Sunday 23 October 2011

ဦးနေ၀င်း ကို ဘယ်လို သဂြိုလ်လိုက်သလဲ ( လောကပါလတရားပျက်ဆီးခြင်း)


ဦးသိန်းစိန်အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုတွေ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို လုပ်နေတဲ့အစိုးရဆိုရင်  ဦးနေ၀င်းကို ဘယ်လို သဂြိုလ်လိုက်သလဲ၊ ဦးစိန်းလွင်ကိုဘယ်လိုသဂြိုလ်လိုက်သလဲ၊ ဗိုလ်ချုပ်ကြီးစောမောင်ကို ဘယ်လိုလုပ်လိုက်ကြသလဲ ဆိုတာတွေကို ပြည်သူလူထုကိုထုတ်ဖေါ်ပြောဖို့ လိုပါတယ်။
ဒီလူတွေဟာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူတွေ ဖျက်ဆီးခဲ့သူတွေပါ။  လူထုက သူတို့ ကိုနှိပ်စက်ခဲ့ တိုင်းပြည်ကိုဖျက်ဆီးခဲ့သူတွေရဲ့  အကြောင်းကိုသိခြင်ပါတယ်။  သခန်းစာယူဖို့ လိုပါတယ်။ မှတ်တမ်း
အဖြစ် နောက်လာနောက်သားတွေကို ပြောပြဖို့ လိုတယ်။ တောခွေးတွေလို ခွေးအိုကြီးကို ခွေပျိုတွေက
သုတ်သင်လိုက်တဲ့ ထုံးထမ်းအစဉ်အလာကို ဦးသိန်းစိန်ဆက်လက်မကျင့်သုံးဖို့ လိုတယ်။ ခွေးဇတ်ခင်းနေမှု
ကို မြန်မာ့ လူအဖွဲ့ စည်း က ဥပဒေသတခုလို လက်ခံကျင့်သုံး မိမှာကိုစိုးရိမ်စာရာဖြစ်လာတယ်။

ခင်ဗျားအစိုးရက အရင်အစိုးရတွေနဲ့ မတူဘူးဆိုရင် ခင်ဗျားအနေနဲ့  ပွင့်လင်းမြင့်သာမှု (   Transparency )  ရှိမှုကိုပြသဖို့ လိုပါတယ်။ ဒီလိုအလွယ်လုံး အလုပ်ကလေးကိုတောင်မှာ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုရင် ခင်ဗျားအစိုးရကိုဘယ်သူကမှ ပြုပြင်ပြောင်းလဲမှုတွေကို  လုပ်လို့ မရဘူးဆိုတာခင်ဗျား တွေ့ လိမ့်မယ်။
ကျနော်က ဘာသာရေးသမားမဟုတ်ပါဘူး။ ဒါပေမဲ့ နိင်ငံတော်တခုကိုအုပ်ချုပ်တဲ့နေရာမှာ သူ့ ရဲ့ ထုံးထမ်းအစဉ်အလာ (  Custom)   တွေ ရှိနေတယ်ဆိုတာကို ၂၃ နှစ်တော်လှန်ရေးလုပ်ပြီးတဲ့အခါမှာ သတိပြုမိလာတယ်။
ခင်ဗျားတို့ က ဘာပဲကိုးကွယ်ကိုးကွယ် နိင်ငံတော်ရဲ့ အစဉ်လာဟာ တခုတည်းပဲဖြစ်တယ်။ ခင်ဗျားဘာသာ မူစလင်၊ ခရစ်ယန်၊ဂျူး၊ဟင်ဒီ၊ မဟာယန၊ဟီနယန ( ထေရဘာသာပဲ) ပဲကိုးကွယ်ကိုးကွယ် နိင်ငံတော်ထုံးထမ်းအစဉ်လာကို ပယ်လို့ မရတာကိုတွေ့ ရတယ်။ ကျင့်ဝတ်အတိုင်းနေထိုင်ကြရတာကိုတွေ့ ရတယ်။
ဥပမာ- နိင်ငံတော်အကြီးကဲတယောက် (ဆိုးသည်ဖြစ်စေ၊ကောင်းသည်ဖြစ်စေ) သူသေတယ်ဆိုရင်သူကိုဘယ်လိုသဂြိုလ်တယ်ဆိုတာ နိင်ငံသားတွေကို ပြောပြရတယ်။ ပြသရတယ်။
သူကိုသတ်လိုက်ရင်လည်း ဘယ်လို သတ်တယ်။ သဂြိုလ်တယ်ဆိုတာကို နိင်ငံသားတွေကိုပြောပြရတယ်။
နိင်ငံတော်ကချစ်တဲ့ပုဂိုလ်ကြီးတွေအသတ်ခံရရင်၊သေရင်လည်း နိင်ငံသားတွေကို ဘယ်လိုသတ်တယ်။ ဘာကြောင့်သတ်တယ်။ ဘယ်လိုသဂြိုလ်တယ်ဆိုတာကို ပြောပြကြရတယ်။
အိုဘာမားက အမေရိကန်ရဲ့ ရန်သူတော်အိုစမာဘင်လာဒင် ကို ဘယ်လိုသတ်တယ်။ ဘယ်လိုသဂြိလ်လိုက်တယ်ဆိုတာကို တရားဝင်ထွက်ပြောပေးခဲ့ရတယ်။ လစ်ဗျား အသွင်ကူးပြောင်းရေးကောင်စီက သူတို့ ပေါ်နိပ်စက်ခဲ့တဲ့ ကာဒါဖီးကို လူအုပ်ကရိုက်သတ်တာလား၊
သူတို တပ်ဖွဲ့ ဝင်တဦးဦးက ပြစ်သတ်လိုက်တာလားဆိုတာကိုရှင်းပြနေရတယ် ။ သူရုပ်အလောင်းကို နိင်ငံသားတွေ ကို ပြသပေးရတယ်။ သူရုပ်အလောင်းကိုသဂြိုလ်ဖို့  ကာဒါဖီးဆွေးမျိုးတွေကိုလိုက်လံရှာဖွေပြီး ပေးအပ်နေတာကိုတွေ့ ရတယ်။

ရန်သူပင်ဖြစ်ငြားသော်လည်း နိင်ငံတော်အကြီးအကဲထုံးထမ်းအစဉ်အလာတွေအတိုင်း လုပ်ဆောင်နေကြရတာကိုတွေ့ ရပါတယ်။

နိင်ငံတော် အကြီးအကဲဆိုတာ အလုပ်များတယ်။ လေးနက်တာတွေကိုလုပ်ရတာ၊ ကြက်ဥအရောင်တိမ်တောက်သဖွယ်မင်းရေးကျယ် ဆိုတဲ့

အတွေးအခေါ်တွေဟာ ဒီခေတ်မှာ လုပ်လို့ မရတော့ဘူး။ သမတကြီးဆိုပြီးအိုင်တင်ထုတ်တဲ့ခေတ်ကုန်ဆုံးသွားပြီ။


ဦးနေ၀င်း၊ ဦးစိန်လွင်၊ ဗိုလ်ကြီးစောမောင်တို့ ဟာ မြန်မာ နိင်ငံကိုအုပ်ချုပ်ခဲ့သူတွေဖြစ်တယ်။ သူတို့ ကိုဘယ်တုံးကသေတယ်။ ဘာကြောင့်သေတယ်။ ဘယ်လိုသဂြိုလ်ခဲ့တယ်။ တိုင်းပြည်ကို ရှင်းချက်ထုတ်ပြန်ဖို့ လိုတယ်။ဗိုလ်ချုပ်ကြီးစောမောင်ကို ဦးသန်းရွှေနဲ့ မောင်အေးက အဆိပ်ထိုးပြီးသတ်ခဲ့တယ်လို့  ဦးစိန်လွင်ရဲ့ သမီး ဒေါက်တာသန္တာလွင်ကပြောပါတယ်။ ဟုတ်ပါသလား။

နိင်ငံတော် အကြီးအကဲဆိုတာ အလုပ်များတယ်။ လေးနက်တာတွေကိုလုပ်ရတာ၊ ကြက်ဥအရောင်တိမ်တောက်သဖွယ်မင်းရေးကျယ် ဆိုတဲ့
အတွေးအခေါ်တွေဟာ ဒီခေတ်မှာ လုပ်လို့ မရတော့ဘူး။ သမတကြီးဆိုပြီးဟန်ဆောင်ပန်ဆောင်လုပ်နေတာတွေခေတ်မစားတော့ပါဘူး။ 

ဒါပေမဲ့နိင်ငံတော်ခေါင်းဆောင်တွေ လုပ်ထုံကတော့ ဘုရာလက်ထက်ကနေ ဒီကနေထိ တခုတည်းပဲ။ ဘာသာပေါင်းစုံမှာတူနေတာကိုတွေ့ နေရတယ်။ ဒါကို လောကပါလတရားလို့  ဆိုရမယ်။ လောကပါလတရားကိုလိုက်နာရမယ်။

တနည်းအားဖြင့်ပြောရရင် သူတို့ ဟာ ဦးသန်းရွှေ၊ ဦးမောင်အေးနဲ့ ခင်းဗျားတို့ ကိုဒီဘ၀ရောက်အောင်လုပ်ပေးခဲ့သူကျေးဇူးရှင်တွေဖြစ်တယ်။ ကိုယ်ကျေးဇူးရှင်တွေကိုတောင်ခွေးသေ၀က်သေလုပ်ကြတဲ့ခင်ဗျားတို့ ထုံးထမ်းအစဉ်အလာနဲ့ ယျဉ်ကျေးမှုကို လူထုက ဘယ်လောက်ယုံကြည်နိင်သလဲဆိုတာ သိသာနေပါပြီ။ 


( မိုးသီးဇွန်)

10 comments :

Anonymous said...

နေ၀င်းကိုဘယ်လိုသဂြိုလ်လဲဆိုတာအရေးမကြီးတော့ဘူးထင်တယ်..ခင်ဗျားဘလော့မှာ အာဏာရှင်တွေနောက်ဆုံး ဒီလို ခွေးသေ ၀က်သေ သေကြတာပဲဆို...လောလောလတ်လတ် ကဒါဖီ ကိုခင်ဗျားရေးထာတာပြန်ဖတ်ကြည့်ပါဦး..အရှေ့အနောက်လွှဲနေပြီထင်တယ်

Anonymous said...

ကိုမိုးသီး
သူများအကြောင်းတွေရေးချင်ဇောနဲ့ ကိုယ်ရေးတဲ့ ဆောင်းပါးကို သေသေချာချာပြန်ဖတ်စီစစ် ဖတ်ရှူုပြီးမှ post တင်သင့်တယ် အိုဘားမား က အမေရိကန်ရဲ့ ရန်သူတော် အိုစမာကို သတ်တာပါ
ဖတ်ရတာသိပ်ရုပ်ဆိုးတယ်

Anonymous said...

အိုစမာ ဘင်လာဒင် ဖြစ်ရမှာ

Anonymous said...

အိုဘာမားက အမေရိကန်ရဲ့ ရန်သူတော်အိုဘားမားကို ဘယ်လိုသတ်တယ်။ ဘယ်လိုသဂြိလ်လိုက်တယ်ဆိုတာကို တရားဝင်ထွက်ပြောပေးခဲ့ရတယ်။

Anonymous said...

There are nothing wrong, Ko Moe Thee is right, how you read above people???

Anonymous said...

မိုးသီး မင်းပြောတာတွေလူစကားမဟုတ်တာတော့သေချာတယ်။
မင်းစေတနာ မင်းစိတ်ရင်းတွေက တနေ့နေ့ တချိန်ချန် မှာ
ကောင်းကောင်းအကျိုးပေးပါလိမ့်မယ်။
မင်းကနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းစွာနဲံ ဖွံဖြိုးတိုးတက်မှာကို မလိုလားတဲ့ လုံးဝ အဖျက်သမားပဲ

Anonymous said...

ဖြည့်တွေးကြပါမိတ်ဆွေတို့၊ သူ့ရဲ့ နိုင်ငံကောင်းကျိုးလိုလားတဲ့စိတ်ကို အသိအမှတ်ပြုပါတယ်၊

abcd said...

ငါလိုးမသားတွေ ကိုယ့်မအေကိုလိုးတွေ မှားတာသိနေရင်လည်းဖြည်းတွေးပေါ့ကွာ လီးလိုပဲ။ မသိလို့မှားတဲ့အမှားမှမဟုတ်တာ။ ငါလို့မှသား 23 October 2011 22:45 အချိန်ကရေးတဲ့မအေလိုး။

Always said...

ကိုမိုးသီး ခင်ဗျားရဲ့ အတွေးအခေါ်တွေက တော်တော့်ကို လွဲနေပြီ။ ရန်သူကို ရန်သူလိုဘဲ ဆက်ဆံရမယ်။ နေ၀င်း၊စောမောင်၊ စိန်လွင်က ခင်ဗျား အမျိုးတွေဖြစ်နေလို့လား။ အာဏာရှင်တွေဆိုတာက နောက်ဆုံးတော့ ဒီလိုဘဲ ခွေးသေ၊ ၀က်သေ သေကြရမှာဖြစ်သလို သမိုင်းကြောင်းမကောင်းလို့ သမိုင်းပျောက်မှာဘဲ၊ အဲဒါကို ခင်ဗျားက အိမ်ဦးခန်းမှာ ထားပြီးတော့ ကိုးကွယ်ချင်နေတာလား။ ခင်ဗျားလည်း မကောင်းတာလုပ်ခဲ့ရင်တော့ ခွေးသေ၊ ၀က်သေ သေရမှာဘဲ။ ခင်ဗျားဖြစ်ချင် လုပ်ချင်နေတာကဘာလဲ။ အဲဒါကိုဘဲ ဖြစ်အောင်၊ လုပ်နိုင်အောင်ဘဲ ကြိုးစားပါ။ အခုလို အတွေးအခေါ်မျိုးနဲ့တော့ လူထုကို ခင်ဗျားစည်းရုံးလို့မရနိုင်ဘူး။ အတွေးအခေါ်ဆိုတာ ခေတ်နဲ့အညီ ပြောင်းလဲနေတယ်။ ၈၈ အတွေးအခေါ်က ၈၈မှာကျန်ခဲ့ပြီ။

Anonymous said...

Hi Moe Tee,
I think somethings wrong with you. You must consult with mental doctor. Now a day most of your post is stupid. Are you really got a mentally problem because of u scare would not get enough fund now on for your pocket? I really suspect you want our country to develop. You want myanmar people kill each other, not in peace then you can get money. I think you are really fool without notice. So sorry for our people and politician who really do for our country and people.