Monday, 26 September 2011

မြို့ထဲချီတက်လာတဲ့ လူငယ်ကျောင်းသားတွေကို လုံခြုံရေးတွေ လမ်းပိတ်ထား

ရွှေဝါရောင်တော်လှန်ရေး (၄) နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဧရာဝတီ ရှင်သန်ရေး ဆန္ဒပြလှုပ်ရှားမှုကို ရန်ကုန်မြို့က ကျောင်းသားလူငယ်တွေဟာ ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဆူလေဘုရားမှာ စုစည်းဆန္ဒပြဖို့ စီစဉ်ခဲ့ကြတယ်။

အင်္ကျီအဝါရောင် ဆင်တူဝတ်ဆင်ထားတဲ့ လူငယ်တွေ ဆူလေဘုရားကို ဦးတည်ချီတက်လာစဉ် ...
2:00
ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံ အနီး ကမ္ဘာအေးဘုရားလမ်း မြို့ထဲက ချီတက်လာတဲ့ အင်္ကျီအဝါရောင် ဆင်တူဝတ်ဆင်ထားတဲ့ ကျောင်းသား လူငယ် ငါးဆယ်လောက်ကို လုံခြုံရေးတွေ ရှေ့ဆက်မသွားနိုင်အောင် လမ်းပိတ်ထားတယ်။

အခင်းဖြစ်ပွားနေတဲ့ နေရာဟာ ဗိုလ်သန်းရွှေ အိမ်နဲ့ အလှမ်းမကမ်းမှာရှိနေတဲ့ အတွက် လုံခြုံရေးတွေ အထူးပြာယာခက်နေကြတယ်။ ရဲတွေ နဲ့ ကျောင်းသားလူငယ်တွေ ရင်ဆိုင်တွေ့နေတာကို လူထုက ဝိုင်းကြည့်နေကြပြီး၊ ယဉ်ထိန်းရဲတွေကတော့ ကားတွေကို အရပ်မခံဘဲ မြန်မြန်မောင်းခိုင်းနေပါတယ်။

အခု အခြေအတင်ဖြစ်နေတယ် ရဲက ပုဒ်မ ၄၄၆ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်။ ဆန္ဒပြနေတဲ့ ကျောင်းသားလူငယ်တွေက ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်နေတယ်လို့ သိရတယ်။

1 comment :

tun lin shwe said...

ခွေးမသားမျိုးမစစ် ရဲတွေ မင်းတို့ အခုအချိန်အထိ
လူလိုမနေတတ်သေးဘူး လူလိုနားမလည်သေးဘူးလား
အဲဒီ လူတွေလုပ်နေတာမင်းတို့ရဲတွေတောင်းစားနေရတာမကြည့်ရက်လို့ မင်းတို့ကောင်းစားဘို့လုပ်နေတာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတွေကိုမင်းတို့ကြည့်စမ်း မင်းတို့လိုရဲတွေ သိက္ခာရှိရှိနေထိုင်လုပ်ကိုင်စားသောက်နေနှိုင်တယ် ။မျိုးမစစ် လု့ငနွားတွေ လို ထားရာမှာနေ စေရာကိုသွား ခိုင်းတာကိုလုပ် နေတာတွေကို ရပ်ပြီး ဦးဏှောက်နဲ့ စဉ်းစားချင့်ချိန် ပြီးလုပ်သင့်တာတွေကို လုပ်ကြ။