Monday, 26 September 2011

ဆူးလေမှာ ပြန်ဆုံကြမယ်

3:20
ဆူးလေမှာ လူပြန် စုနေတယ် တဲ့ ရေခဲဆိုင်က အဖွဲ့တွေရော မြောက်ဥက္ကလာပက လူတွေရော ဆူးလေမှာ
ပြန်ဆုံကြမယ် တဲ့။ မြောက်ဥက္ကလာမှာ နှစ်ယောက်တတွဲ လမ်းလျှောက်လာခဲ့ကြတယ်။ ဗဟန်းမှာတော့ ကိုယ့်ဖာသာကိုယ် လူစုခွဲလိုက်တယ်။ သံဃာ့လှုပ်ရှားမှု လေးနှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆုတောင်းမှုများ
ပြုလုပ်မယ့် သူများဟာ ရန်ကုန်မြို့ မြောက်ဥက္ကလာလမ်းဆုံနဲ့ ဗဟန်းရေခဲဆိုင်အနီး အာဏာပိုင်များရဲ့ ပိတ်ဆို့မှုအချို့ကို ကြုံတွေ့ ခဲ့ရပြီးနောက် မူလ ဆုံရပ်ဖြစ်တဲ့ ဆူးလေဘုရားမှာ ပြန်လည်စုစည်းဖို့ ကြိုးစားနေကြ
ပါတယ်။ လှုပ်ရှားသူများအနေနဲ့ အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့ရန်
မရည်ရွယ်ကြောင်း၊ ငြိမ်းချမ်းမှုကိုသာ လိုလားကြောင်း သိရပါတယ်။

1 comment :

02399393 said...

ဦးတင်ကို ဟောပြော ဖြေကြားစကားတွေ ကျနော်တို့ တိုင်းရင်းသားတွေ အားတက်တယ်၊ ဒါပေမဲ့ ဒေါ်စုထောင်ကနေ လွတ်လာနောက် ပြောသောစကားတွေဟာ ကျနော်တို့ တိုင်းရင်းသားတွေ မျှော်လင့်ချက်ဟာ မှောင်တောထဲမှာ နေရသလိုဖြစ်နေတယ်။ ဒါပေမဲ့ သူမကိုတော့ ကျနော်တို့ တိုင်းရင်းသားကို လှီးလှူရှူမှာမဟုတ်ဘူး။ ဘာဖြစ်လဲဆိုတော့ သူအဖေစိတ်ဓါတ်လိုရှိမယ်လို့ ယုံကြည်တယ်။ အခု သူလုပ်တာက နည်းပရိယတခုလိုဘဲ နားလည်ထားတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ၈၈ တုန်းက သူပြောသွားခဲ့တဲ့ စကားတွေဟာ ကျနော်တို့ တိုင်းရင်းသားရော ပြည်သူတွေပါ မျှော်လင့်ချက်ကို အကောင်အထည်ဖေါ်လို့  အကြွေးမဲ့ယုံတယ်၊ ဒေါ်စု Operation အောင်မြေပါစေ။

စောကော်မူ (ကရင်ပြည်နယ်)