(၂၃) နှစ်ပြည့် အာဏာသိမ်း စစ်အုပ်စုအား ရှုတ်ချကန့်ကွက် ဆန္ဒပြပွဲ အခမ်းအနားကို တိုကျို ရှိနာဂါဝါအရပ်ရှိ စစ်အခွန် ရုံး (မြန်မာသံရုံး) ရှေမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)Network for Democracy in Burma (NDB)-Japan မှ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ ဆန္ဒပြပွဲ အခမ်းအနားကို ညနေ ၃း၀၀ နာရီ မှ ၄း၃၀ နာရီ အထိ ကျင်းပပြုလုပ်ပြီး စစ်အာ ဏာ သိမ်းခဲ့သည့် ၂၃ နှစ် ပြည်ခဲ့ပြီ ဖြစ်သော်လည်း အာဏာရှင်စနစ်၏ ဖိနှိပ်ရက်စက်မှုများ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေဟာ ယနေ့ချိန်ထိ ရှိနေဆဲ ဖြစ်ကြောင်း စစ်ယူနီဖေါင်းချွတ်ပြီး အရပ်သား ဟန်ပြအစိုးရတရပ် ပြောင်းလဲသွားသော် လည်း ယနေ့ချိန်ထိ စစ်ကျွန်ဘ၀မှ လွှတ်မြောက်ခြင်း မရှိသေးကြေင်းတိုင်းရင်းသားများဒေသ အသီးသီး၌ ထိုးစစ်ဆင်
တိုက်ခိုက်နေမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားများအားလည်း ဆက်လက် ဖမ်းဆီး ထိမ်းသိမ်း ထားဆဲ ဖြစ်ကြောင်း၊ အခမ်းအနားကို ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအင်အားစုများ၊ မြန်နိုင်ငံသားများပါဝင်ကြပါသည်။ အာ ဏာသိမ်းအခမ်းအနားတွင် လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေများကို၎င်း၊ တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ၎င်းအစီုးရသစ်၏ နိုင်ငံရေးအခြေအနေနှင့် ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် တရုပ်နိုင်ငံ၏ ကျုး ကျော်မှုများကို ပြောကြားပါသည်။ အဆိုပါအခမ်းအနားတွင် ဂျပန်နိုင်ငံရှိ နိုင်ငံရေး အဖွဲ့စည်းအသီးသီးမှ တာဝန်ရှိသူ
များမှ၎င်းဂျပန် NGO အဖွဲ့စည်းမှ ၎င်းမြန်မာနိုင်ငံ၏ အခြေအနေများကို တင်ပြပြောကြားကြပါသည် အာဏာသိမ်းအခမ်း အနားကို နိုင်ငံရေးအဖွဲ့စည်းများ၊ မြန်မာနိုင်ငံသားများစုစုပေါင်း အင်အား ၂၀၀ ခန့်တတ်ရောက်ကြပါသည်
Sunday, 18 September 2011
၂၃ နှစ်မြောက် စစ်အာဏာသိမ်း အခမ်းအနား တိုကျို
at 09:16
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment