနေတွေ ဆိုတာကရော”

“အဲဒါတွေက …
ဖယ်ဒရယ်ကိစ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ ၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ၊ ၂၀၀၈ အခြေခံဥပဒေ ၊ ၂၀၁၀ ရွေး ကောက်ပွဲ စတာတွေဟာ လုံးဝအပေါ်စီးကနေ ပိတ်စို့တားဆီးထားနိုင်တဲ့ ကိစ္စတွေလို့ ကျနော် သုံးသပ်တယ်”

“ဒါပေမဲ့ စစ်အုပ်စုရဲ့  အဓိကအားနည်းချက်ကတော့ ပြည်တွင်း စီးပွားရေးပဲ ၊ စီးပွားရေးပျက်ကပ်ကို သူတို့ ပြန်လည် ဦး မော့လာအောင်ဘယ်လိုမှ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ ဒီအားနည်းချက်ကနေ ကျနော်တို့ တိုက်ပွဲဆင်ရမယ်”

“ဒါကြောင့် လူထုစားဝတ်နေရေး ပြသနာတွေကနေ လှုပ်ရှားမှုတွေကို ဖေါ်ထုတ်ရမယ်။ သန်း၅၀ သောပြည်သူတွေဟာ စီးပွားပျက်ကပ်ဒဏ်ကို ခံစားနေရတယ်။ သည်းခံနိုင်စွမ်း ကုန်ခန်းနေကြပြီ။ အာရပ်ကမ္ဘာကြီးက လူထုတိုက်ပွဲတွေရဲ့ အ ရင်းခံဟာလဲ စီးပွားရေးပျက်ကပ်ဒဏ်တွေ ဖြစ်တယ်။ မီးဖိုချောင်တိုင်း၊ လူတိုင်းရဲ့အစာအိမ်တွေမှာ တောက်လောက်နေ တဲ့ စစ်မီးက နယ်စပ်မှာဖြစ်နေတဲ့တိုက်ပွဲတွေထက် ပိုပြီးပြင်းထန်နေတယ်။ လောင်စာတွေနဲ့ ပြည့်နက်နေတယ်။ ဒီ လောင်စာတွေကို မီးရှို့ပေးရမယ်။ ဒီ မီးတောက်က စစ်အုပ်စုကို ပြာကျစေမယ်။ နယ်စပ်ဒေသဖြစ်နေတဲ့ တိုက်ပွဲတွေကို တကယ်ထိထိရောက်ကူညီပေးရာလည်း ဖြစ်လာမယ်”

“ဒါကြောင့် စားဝတ်နေရေးကြပ်တည်းမှု၊ အလုပ်လက်မဲ့ပြသနာ၊ အထွေထွေ လူမှုရေးအကြပ်ဆိုက်မှုတွေကို အခြေခံပြီး လူထုတိုက်ပွဲတွေ ဖေါ်ထုတ်ခြင်းတာသာလျင် ဒီနေ့ နိုင်ငံရေးမှာ မှန်ကန်ပြီတဲ့ လမ်းကြောင်း ဖြစ်တယ်”


No comments :