Thursday, 6 October 2011

တံတားရွေ့တာမဟုတ် နင် က ရွေ့တာ

နေ့သစ် -  ကိုမိုးသီး ခင်ဗျား အခုတလော ဦးသိန်းစိန် ဘောင်ဘီချွတ်အစိုးရဟာ အရင်နဲ့မတူ၊ တမူထူးတယ်။ ပြောင်းလာ ပြီလို့ပြောနေကြတယ်။ တနေ့က အလဗင်းဂျာနယ်မှာ ဒီဖက်က ဧရာဝတီဂျာနယ်က ကိုအောင်ဇော်နဲ့ အင်တာဗျူးတွေကို ဖေါ်ပြထားတယ် စသဖြင့် စသဖြင့် ပြောနေကြ သုံးသပ်နေကြတာ ရှိတယ်။ နောက် ဗီအိုအေသတင်းထောက်တဦး၊ ဘီ ဘီစီ သတင်းထောက်တဦးကိုလဲ ၀င်ခွင့်ပေး အင်တာဗျူးတွေ ပေးနေတာတွေရှိတော့ ဒါဟာပြောင်းလဲမှုရဲအစလို့ ပြော လို့ရမလား။ ခင်ဗျား ဘယ်လိုမြင်သလဲ..

မိုးသီးဇွန်
ငယ်ငယ်က တံတားပေါ်ကနေ ရေကန်ထဲကို ကြည့်လိုက်သလိုပေါ့။ ရေလှိုင်းလှုပ်ပြီး ကိုယ်အရိပ်ကရွေ့သွားတော့ ဟော.. တံတားကြီးသွားနေတယ်လို့ အော်ကြတယ်။ ပျော်ကြတယ်။ တကယ်က တံတားကရွေ့သွားတာမှ မဟုတ်တာ။ ပြောင်းလဲသွားတာမှ မဟုတ်တာ။ ကိုယ်က Optical Delusion - အမြင်မှားသွားတာ။ တံတားရွေ့တာမဟုတ် ကိုယ်အ ရိတ်က ရွေ့သွားတာ။ 

စစ်အုပ်စုက မပြောင်းလဲပါဘူး။ ကိုယ်က ပြောင်းလဲနေတာ။ ကိုယ်သမာဓိတွေ၊ သီလတွေ ချို့ယွင်းနေတာ။ ညောင်သီး လဲစား လေးသမားလဲကြည့်လို့ သတိပေးခင်တယ်။ တခါတလေတော့လဲ နင် အ လိုနင်ခံရတာလို့ ပြောချင်ပေမယ့် အော်.. အသက်တချောင်း ကယ်ကောင်းပါတယ်လို့ သူတော်ကောင်းတရားကပဲ ကိုယ်မှာဝင်လာတော့လဲ။ သတိသမ္ပဇဉ် ဆင်ခြင်နိုင်ဖို့ ပြောချင်တာကတော့ စစ်အုပ်စုဟာ ဘောင်းဘီချွတ်လိုက်၊ ပုဆိုးဝတ်လိုက်လုပ်တာ နှစ်ခါရှိပြီ။ ၇၄ အခြေခံ ဥပဒေ ရေးပြီး မှာတခါ၊ ၂၀၀၈ အခြေခံဥပဒေရေးပြီးမှာတခါ ( ၂၀၁၀)  မှာတခါ။ ၁၉၆၂ စစ်တပ်ကနေ အာဏာသိမ်းက ည်းက ကနေ့အထိ မပြောင်းလဲသေးဘူး။ သူတို့ဖက်ကတော့ လုံးဝမပြောင်းလဲသေးဘူး။ ဦးနေ၀င်း တုန်းက ဒီထက် တောင် အိုင်တင်ကောင်းသေးတယ်။

၃၃ ဦးအကြံပေး ကော်မတီကိုတောင်ဖွဲ့ ပေးလိုက်သေးတယ်။ ခုလို ခွေးလှေးကြမ်းပိုး၊အုတ်ကြားမြက်ပေါက်တွေနဲ့ ဖွဲထား တာမဟုတ်ဘူး။ ၀န်ကြီးချပ်ဟောင်း ဦးနု တို့လို ဒိတ်တွေနဲ့ဖွဲထားပေးတာ။ 

ဘာတွေပြောင်းလဲ။ ပြောကြည့်။

လွတ်လပ်မှုမရှိသေးဘူး။ စီးပွားရေးမှာ လက်ဝါးကြီးအုပ်ထားတာကမပြောင်သေးဘူး။ နိုင်ငံတော်အာဏာ ခွဲဝေပုံကို မ ပြောင်းလဲသေးဘူး။ သူတို့ဖါသာသူတို့ တဖက်သတ်ပြာန်းခဲ့တဲ့ ၁၉၇၄ အခြေခံဥပဒေကိုရော ၂၀၀၈ အခြေခံဥပဒေကို ရော သူတို့ မကျင့်သုံးပုံတွေ မပြောင်းလဲသေးဘူး။ ချစားမှုတွေ၊ လူအခွင့်အရေးချိုးဖေါက်မှုတွေ မပြောင်းလဲသေးဘူး။ ပြည်တွင်းငိမ်းချမ်းရေပေါ်လစီ မပြောင်းလဲသေးဘူး။ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးဘူး။ နိုင်ငံခြားရေးမှာ တရုတ်ကိုယိမ်း ပေါ်လစီကမပြောင်းသေးဘူး။

နောက်တခု ဋိပက္ခကြီးမှာ သူကိုလဲ ကိုယ်ကကြည့်တာပဲ။ သူကလဲ ကိုယ်က်ကို ကြည့်တာပဲ။ ဘယ်ကောင်ကို စားလို့ ရမလဲလို့ လုပ်ကြရတယ်။ စားလို့ အလားအလာရှိနိုင်တဲ့ကောင်တွေကို တွက်ရသကွဲ၊ ချက်ရသကွဲ။ ဒို့က်ကလည်း သူ တို့ထဲက ဘယ်ကောင်တွေကို ခွေလို့ရနိုင်မလဲ စားလို့ရနိုင်မလဲ။ ကိုယ်လိုခြင်တဲ့ပုံကိုဖေါ်ပေးရသကွဲ့။ ဒါဟာ ပိပက္ခမှာ ပရိယာယ်ဝေဝုစ်တွေကိုး။ ဘုရင်နောင်ကျော်ထင်နော်ရထာက အယုဒ္ဒ ( Ayutthaya) ဘုရင် ချာကရာဖတ် (Chakkraphat) ကို မလုပ်ကြံခင်မှာ ပစ္စနုလုပ်မိုစား သမာရာချာ (Thammarach) ကို ဆွဲစေ့ထားရသလိုပေါ့။ အပြန်အ လှန်အားဖြင့် သူတို့လဲ ကိုယ်ဖက်ကို ကြည်မပေါ့။ ကိုယ်ဖက်က သာခွေယိုင်နေတဲ့သူတွေ၊ သီလ၊ သမာဓိ ချွတ်ချော်နေ တဲ့ သူတွေ သူတို့လဲ ကြားမပေါ့။ မြင်မပေါ့။ ဒီတော့ စားဖို့ကြံသပေါ့။ သတိပြုပါလေ။ 

သူတို့ဖက်က မပြောင်းလဲဘူး။ အဲသိသိသာသာ ပြောင်းလဲလာတာတော့ ကိုယ်လူတွေပဲ။ ငါသွားနိုင်တာ၊ ငါစကားကို ဖေါ် တာကို ပြောင်းလဲမှုသင်္ကေတ (Signal of Change) လိုမဟစ်ကွေးကောင်းဘူးကွဲ။ ဒကာကြီး ကျော်သန်းပြောတဲ့ ပဉ္စနရစ် ပုံပြင်က မားလို ဖြစ်တတ်တယ်။ 

တံတားကြီးသွားနေပြီကွလိုအော်နေရင် အူးလို့ပဲ ထင်မယ်။  

အနုမာန မရင့်သန်သေးချိန်မှာ ဒီလိုပဲ ဖြစ်တတ်ကြတယ်။ ပါရမီရင့်သန်ကြ။ သီလ၊ သမာဓိမှာ ပညာဟာအဓိကပဲ။ ဥာဏ် ပညာအရာမှာ လှိုင်းတပိုးကဲ့သို့ ထနိုင်ပါစေလို့ ဝေနေယျတွေကို ဒီကနေ မေတ္တာပို့ပါတယ်။

10 comments :

မုန်းစရာ said...

ဘုရားရေ. စာလုံးပေါင်းမှားနေလို့သာ ကိုမိုးသီးအစစ်လို့ လက်ခံရတာ.

စကားလုံးအသုံးအနှုံးတွေ သိပ်မြင့်နေလို့ လိုက်မမှီချင်ဘူး။ သိပ်ကောင်းတဲ့ အမြင်ပါပဲ. ချီးကျူးပါ၏။

NNSOE said...

Ko Moe Thee , why you don't try to think from positive point of view. very soon you will see what are the changes.

Anonymous said...

ကိုမိုးသီး ဘယ်တုံးက ဘုန်းကြီးဝတ်လိုက်တာလည်း။

သုမန said...

အဂ္ဂမဟာပန္နိတ bat tan ta ဆရာတော် မိုးသီး ကောင်းပါ၏ ကောင်းပါ၏ ကောင်းပါ၏ တကာမကြီး ဒေါ်စု ဖတ်ပြီးမှတ်ပါစေလို ဦးဇင်းလည်း မေတ္တာ ပို့ ပါတယ်။

myochitnanda said...

အော်... မောင်မိုးသီး...မောင်မိုးသီး... အင်တာနက်ခေတ်ုကီးမှာ ဘလော့ဂ်တစ်ခုဖွင့်ပြီး ဒီမိုကရေစီအရေးတိုက်ပွဲတွေဝင်လာလိုက်တာ နှစ်ကာလ ရှည်ုကာလာတော့လည်း တိုက်ပွဲပန်းလာတယ်ထင်ပါ့.. စိတ်ရော-လက်ပါ(ကီးဘုတ်နှိပ်ရခြင်းကို ဆိုလို)တိုက်ပွဲရှည်ကြာဆင်နွဲခဲ့တာဆိုတော့... အမြင်တွေလည်းဝါး အတွေးတွေလည်းခါးကုန်ထင်ပါ့... ကိုမိုးသီးဇွန်ခင်ဗျာ-အတော်များများကလည်း ပြောခဲ့၊ထောက်ပြခဲ့ပြီးပါပြီ- ကိုမိုးသီးဇွန်တို့  အပါအ၀င် ပြည်ပကနေ ဒီမိုကရေစီအရေးကို စိတ်ပါလက်ပါလုပ်နေသူတွေရော၊ စားကောင်းသောက်ကောင်း လုပ်နေသူတွေပါအပါ- ပြည်တွင်းက စစ်အာဏာရှင်စနစ်နဲ့  ပုံပြောင်းစစ်အာဏာရှင်စနစ်အောက်မှာ လုပ်နေ၊လှုပ်ရှားနေရတဲ့ သူတွေ(ဒေါ်အောင်ဆန်းစုကည် အစ၊ ဦးအောင်ဖေ အလယ်၊ အညတြတွေ အဆုံး)ရဲ့  အနေအထားတွေကို ကိုယ်တိုင်မတွေ့ ၊ မသိရပဲ တောင်အော်-မြောက်ပြော မလုပ်သင့်ပါဖူးလို့  ပြောပါရစေ.. သူတို့ ရဲ့  အမှားကို အကွက်ထောက်ပြမယ်ဆိုရင်တောင်မှ အမှားကို ထောက်ပြသလို အမှန်ကိုလည်း ဖွင့်ပြပေးနိုင်ရမှာပေါ့... အဲသလိုမဟုတ်ပဲ တောင်အော်၊မြောက်အော် အရူးချီးပန်းအလုပ်ကတော့ ကိုမိုးသီးတို့ လို့  ဒီမိုကရေစီ တိုက်ပွဲစဉ်အစမှာ ပါဝင်ခဲ့တဲ့ အစကောင်းခဲ့တဲ့ သူတွေမပြောနဲ့  သူလိုငါလို သာမန်လူတစ်ယောက်တာင် ဒီလိုအပြစ်တင်ခြင်းအလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ပါတယ်ဗျာ... ဘာပဲဖြစ်ဖြစ် အသိဥါဏ်ရှိသူ၊ နည်းမှန်လမ်းကျ တွေးခေါ်တတ်သူတိုင်း လက်ခံရမယ့်၊ လက်ခံတဲ့ အချက်တခုက ဒေါ်အောင်ဆန်းစုကည် က မိန်းမသားတန်မဲ့ ကိုယ့်ရဲ့ ဘ၀အရွယ်အကောင်းဆုံး အချိန်ကနေ လင်သားရော သားနှစ်ယောက်ကိုပါပစ်၊ စည်းစိမ်ချမ်းသာ အခွင့်အရေးရော ကိုယ့်ဘ၀အသက်ဘေး(ကံကောင်းလို့  မသေ၊ မပျက်ခဲ့တာ အားလုံးအသိ၊ ခင်ဗျားတို့  အဲသလောက် အသက်နဲ့  ရင်းရဲလား? ကြောက်လွန်လွန်းလို့  နိုင်ငံခြားဆိုတဲ့ဆီတွေ ခွေးပြေး၊ ၀က်ပြေး စုံအောင်ပြေးခဲု့ကတာမဟုတ်လား ) ပါ စွန့် ပြီးေုကာက်စရာကောင်းလှတဲ့၊ ဥါဏ်နီဥါဏ်နက် များလှတဲ့ စစ်အာဏာရှင်တွေကို တုပြိုင်ရင်ဆိုင်ခဲ့တာ ဒီကနေ့ လို အဘွားအိုကီး ဖြစ်တဲ့အထိပဲ မဟုတ်ပါလားဗျာ... ဒါတွေကို သူ့ ရဲ့  ခေါင်းဆောင်မှုနောက် တောက်လျောက်ပါခဲ့တဲ့ ခင်ဗျားတို့ တတွေက အခုမှ ဘာတွေဖြစ်ကုန်၊ ပြောင်းလဲကုန်ုကတာလဲ ? ဒါဆိုရင် ခင်ဗျားတို့  စစ်အာဏာရှင်ုကီးတွေ ကို အပြောင်းအလဲများတယ်၊ ကောက်ကျစ်တယ်မဆိုနဲ့ တော့လေ... ခင်ဗျားတို့ လည်း ခင်ဗျားတို့  အေုကာင်းနဲ့ - သူတို့ လည်း သူတို့ အေုကာင်းနဲ့ .. သေချာတာတစ်ခုက ဒေါ်အောင်ဆန်းစုကည်ရဲ့  လုပ်ရပ်တွေက၊ သူ့ လုပ်ရပ်ရဲ့  အကျိုးဆက်တွေက သူ့ ပါတီ အကျိုးထက်၊ ပြည်သူ့ အကျိုးကို ဦးစားပေးတယ်၊ ပြည့်သူ့ အတွက် ရည်ရွယ်တယ်... ဒါကို ခင်ဗျားတို့  တောင်ရေး၊ မြောက်ရေး တောင်တင်၊ မြောက်တင် လျှောက်ရေး၊ လျှောက်လုပ် နေသူတွေ နားလည်သင့်တယ်...

myochitnanda said...

အခုတော့ ရေးတဲ့ကောင်ကလည်း အတားအဆီးမရှိ စွတ်စပ်ရေး၊ ကိုယ်ပိုင်ခံယူချက်မရှိတဲ့ ကောင်တစ်ချို့ ကလည်ုးကိုက်တယ်၊ မိုက်တယ်နဲ့  ဒီမိုကရေစီလှေုကီးမှောက်လို့  ယောက်ယက်ခက်နေတဲ့ ဘုန်ုးကီးရူး(ဘလော့ဂ်ရူး)တွေဖြစ်နေုကပါလားဗျာ... .. ဘာပဲဖြစ်ဖြစ် ပညာရှိအလုပ်ကို နွားကျောင်းသား နားမလည်နိုင်သလို- အဲသည်နွားကျောင်းသား သွားရှင်းပြလည်း အရာမပေါ်နိုင်တာ ဒေါ်အောင်ဆန်းစုကည် နားလည်ပြီးသားပါ... သူ့ အလုပ်ကို မှားတယ်၊ မှန်တယ်ပြောရအောင် ခင်ဗျားတို့  ပြည်ပကနေ လေေုကာင်းစစ်ပွဲ ဆင်နွဲနေတဲ့လူတွေက ဘာမျိုးရိုး၊ ပညာ၊ ဇာတိကောင်းတွေ ရှိခဲ့၊ ရှိနေလို့ လဲ ? မျိုးရိုးဗီဇရဲ့  သဘောကို နားမလည်ရင် အင်တာနက်ထဲမှာ တခြားပေါက်ကရတွေ ရေးမယ့်အစား၊ လိုက်ရှာဖတ်ဗျာ... လူသာမန်တွေဖြစ်တဲ့အတွက် အရိယာတွေလို မပြည့်စုံပေမယ့် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကည်တို့  သားအဖက ခင်ဗျားတို့  ၊ ကျွန်တော်တို့ တတွေ ခင်ဗျားတို့  ကျွန်တော်တို့  မိဘတွေထက် အဆပေါင်းများစွာ အနစ်နာခံပြီး တိုင်းပြည်အကျိုးကို ရှေးရှုလုပ်နေုကတာပါဗျာ... သူတို့ မှာလည်း ချို့ ယွင်းချက်၊ လိုအပ်ချက်တွေ ရှိနေုကမှာလည်း မလွဲပါဖူး (ဒါပေမယ့် ခင်ဗျားတို့  ကျွန်တော်တို့ လောက်တော့ မများတာတော့ အသေအချာပဲ)... ဒါကို ရှောမွှေး ဗာရာဏသီချဲ့ ပြီး တောင်အော်၊မြောက်အော် တောင်ရေး၊ မြောက်ရေးလုပ်နေလို့ ကတော့ အဲသည်အမူအကျင့်တွေက မြန်မာနိုင်ငံဒီမိုကရေစီအရေးအတွက် အထောက်အပံ့ကောင်းတွေ မဖြစ်ပဲ ဆူးငြောင့်ခလုတ်တွေသာ ဖြစ်လိမ့်မယ်ဆိုတာတော့ မြင်သိစေချင်တယ်ဗျာ... အဲသလို ဆိုလို့ လည်း ကျွန်တော့်ကို ရုရှားရောက်စစ်ခွေး-အာဏာရှင်တုတ်- ဒလံ- စတဲ့ လေဘယ်လ် တွေ မတပ်ုကပါနဲ့ ဦးဗျာ... ကိုယ်တတ်တဲ့ ပညာနဲ့  ပြည်တွင်းမှာ လုပ်ကိုင်စားမရလို့  ကျွန်းနိုင်ငံလေးမှာလာပြီး ပညာတတ်ကျွန် လုပ်နေတဲု့ကို့ ကုန်းကျောင်းဆင်းလေးပါဗျာ.... ကဲ- ကိုမိုးသီးနဲ့ တကွ လက်စောင်းထက်လှတဲ့-ထက်ုကတဲ့ ဆောင်းပါးရှင်များ၊ ဘလော့ဂ် ပိုင်ရှင်ုကီးများခင်ဗျာ- အချုပ်ပြောရရင် ပွဲမကတတ်ရင်တောင်မှ ပွဲမပျက်အောင်တော့ အထောက်အပံ့ကောင်းလေး ပေးစေချင်ပါတယ်.. ဒါမှမဟုတ်လည်း ကိုယ်တိုင်တစ်စင် ထောင်စေချင်ပါတယ်(အစွမ်းအစ ရှိမယ်ဆိုရင်ပေါ့)... မဟုတ်ရင် ဘ၀ကူးမကောင်းပဲ နောင်ဘ၀မှာ မျက်လုံးပြူးပြူး(သူတပါး အပြစ်ချောင်းဖို့ ) နဲ့  ဘေးတိုက်သွားနေရတဲ့အပြင် လယ်ကဏန်း၊ ကုန်းကဏန်း၊ ပင်လယ်ကဏန်း တွေလို လွတ်လွတ်လပ်လပ်သွားရတဲ့ ကဏန်းမဖြစ်ပဲ ခင်ဗျားတို့ မုန်းတဲ့ စစ်တပ်ချောင်ချိရေးမှာမွေးတဲ့ မွေးမြူရေးကဏန်းတွေဖြစ်ပြီး စစ်အစိုးရ ယိမ်းတဲ့တရုတ်ကို အပို့ ခံရကုန်လို့  ငုတ်တုတ်တွေ မေ့ကုန်ုကပါဦးမယ်ဗျာ...

myochitnanda said...

ေုသာ် .... ဒီမိုကရေစီ ဘလော့ဂ်ဂါုကီးရဲ့  အတည်ပြုချက်လိုတယ်ဆိုတော့ ကျွန်တော့် ကွန်မန့် ထ် လေးဖြစ်နိုင်ရင် တင်ပေးပါဗျာ...ဒီလောက်ပွဲဆူတဲ့ ပို့ စ်မှာ ကွန်မန့် ထ်တွေ နည်းနေတာ၊ ကိုမိုးသီးကို အကောင်းပြောတဲ့ ကွန်မန့် ထ် လေးတွေပဲ တွေ့ နေရတာ တခုခု မှားနေသလို ထင်လို့ ပါ....

Activist said...

ကိုမိုးသီးဇွန် ပြောတဲ့

“တံတား ရွေ့တာမဟုတ်၊ နင့်စိတ်က ရွေ့တာ ...”

ဆိုတာက

အရမ်းကို မှန်ပါတယ်..



ကိုမိုးသီးဇွန် ကို မကြိုက်တဲ့ လူတွေ အနေနဲ့ ကိုမိုးသီးဇွန် ပြောတဲ့ အခု စကား ( “တံတား ရွေ့တာမဟုတ်၊ နင့်စိတ်က ရွေ့တာ ...” ) ဆိုတာက မှန်နေလျက်သားနဲ့ ပုဂ္ဂိုလ်စွဲ အရ တိုက်ခိုက်ချင်လို့ တိုက်ခိုက်တာမျိုး မလုပ်သင့်ပါဘူး.. အေးအေးဆေးဆေး စဉ်းစားပြီးမှ မှတ်ချက် ရေးသင့်ပါတယ်..

ပြီးခဲ့တဲ့ နှစ် ၅ဝ လုံးလုံးမှာ စစ်အုပ်စုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ပြ တာ အပါအဝင် ပြည်သူတွေအပေါ်မှာ ကောင်းတာ လုပ်ပြသလိုလိုနဲ့ နောက်ကျတော့ ဒုံရင်းက ဒုံရင်း ပြန်ပြန်ဖြစ်သွားပြိး ၁၉၈၈ မှာ လမ်းပေါ်မှာ လူ ၃ဝဝဝ ကျော် သတ်သလို ၂ဝဝ၇ မှာလဲ လမ်းပေါ်မှာ လူ ၁ဝဝ ကျော် ဆက်သတ်လာတာ၊ ၂ဝဝ၃ မှာလဲ ဒီပဲယင်းမှာ နိုင်ငံတော်လုပ်င်္ကြမှု လုပ်ပြီး လူ ၁ဝဝ ကျော် သတ်ခဲ့တာ၊ ၁၉၉၈ မှာ လက်နက်မဲ့ အရပ်သား ၈၁ ယောက်ကို တနင်္သာရီတိုင်း၊ ခရစ်စတီကျွန်းပေါ်မှာ အစုအပြုံလိုက်သတ်ပစ်ခဲ့တာ၊
အခုလဲ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ဆင်ရေးကို ခုတုံးလုပ်ပြီး အပြစ်မဲ့၊ လက်နက်မဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး ဆက်သတ်နေတာ တွေကို လွယ်လွယ်နဲ့ မေ့ပစ်လိုက်လို့ မဖြစ်ပါဘူး..

"အဲဒါတွေ လုပ်လာတာက အရင် နအဖ အစိုးရ လက်ထက်ကလေ" ဆိုပြီး ငြင်းလို့ မရပါဘူး.. အခု အစိုးရအသစ် ဆိုတာက နအဖ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အရပ်သားအယောင်ဆောင် အစိုးရသာ ဖြစ်ပါတယ်.. ပြည်သူတွေနဲ့ နိုင်ငံတကာကို လှည့်စားပြီး လုပ်ပြနေတဲ့ ရွှေရည်စိမ် ဒီမိုကရေစီကို မမြင်ဖူး မူးမြစ်ထင် နေစရာ မလိုပါဘူး..


မြစ်ဆုံရေကာတာ ရပ်ပေးလိုက်တယ် ဆိုတာက မြန်မာပြည်မှာ အာရပ်နိုင်ငံတွေမှာလို ပြည်လုံးကျွတ် လူထုတော်လှန်ရေးတွေ ဖြစ်လာမှာကို ကြောက်လို့ လောလောဆယ်မှာ ခဏ ရပ်ပြ ထားတာ .. အပြီး ဖျက်လိုက်တာမှ မဟုတ်တာ.. တရုတ်ဆီက လာဘ်ငွေတွေ တနင့်တပိုး ယူထားပြီးနေတော့ အပြီးအပိုင် ရပ်ပစ်လိုက်လို့လဲ မရဘူး.. လူတွေ မေ့လောက်တဲ့ အချိန်ကျရင် မသိမသာနဲ့ ပြန်ပြီး ခိုးလုပ်ဦးမှာပဲ..

ပြောင်းလဲနေပါပြီ၊ ဒီမိုကရေစီနိုင်ငံကို ဦးတည်နေပါပြီ ဆိုတာသာ အမှန်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို ဘာမှ ဆက်ဖမ်းထားစရာ အကြောင်းမရှိဘူး..

အစိုးရဌာနပေါင်းစုံမှာ အကြီးအကျယ် လာဘ်စားနေတာ၊ ခိုးနေတာတွေလဲ အရင်လို ဆက် ဖြစ်နေတုန်းပါပဲ..

လူအစုအပြုံလိုက် သတ်မှု၊ လူသတ်မှု အပေါအဝင် သေဒဏ်ထိုက်တဲ့ ရာဇဝတ်မှုကြီးတွေ၊ ပြည်တွင်းစစ် နနာမည်သို အလွဲသုံးစားလုပ်ပြီး လက်နက်မဲ့ အရပ်သားတွေကို လူမျိုးတုံး သတ်ဖြတ်မှု၊ ရွာမီးရှို့မှု၊ လုယက်မှု၊ ခိုးမှု ဆိုတဲ့ စစ်ရာဇဝတ်မှုတွေ၊ ပြည်သူ့ငွေကို ဒေါ်လာ သန်းပေါင်း ထောင်နဲ့ ချီပြိး ခိုးမှု၊ လာဘ်စားမှု .......... တွေအတွက် တာဝန်ရှိတဲ့ နအဖ စစ်အုပ်စု ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရအသစ်ဟာ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ တရားရုံးတင် စစ်ဆေးခံရမယ့် လူတွေ ဖြစ်တဲ့အတွက် တရားဝင်အစိုးရ လို့ သတ်မှတ်လို့ မရပါဘူး..

ပြောင်းချင်ယောင်ဆောင်နေတာ မဟုတ်ဘဲ တကယ် ကောင်းအောင် ပြောင်းနေတာတောင်မှ အခု အရပ်သားအစိုးရ အမည်ခံ နအဖ စစ်ခေါင်းဆောင်ဟောင်းတွေဟာ အစိုးရရာထူးတွေကို ယူခွင့် မရှိတဲ့ ရာဇဝတ်ကောင်တွေ၊ စစ်ရာဇဝတ်ကောင်တွေသာ ဖြစ်ပါတယ်..

ဒီလောက် ရှင်းနေတဲ့ အချက်ကို နားမလည်ဘဲ ထင်ရာတွေ ရေးပြီး "သမတကြီး ဦးသိန်းစိန် ကို ကြိုဆိုပါတယ်" ... လို့ ရေးနေသူတွေကတော့ ပြည်သူတွေကို ထာဝရ စစ်ကျွန် ဖြစ်အောင် ဝါးကူထိုးပေးနေတဲ့ စစ်အုပ်စု ဒလံတွေ၊ ကိုယ့်လူ သူ့ဘက်သားတွေ၊ အစိုးရက ပြောင်းနေပါတယ် လို့ အကြောင်းပြပြီး အစိုးရသစ်နဲ့ ပေါင်းပြီး ဂွင်ဆင်ဖို့ ကြံနေသူတွေ၊ အရောင်ပြောင်း ပုတ်သင်ညိုတွေ၊ ခံယူချက် မခိုင်မာသူတွေ၊
ရာဇဝတ်ကောင်တွေ၊ စစ်ရာဇဝတ်ကောင်တွေကို အားပေးအားမြှောက် လုပ်နေသူတွေ၊ ဦးနှောက်မဲ့သူတွေသာ ဖြစ်ပါတယ်..

ကမာသူဇာ said...

ငါက စစ်သားဆိုတော့ မင်းတို့အားလုံးကိုရှင်းရှင်းပဲမေးမယ်
လီးဖြစ်နေကြတာလား။
ငါမြန်မာ့သူရဲကောင်းအားလုံးကိုလေးစားတယ်၊ ကြည်ညိုတယ်၊အားကျတယ်။
တိုင်းပြည်အတွက်၊လုမျိုးအတွက်အမှန်တကယ်ဘဝတွေ၊
အသက်တွေပေးဆပ်နေတဲ့ ညီအစ်ကိုမောင်နှမအားလုံးဟာ
ငါ့ရဲ့သုရဲကောင်းတွေပဲ။
ဒီအချိန်ဟာ ငါတို့တိုင်းပြည်ရဲ့ သမိုင်းမှာအရေးကြီးဆုံးအချိန်ကိုဖြတ်သန်းနေရတာ။
မင်းတို့စောက်လုပ်မရှိစောက်ကိုင်မရှိ ဒိုးစားပြီးအားနေရင် ကိုယ့်လီးကိုယ်ကိုင်ပြီးဂွင်းထုနေ။
ဝင်ဝင်ပြီးအာမချောင်နဲ့။
မင်းတို့လဲတစ်သက်လုံးစောက်ဖြစ်ရှိအောင်ဘာမှစွမ်းဆောင်နိုင်တာမဟုတ်ဘူး။ ပြောင်းတဲ့လူကသတ်တိရှိရှိပြောင်းဘိုကြိုးစားနေတယ်ဆိုရင် ပြောင်းချင်စိတ်လေးရှိအောင်ဖေးဖေးမမကြိုဆိုရမှာပေါ့။နဲနဲပါးပါးအချိန်လေးပေးပြီးစောင့်ကြည့်အုံးပေါ့။ မင်းတို့ဟာကရေးလိုက်ရင် မင်တို့ရေးမှပဲအားလုံးကအမြင်မှန်ရတော့မလို့လိုလို။ မင်းတို့ပဲတိုင်းချစ်ပြည်ချစ်ကြီးတွေလိုလိုနဲ့။
ဟေ့ကောင်တွေအားလုံးမှတ်ထားကြ။အမေစုကဘယ်ကောင်တွေလိမ်စားနေတယ်။ဘယ်သုတွေဘယ်လိုအနစ်နာခံပြီးလုပ်နေတယ်ဆိုတာ အကုန်လုံးသိနေပြီးသား။
မင်းတို့စောက်ရှက်မရှိစောက်ရှုးထတာတွေမြင်တိုင်း၊လိမ်စားနေတာတွေကြားရတိုင်း ကိုမင်းကိုနိုင်တို့လိုသူရဲကောင်းမိသားစုတွေကိုသနားတယ်။
တိုတိုပြောမယ်ကွာမင်းတို့လည်းဘာမှနားမလည်၊ဘာမှအဖြစ်ရှိအောင်လဲမလုပ်နိုင်တဲ့အတူတူ ပါးစပ်ပိတ်ပြီးညိမ်ညိမ်နေ။ သိပ်အားနေကြရင်ငါအပေါ်ကပြောသလိုလုပ်။
ုမြန်မာတစ်မျိုးသားလုံးကောင်းစားရေးအတွက် အားလုံးကိုခဝါချပြီး ရင်ကြားစေ့ဖို့လုပ်နိုင်တဲ့လူတွေ၊လုပ်တတ်တဲ့လူတွေ၊လုပ်လို့ရတဲ့လူတွေ၊သူရဲကောင်းတွေ အစွမ်းကုန်ကြိုးစားနေကြတယ်။
ပျက်အောင်လုပ်တဲ့ ကောင်သမိုင်းတရားခံပဲ။
ကိုယ်ဘာကောင်လည်းကိုယ့်ကိုကိုယ်သိကြ။
ရေးတဲ့ကောင်ကိုပဲပြောနေတာမဟုတ်ဘူး။
ဘလော့နာမည်တပ်ထားတဲ့ကောင်ရော၊ စောက်ပေါတွေအားလုံးကိုရောကိုပြောနေတာ။
မင်းတို့စောက်ရှက်မရှိရင်၊ ငါပြောတာတွေမှန်နေရင် ငါ့ကွန်မန့်ကိုမတင်နဲ့ ဖျက်လိုက်။

Anonymous said...

အပေါ်က စစ်သားဆိုတဲ့ ကောင် လီးဘဲ ကွာ..ကိုမေကိုယ်လိုး ကိုယ်နှမကိုယ်လိုး ကိုယ့်အမျိုးကိုယ်လိုး ခွေးမတွေ့ လည်းလိုး ဖာသည်မ နဲ့ ဝရမ်းပြေးရပြီး လမ်းဘေးမှာ မွေးပြီး စစ်ထဲ ရောက်သွားတဲ့  စစ်သားဆိုတဲ့ ကောင် လီးဘဲကွာ။