Monday, 17 October 2011

၄၉နှစ်မြောက်မင်းကိုနိင်မွေးနေ့ သို့ အထိမ်းအမှတ် သို့ မိုးသီးပေးပို့ တဲ့ သ၀ဏ်လွှာ

၄၉နှစ်မြောက်မင်းကိုနိင်မွေးနေ့ သို့ အထိမ်းအမှတ် သို့ မိုးသီးပေးပို့ တဲ့ သ၀ဏ်လွှာ

ပေါ်ဦးရေ

မင်းရဲ့  ၄၉ နှစ်မြောက်မွေးနေ့ မှသည် နစ်ပေါင်းတရာအထိ အများအကျိုးကို အောင်မြင်စွာထမ်းဆောင်နိင်ပါစေ။မင်းရဲ့ လိုအင်ဆန္ဒတွေနဲ့ ပြည့်ဝပါစေ။ ငါတို့ အားလုံး အလိုလားဆုံဆန္ဒကတော့ မင်းမွေ့ နေပွဲကိုမင်းကိုယ်တိုင် ကျင်းပနေတာကို မြင်ခြင်ပါတယ်။ အောင်ပွဲဆိုတဲ့ ကိတ်မုန့် ကို မင်းဓါးနဲ့ ခွဲ ပေးတာကို ဒို အားလုံးကအာသီသရှိနေတယ်။ ငါ့ ဒို့ အားလုံးမွေးနေ့ တွေအတွက် မင်းရဲ့ မွေးနေ့ ပေါင်းများစွာကို အေးစက်စက်အခန်းကျဉ်းထဲမှာ နှစ်မြုပ်ထားရတာကိုဒို့ မှတ်ထားတယ။် မင်းမွေးနေ့ အတွက် ဒို့ ထွန်းညှိလိုက်တဲ့ဖယောင်းတိုင်လေးက သေးပေမဲ့ အမှောင်ထုကိုတွေကိုချိန်းခြောက်လိုက်နိင်လို့ ဒို့ ဝမ်းသာတယ်- သူငယ်ချင်း။
ဂုံဆာလာကွင်းထဲက ကျွဲနွားတွေအသံ၊ ဘုန်းကြီးကျောင်းဝန်းထဲက၀တ်တက်တဲ့အသံ၊ ဟင်ဒီဘုရားလှည့်လာတဲ့အသံ၊ သရက်ပင်အိုကြီးတွေလေတိုးသံ၊ ကိုတင်ဦးမယ်ဒလင်သံ၊ သက်ထွန်းရဲ့  မထီမဲ့မြင်စကားသံ ၊မင်းရဲ့ ကြွေးကြော်သံ ဒီအသံတွေ က ပဲ့တင်ပြန်လာမယ်လို့ ငါယုံကြည်နေတယ်-သူငယ်ချင်း။

မိုးသီးဇွန်

2 comments :

Anonymous said...

ပေါ်ဦးရေ မင်းမွေးနေ့ အမှတ်တရပေါ့ကွာ။
၁၉၈၈ ဂျွန်လကျောင်းထဲက တော်လှန်ရေးတွေမှာ
မင်း မိဘတွေ မသိစေလို လို့  အိမ်ကအထွက်မှာ
အဝတ်တမျိုးနဲ့  လမ်းထိပ်လက်ဘရည်ဆိုင်ရောက်မှ
ကချင်ပုဆိုး၊ကော်လံကတုံးရှပ်အဖြူလဲဝတ်ပြီး ကျောင်းကို
သွားတာမြင်သေးကွာ။
အမြန်လွတ်လို့ မင်းလက်နဲ့ တိုင်းပြည်သစ်ကြီးတည်နိုင်မယ်ဆိုတာ မင်းသူငယ်ချင်း အကိုဝီဆင်း(မိကျောင်းကန်)ယုံတယ်။

Anonymous said...

kyit tal byar..dar ma 16 thar tway bya...