Monday 17 October 2011

သတိ

သတိ
ကမ်းတွေက၊တဖြေးဖြေး
ဝေးလွင့်မြောပါသွားတဲ့အခါကြ
ငါတို့က၊ ဇင်ယော်တွေလိုဘဲ
မစဲတမ်းရိုင်းနေတဲ့ လှိုင်းပေါ်
အတော်နေသားကျနေကြပါပြီ၊၊,

သံဓတ်နဲတယ်ထင်တဲ့ အခါ
သံတိုင်မှာရှိတဲ့ သံချေး တချို့
ခွါစားခဲ့ ဘူးလို့...
အသားဓတ်နဲတယ်ထင်တဲ့ အချိန်
မိလ္လာ ချောင် မှာလာခြောင်းတဲ့
ကြွက် ဖလောင်းလေးတွေပါ
အခန်းထဲမှာတင်အမဲရှာထွက်ခဲ့ ဘူးတယ်၊၊

အသွားဆယ်ပေ၊အပြန်ဆယ်ပေ
နှစ်ရှည်ခရီးကတော့
မညည်းမငြူဆယ်စုနှစ်၊နှစ်ခုကျော်ခဲ့ ပြီ၊၊

အဲဒီလာနေတဲ့ အလင်းရောင်မြမြက
ထုံးစံအတိုင်းငါ့ရဲ့ ကြောကို
ရိုက်နှက်ဟစ်ကြွေးမဲ့ လူတအုပ်ရဲ့ လမ်းပြမီးလား၊၊

အမှန်တရား၊...
နဲနဲပါးပါးနားလည်ပြီး
ဆေးလိပ်မီးပေးမဲ့ လူလား၊၊

မမှိတ်မသုန်ငေး
ခတ်လေးလေးလာတဲ့ အလင်းဆီ
ဒီနေ့ဟာ
ဘယ်နှစ်ရာမြောက်၊လကွယ်နေ့ဆိုတာလည်း
ငါနံရံမှာတချက်ပြန်ရေ မိတယ်..၊၊
 
-သက်မှုး- 

1 comment :

Thike Tun Oo said...

Ko Moe Thee,I just tease Ko Thet Hmu.I am sorry for making him upset I have already apologised him.