Tuesday, 13 September 2011

လူထု ဦးစိန်ဝင်းရဲ့  စကား


ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ ပြောဆိုနေကြတာဟာ ထင်ရာမြင်ရာပြောပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတာမဟုတ်ဘူး။ ပြည်တွင်းပြည်ပက ပညာရှင်တွေအားလုံး လေ့လာ သုတေသနပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကိုဖတ်ရှုလေ့လာပြီး ရေးနေကြတာဖြစ်တယ်။ ပြည်သူတွေအားလုံးကလည်း ဒီစာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို သိရှိကြတဲ့အတွက် သဘောမတူကြောင်း တောင်းဆိုနေကြတာဖြစ်တယ်။ ကျောင်းသားလူငယ်တွေ၊ ရဟန်းရှင်လူတွေနဲ့ အနုပညာရှင်၊ စာပေနယ်သားတွေအားလုံးကလည်း ဒါတွေကို သိတဲ့အတွက် ဆက်မလုပ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေကြတာ ဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းနဲ့ တောင်းဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာဆက်လုပ်မယ်၊ ရှေ့ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုက မဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ဧရာဝတီကို ကာကွယ်ကြမှာပဲ ဖြစ်တယ်။ ကာကွယ်တဲ့နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး"

လူထုစိန်ဝင်း

6 comments :

ရဲဘော်ထွေး said...

ဧရာဝတီလွတ်မြောက်ရေး ဧရာဝတီရေကာတာစီမံကိန်းရပ်စဲရေး အတွက်လူတိုင်းလမ်းမပေါ်ထွက်ပြီး ဆန္ဒသဘောထား ထုတ်ပြကြရင်အကောင်းဆုံးပဲ သိန်းစိန်အစိုးရဘယ်လိုကိုင်တွယ်မလဲ စောင့်ကြည့်ရအောင်ပေါ့

မာယာ said...

သိပ်ကောင်းတဲ့စကားပဲ . အဲလိုပဲ လုပ်ရလိမ့်မယ်..

မာယာ said...

လူမိုက်ကြီး ဇော်မင်းကို အရင် ယဇ်ပူဇော်ရမယ်...

Anonymous said...

If you want to reject about this project , you should give alternative best way to get Power plant .GT ( Gas turbine) is very expensive than hydropower plant .Nuclear plant also highest risk .Can see Japan as an example .So,what is the best way to protect disasters and getting power source ? All of the protesters for this project should make good presentation at Parliment .Only against & objection is not workable.U should shares your knowledge & ideas rather than objection .

Anonymous said...

လူထုစိန်ဝင်းကို ကျနော်လေးစားတာ အဲအချက်တွေပါပါတယ်။ မှန်တာကိုပြောရဲတာပါ။
ကျနော်တို့ ပြတ်သားရမယ်
နိုင်ငံရေးမှာလဲ အနိုင်ကျင့်ခံရတယ်
စီးပွားရေးမှာလဲ ပါဝင်ခွင့်မရဘူး
သဘာဝပါတ်ဝန်းကျင်မှာမှ ကျနော်တို့အသံကိုနားမထောင်ရင် ပြန်ချရမယ်
(ရရင်ရ မရရင်ချပဲ)
ပြီးတော့ ကို့နိုင်ငံမှာသုံးဖို့လုပ်ရင်တော့ တမျိုးစဉ်းစားလို့ရတယ်
ခုဟာက အလကားနီးပါး ရောင်းစားပြစ်တာပဲ။
ခွေးမသားတွေ ဒင်တို့တွေ ၀တ်လည်ဦးမယ်။

Asiavillage said...

The area of the Dam is very big and it exists at the top of the country.

If it is attacked by another country on War or attacked by terrorist,all the people and cities will be under flood.

Pls take it into consideration.

What is our second plan,if it is happen(War & terrorist Attack,Earthquake!)?.

We will be strategically under failure comparing small profit & unrecoverable pain forever...

It is like a gambling.

The risk is very high if possible pain is severe eventhough the likelihood to happen is low.Nobody will take that kind of risk.

Takre care!