Wednesday 3 August 2011

Public Poll

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့ စည်းပြီးသောလည်း ၊ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်
လာသော်လည်းလူထုရဲပကတိဘ၀လူမှုရေး၊စီးပွားရေးအခြေအနေများမှာပိုမိုဆိုးဝါးလာသည်ကိုတွေ့ ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြန်လညိလွတ်မြောက်လာသောအခါ ဒေါ်စုအပေါ်လူထုမျှော်လင့်ချက်များ ပိုမိုးကြီးမားလာသော်ငြားလည်းအခြေအနေသစ်များတိုးတက်ဖြစ်ပေါ်လာခြင်းမရှိပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်အားမလိုအားမရဝေဖန်မှုများ
ဆွေးနွေးချက်များ လှုပ်ရှားတက်ကြွသူများ အတွင်း ပိုမိုပြောဆိုလာကြသည်ကိုတွေ့ ရပါသည်။ ဒါကြောင့်ကျနော်
တို့ အနေဖြင့် စာဖတ်သူတို့ သဘောထားကို သိလိုပါသည်။ လက်ဝဲဖက် ဘလောက်ထိပ်တွင် မိမိအမြင်ကို မဲပေး နိင်ပါသည်။

5 comments :

Anonymous said...

ကိုယ်လဲမလုပ်နိုင်၊လုပ်လဲမလုပ်ရဲ၊
လုပ်နိုင်တဲ့အရည်အချင်းလဲတစ်ခု
မှမရှိတဲ့သူတွေက....

အန်တီစုလိုမျိုးအသက်အရွယ်မ
ထောက်ထားဘဲ၊အသတ်ခံရမှာ
တောင်မစိုးရွံ့ဘဲ၊ပြည်တွင်းမှာ၊
ကြံ့ကြံ့ခံပြီးအနစ်နာခံဆောင်ရွက်
နေတဲ့အမျိုးသမီးတစ်ယောက်ကို...

ခင်ဗျားတို့ရဲ့အမေလောက်အသက်
ထောက်နေတဲ့မိန်းမတစ်ယောက်ရဲ့
ထမီစကိုဆွဲပြီးလိုက်ဖို့ဘဲစဉ်းစားနေတဲ့
သူတွေက...


အရှက်ကြောက်မရှိဘဲ၊မျက်နှာပြောင်
ပြောင်နဲ့ဝေဖန်ချင်ခဲ့ရင်၊ကိုယ်ဘာကောင်လဲ
ဆိုတာအရင်သုံးသပ်လိုက်ပါအုံး။

layaung said...

Rome wasn't built in one day, Please give more time. I truly believe in her leadership skill and she is leading in truthful way. One step at a time will make safer for all of us. I am not just believe in Daw Su alone, but also all the heroes who made sacrifices for achieving DEMOCRACY IN BURMA. I respect you all.

Anonymous said...

၈၈မှသည် ရွှေဝါရောင်ကာလများထိ လေးစားနား
လည် ခဲ့သော မိုးသီးဇွန်အား သည်ဘက်ပိုင်း
“ငါ့ဖျာစုတ်ကလေး ဘယ်မှာခင်းရပါ့” ဟု ပွဲခင်း အလယ်တွင် အရူးမီးဝိုင်း ဖြစ်နေသော အမယ်ကြီးအို သဘွယ် ဂယောင်ခြောက်ခြား လုပ်ရပ်များကြောင့် နားလည်ရခက်လာပါသည်။ အကြည်ညိုပျက်ချင် လာသည်ဆိုလျှင် ပိုမှန်ပါမည်။
ပြည်တွင်းမှာမနေရဲ၍တောထဲပြေး
တောထဲမှာမနေနိုင်၍ ပြည်သစ်ခိုသည်ကို ခွင့်လွှတ်နိုင်ပါသည်။ အသက်ငင်နေပြီဖြစ်သော တိုင်းပြည်အတွက် အလိုအပ်ဆုံးညီညွတ်ရေးကို ချိနဲ့သည်ထက်ချိနဲ့အောင်၊ နာလံမထူအောင်၊
အော်ကြီးဟစ်ကြယ် အယုတ္တ အနတ္တ သူ လေဖြင့်တိုက်နေသော စစ်မိုကရေစီအစိုးရ ဝမ်းသာအောင် သူကိုယ်တိုင် လုပ်နေခြင်းများအတွက်မူ တိုင်းပြည်အကျိုးကို တကယ်ရှေ့ရှု လိုလားသူတိုင်း ခွင့်လွှတ်လိမ့်မည်မဟုတ်ပါ။
အချိန်မနှောင်းခင် ဣဿာမစ္ဆေရ နှင့်
ကောဠာဟာလထူပြောသော လုပ်ရပ်များကို ရပ်တန့်၍ ရှိခဲ့ပြီးသော အစဉ်အလာကောင်း လေးများကိုပြန်ထိမ်းသိမ်း
ခြင်းဖြင့် အနာဂါတ်နိုင်ငံတော်၏ သားကောင်း တဦးအဖြစ် ရပ်တည်သင့်ကြောင်း လေးနက်စွာ တိုက်တွန်း အကြံပြုလိုပါသည်။
စေတနာစစ် မရဲတရဲမျှော်လင့်အားကိုးမှုဖြင့် ရေးအပ်
သော ဤကွန်မင့်အား ထည့်နိုင် ပယ်နိုင်သော ဘလော့ပိုင်ရှင်တဦး၏ လုပ်ပိုင်ခွင့်ကို လေးစား အသိအမှတ်ပြုပါသည်။ ဤစာကိုဖတ်ဖြစ်သွားလျှင်
ကျေနပ်ပါသည်။

(ဦးပါလ-၇၄)

Anonymous said...

ချီတုံချတုံ
နဲ့ 
ဆက်လက်စောင့်မျှော်မျှော်မျှော်~~~~~~~~~~~~~~~~~~~~~~~~~~~~~

မေးပါရစေ
ရောမ ကိုမည်သူတွေ၏ လက်ဖြင့်တည်ဆောက်သွားခဲ့ပါသနည်း???????????

ံ့မြန်မာပြည်(ဗမာပြည်)
တပြည်လုံးသာ မက
ယနေ့ ပြည်တွင်းစစ် ဖြစ်ပွါးလျှက်ရှိနေသော
တိုင်းပြည်များ၏နောက်ကွယ်တွင်
မည်သူများက ??????????????

စာနာမှုလုံးဝ မရှိတဲ့ လူယဉ်ကျေး ကြီး များ သာ အသိကြဆုံးဖြစ်ကြပေလိမ့်မည်

Anonymous said...

ချီတုံချတုံ
နဲ့ 
ဆက်လက်စောင့်မျှော်မျှော်မျှော်~~~~~~~~~~~~~~~~~~~~~~~~~~~~~

မေးပါရစေ
ရောမ ကိုမည်သူတွေ၏ လက်ဖြင့်တည်ဆောက်သွားခဲ့ပါသနည်း???????????

ံ့မြန်မာပြည်(ဗမာပြည်)
တပြည်လုံးသာ မက
ယနေ့ ပြည်တွင်းစစ် ဖြစ်ပွါးလျှက်ရှိနေသော
တိုင်းပြည်များ၏နောက်ကွယ်တွင်
မည်သူများက ??????????????

စာနာမှုလုံးဝ မရှိတဲ့ လူယဉ်ကျေး ကြီး များ သာ အသိကြဆုံးဖြစ်ကြပေလိမ့်မည်