Friday, 16 September 2011

လျှပ်စစ်ဝန်ကြီးအနားပေးခံရဖွယ်ရှိ

လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းကို သမ္မတမှ အနားပေးဖွယ်ရှိနေကြောင်း သတင်းတစ်ခု ကြားရသည်။ ဧရာဝတီ မြစ်ဆုံတွင် ရေကာတာတည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး ၀န်ကြီး ဦးဇော်မင်း၏ မဆင်မခြင် ပြောဆိုမှုများနှင့် အများပြည်သူများကို ငဲ့ညှာမှု မရှိ၊ နိုင်ငံ၏ သဘာဝအရင်းမြစ်တစ်ခုကို ငွေနှင့်လဲစားမယ့် သဘောများ သက်ရောက်သည့် အပြောများကြောင့် သမ္မတမှ ပြည်သူများအပေါ်စိတ်မကောင်းများ ဖြစ်လျှက် ရှိနေကြောင်း သိရသည်။ ထို့ကြောင့် ယင်းကိစ္စကို ပြန်လည် သုံးသပ်ရန်အတွက် လာမည့် စနေနေ့ ၁၇ရက်တွင် ဧရာဝတီစီမံကိန်း ကိစ္စကို နေပြည်တော်တွင် ရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

2 comments :

Anonymous said...

ခင်ဗျားတို့ အဲသလို မသေချာ မရေရာ တဲ့ အကြောင်းတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် ရေးတာကြောင့် သိန်းစိန် ကြံ့ဖွတ် အစိုးရ က ကောင်းသလိုလို နဲ့ လူတွေ ဇဝေဇဝါ ဖြစ်ကုန်မယ်။ အခု သတင်း မှန်သလား အမှားကြီးလား ဆိုတာ တာဝန် ခံမလား။ မိုးသီး ခင်ဗျား ဘလော့ကို ဝင်ဝင် ဖတ်ပေမဲ့ ဒီလို အခြေအမြစ် မရှိတဲ့ ကောလဟာလ တွေ တွေ့ရင် စိတ်ကုန်တယ်။

kooo said...

ကိုမိုးသီးဇွန်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒပဲနေမှာပါ။
သတင်းဟုတ်မယ်လို့ မထင်မိပါဘူးဗျာ။