ဝ တပ်ဖွဲ့က စစ်အုပ်စုကို အနိုင်ဂိုး သွင်းလိုက်ခြင်း
ဇူလှိုင်လ
၅ ရက်၊ ၂၀၁၁ တုန်းက အောင်သောင်းတို့အဖွဲ့ ၀ခေါင်းဆောင်တွေနဲ့ လာတွေ့တော့ ၀ခေါင်းဆောင်တွေက
နယ်ခြားစောင့်တပ်ဖွဲ့လုပ်ဖိွုဲ့ လာတာဆိုရင်မတွေ့ချင်ဘူးလို့
ပြောလွှတ်လိုက်တယ်။ အခု စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ ထပ်လွှတ်တယ်။ ဒါက အရင်အစိုးရတုန်းက ပေါ်လစီပါ
အခု နယ်ခြားတပ် မလုပ်ခိုင်းတော့ပါဘူးလို့ လေချိုသွေးတယ်။ ဒီတော့
ဝခေါင်းဆောင်တွေက သူတို့ကို ၀နယ်ထဲကို လာခွင့်ပေးလိုက်တယ်။ (အပြည့်အစုံအတွက် ခေါင်းစဉ်ကို နှိပ်ပါ)
စစ်အုပ်စုအဖွဲ့က ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာ
ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက ဦးဆောင်ကာ ၀ ဗဟိုကော်မတီဝင် ဦးကျောက်ကွမ်းအမ်း၊ မိုင်းလားဖက်က
ဒုဥက္ကဋ္ဌ ဦးစံပေ့ တို့က ကိုယ်စားပြုပြီး လက်မှတ်ထိုးကြတယ်။
စက်တင်ဘာ ၆ ရက်၊ ၂၀၁၁ ခုနစ် ကျိုင်းတုံမှာ လုပ်တာပါ။
ပဏာမသဘောတူညီချက်
၎ ချက်လုပ်တယ်ဆိုတယ်။ ပညာရှိဆိုတာ ပြေးကြည့်တာထက် တွေးကြည့်ရုံနဲ့ ရတယ်ဆိုသလို
နအဖ က ဝသပ ကို လိုက်လျောခဲ့ရတဲ့ အချက် ၄ ချက်ရဲ့ အနှစ်သာရတွေက
၁- ၀ တပ်ဖွဲ့ အနေနှင့်
နယ်ခြားစောင်တပ်ဖွဲ့ လုပ်ဆောင်ရန်မလို။
၂-
တရုပ်ပြည်နှင့် တိုက်ရိုက်ဆက်ဆံနိုင်သော်လည်း တခြားနိုင်ငံတွေနဲ့ ဆက်ဆံလျင် အစိုးရနှင့် တိုင်ပင်ညှိနှိုင်ဆောင် ရွက်ရန်။
၃- ပဋိပက္ခဖြစ်နိုင်စရာတွေကို နှစ်ဖက်စလုံးက ထိမ်းသိမ်းမယ်။
(ကချင်၊ ရှမ်းတွေကိုလက်နက် မကူရ)
၎- ၀ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာနှင့် ပညာရှင်များကို နိုင်ငံတော်ကကူညီပေးမယ်။ (အကူညီ လိုရင်ပြောပါ။
နိုင်ငံတော်ကို အရှက်မခွဲပါနှင့်) ဆိုတာတွေပေါ့ဗျာ။
ဝသပ နဲ့ စစ်အစိုးရ
သဘောတူညီချက်ကိုကြည့်ရင် ဝသပ ဖက်က နိုင်ငံရေးအမြတ် တော်တော်ရလိုက်တာပေါ့။
ဝ ကို နယ်ခြားစောင့်တပ်ဖွဲ့ မလုပ်ခိုင်းတော့ဘူး။ ဘာကြောင့် ကချင်၊ မောင်ချစ်သူအဖွဲ့၊ ရှမ်းနဲ့ မွန်တွေကို
နယ်ခြားစောင့်တပ်ဖွဲ့ လုပ်ခိုင်းနေပါ သလဲ။ ၀ တပ်ကို မြန်မာစစ်တပ်ခေါင်းဆောင် တွေ
ကြောက်တယ်ဆိုတာ သေချာနေပြီ။ ဘာလို့ကြောက် လဲ။
လက်နက်ရှိလို့ ကြောက်တယ်။ ၀ တွေက ကြောက်စရာကောင်းသလား။ ကောင်းတယ်။ လက်နက်ကိုင်တပ်ဖွဲ့က ၅ သောင်းခန့် ရှိတယ်။ ဗိုလ်ချုပ်ကျော်ဇော်ရဲ့ အဆိုအရ
အကောင်းဆုံးပျောက်ကျား တပ်မတော်တခုလို့ ဆိုတယ်။ စစ်ရေ၀၊ လက်နက်ကောင်း၊ အကြမ်းခံ၊
နယ်မြေကျွမ်းကျင်မှု စတဲ့ စွမ်းရည်တွေရှိတယ်။ အမိန့့််နာခံမှုနဲ့
လေ့ကျင့်မှု သိပ်ကောင်းတယ်။ တရုပ် လက်နက်ကြီးကျွမ်းကျင်သူတွေ၊ နည်းဗျူဟာတိုက်ပွဲ ပညာရှင်တွေကိုယ်တိုင် မကြာခန လေ့ကျင့်ပေးလေ့
ရှိတယ်။
တရုပ်ပြည်က ၀နယ်ထဲမှာ လက်နက်စက် ရုံ ၃ ခု တည်ထားပေးထားတယ်။ ၀ က ထုတ်တဲ့ လက်နက်တွေက အိန္ဒိ္ဒိယ နယ်စပ်အထိ ရောင်းချပေးတယ်။ ၀ ကို တရုပ်ပြည်က သူတို့လူမျိုးစုတခုလို့ ခံယူတယ်။ မြန်မာပြည်ထဲမှာ တရုပ်ပြည်ရဲ့ တရားဝင်လက်နက်ကိုင်တပ်ဖွဲ့တခု ဖြစ်လာဖို့အထိပါ ရည်ရွက်ချက်ထားတယ်။
တရုပ်ပြည်က ၀နယ်ထဲမှာ လက်နက်စက် ရုံ ၃ ခု တည်ထားပေးထားတယ်။ ၀ က ထုတ်တဲ့ လက်နက်တွေက အိန္ဒိ္ဒိယ နယ်စပ်အထိ ရောင်းချပေးတယ်။ ၀ ကို တရုပ်ပြည်က သူတို့လူမျိုးစုတခုလို့ ခံယူတယ်။ မြန်မာပြည်ထဲမှာ တရုပ်ပြည်ရဲ့ တရားဝင်လက်နက်ကိုင်တပ်ဖွဲ့တခု ဖြစ်လာဖို့အထိပါ ရည်ရွက်ချက်ထားတယ်။
မြန်မာစစ်တပ်နဲ့ အာဏာချိန်ခွင်ညှာထိမ်းညှိဖို့အတွက် ၀ တပ်ကိုတော့ တောင့်တင်းအောင် လက်နက်၊ ယူနီဖေါင်း၊ စီးပွား
ရေးတပ်တွေ တပ်ဆင်ပေးထားတယ်။ ဒီတော့ ၀ ပြည်နယ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အ၀ရှိတဲ့
ပြည်နယ်တခု ဖြစ်လာနေတယ်။ တရုပ်ရဲ့ပေါ်လစီကတော့ မြန်မာပြည်တွင်းရေးမှာ တရုပ်က မြန်မာနိုင်ငံထဲကို ခြေရှုပ်နိုင်ဖို့အတွက် ၀ ကတဆင့် ၀င်နိုင်ရေး ဖြစ်ပါတယ်။
စစ်အစိုးရနဲ့ ၀ ဆွေးနွေးပွဲကို
ဘောလုံစကားနဲ့ ပြောရရင်တော့ အနိုင်ဂိုးတလုံး သွင်းလိုက်နိုင်သပေါ့ဗျာ။
2 comments :
That's why we all need to unite.
Don't sell our natural resources to China. Need to stop trade embargo so that Burma can trade with other countries. Develop stronger relation with India, Thailand, US and Europe.
If Burma continue like this, it will completely fall under China plan.
By the way, those WA are drug growers and illegal weapon traders. They work against UN sanction and governing international law.
Time for all Burma to realize that the time is ripe to save Burma. Do not make railway line from China to Burma and don't build dams blocking our rivers. Know what's behind the plan.
It is not just trading, it is more than that. It is about occupying the country gradually.
ဒါကြောင့်မို့ ၀ကို တိုက်သင့်တယ်.. တိုက်တဲ့ အချိန်မှာ တိုင်းရင်းသားတွေကို နှိပ်ကွပ်နေပါပီဆိုတဲ့ မဟုတ်မဟတ် စကားတွေ မပေါ်အောင် ကိုမိုးသီးတို့ ပါးစပ်ပိတ်ပေးထားရမယ်.. သေချာတာက အစိုးရနဲ့ တဲ့ရင် ၀မကောင်းကြောင်းပြော.. မတဲ့ ရင် ၀ဘက်က ဘင်းပေး.. ၀ကို အစိုးရကြောက်နေရပါပီ ဆိုတဲ့ မခံချင်အောင် မြှောက်ပေးပီး လှော်.. ၀တွေက တခြားတပ်တွေနဲ့ ပူးပေါင်းပီး ပြန်ချသင့်တယ် ဆိုတဲ့ ရန်တိုက်စကားမျိုးစုံ ထွက်မလာပဲ ပါးစပ်သာပိတ်ထားပါ..
Post a Comment