Thursday 20 October 2011

ပြောစရာရှိတဲ့သူကပြော၊ တိုက်စရာရှိတဲ့သူကတိုက်။

ပြောစရာရှိတဲ့သူကပြော၊ တိုက်စရာရှိတဲ့သူကတိုက်။ 

သိန်းစိန်ကရုပ်သေးအစိုးရမျှသာဖြစ်တယ်။ သူဟာ အပြောင်းအလဲ ၁ ရာခိုင်းနှုန်းကိုတောင်လုပ်ပေးနိင်တဲ့သူမဟုတ်ပါဘူး။ဘာများဖြစ်လာမလားလို့ ငေးမောကြည့်မနေနဲ့ ၊
ငြိမ်မနေကြနဲ့ တို့ တိုက်တွန်းလိုတယ်။

တော်လှန်ရေးဟာပင်လယ်ကူး သေဘာၤတစီးလိုပဲ သေဘာၤတစီးဟာ အမြဲတမ်းအသံမည်နေရတယ်။တော်လှန်ရေးဟာလဲ အသံမည်နေရတယ်။ သဘောင်္ဟာ ရေထဲမောင်းနေရင်လည်းစက်သံမည်နေရတယ်။ကမ်းကပ်ထားရင်လဲ သံခြေးခွာ နေရတယ်။အသံထွက်အောင်တိုက်ချွတ်နေရတယ်။ သေဘာၤအသံတိတ္သြားရင္ သေဘာၤေသတာပဲ။ တော်လှန်ရေးအသံတိတ်သွားရင်တော်လှန်ရေးသေတာပဲ။

ငါဒို့  လူထုတိုက်ပွဲကိုလည်းမဖေါ်ထုတ်၊ လက်နက်ကိုင်တော်လှန်ဖို့ လဲမကြိုးစားရင် ဘုရားသခင်
လာကယ်ဖို့ ကိုပဲစောင့်နေရုံပဲရှိတော့တယ်။

တော်လှန်ရေးဟာ အစသိပ်ခက်တယ်လို့ ဖရက်ဒရစ် အိန်ဂျဲလ်ပြောဘူးတယ်။ စထားပြီးတဲ့တော်လှန်ရေးကို ဘယ်ခေါင်းဆောင်က မှ ရပ်သွားအောင်မလုပ်သင့်ဘူး။ လှုပ်ရှားမှုတခုခုကို ဖန်တီးနေရမယ်။  စကားပြောနေလို့ အသံတိတ်နေရမယ်
ဘယ်တော်လှန်းရေး မှ မရှိဘူး။   လမ်းမပေါ်မထွက်နိင်သေးရင် ၊ လုပ်နိင်တာတွေနဲ့ ကျနော်တို့ စနိင်ပါတယ်။


ဒေါ်စုနဲ့ စကားပြောနေလို့  ခနရပ်ထားရမယ်။ငါဒို့ ခေါင်းဆောင်က စကားပြောနေတယ်။ ရန်သူက နားလည်မှုလွဲအောင်မလုပ်သင့်ဘူး။  ရန်သူမုန်းအောင်မလုပ်ရဘူးဆိုတဲ့အတွေးအခေါ်တွေက 
မှားယွင်းတဲ့အယူအဆတွေသာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောစရာရှိတာတွေသူပြောလိမ့်မယ်။ ကျနော်တို့ က လုပ်စရာရှိတာတိုက်စရာရှိတာတွေတိုက်ရမယ်။ ဘာဖြစ်လို့ လဲဆိုတော့ မတရားမှုတွေက နေရာအနှံအပြားမှာ ရပ်ဆိုင်းနေခြင်းမရှိပဲ လူအဖွဲ့ စည်းတခုလုံးကိုခြိမ်းခြောက်နေလို့
ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်စကားပြောနေလို့ ကျနော်တို့ ငြိမ်ပေးနေရင် - ဒေါ်စုစကားပြောနေတာ
ကို ကူညီရာမရောက်ရာကျပါတယ်။ ဆက်တိုက်လှုပ်ရှားမှုတွေကိုဖြစ်နိင်တဲ့နည်းလမ်းတွေနဲ့ ဖေါ်ထုတ်ပေးမှသာလျင်သူအတွက်ပိုပြီး 
ခွန်အားဖြစ်စေမှာဖြစ်ပါတယ်။ လှုပ်ရှားမှုတွေကို ဆက်လက်ဖေါ်ထုတ်ကြပါစို့ - 



4 comments :

Anonymous said...

"ပြောစရာရှိတဲ့သူကပြော၊ တိုက်စရာရှိတဲ့သူကတိုက်။" အဲဒါတော့ ထောက်ခံတယ်ဗျာ။ ပြောဆိုဆွေးနွေးနေတာကို ဘေးတီးပြီးတော့  တိုက်ဖို့ သက်သက်ပြောနေတာ ကတော့ မဟုတ်ဘူးထင်တာပဲ။

Anonymous said...

အတိုက်အခံတွေအချင်းချင်း ၊တိုင်းရင်းသာလက်နက်ကိုင်တွေအချင်းချင်းတောင်ညီညွှတ်မှုမရှိတာ ကျွန်တော်တို.ကဘယ်သူကိုဆရာတင် ၊ ဘယ်သူနဲ.ပူးပေါင်းပြီး ဘယ်လိုသွားတိုက်ကြမှာလဲ !

Anonymous said...

"ပြောစရာရှိတဲ့သူကပြော၊ တိုက်စရာရှိတဲ့သူကတိုက်။"

ကြိုက်တယ်ဗျို့။
ဆက်လုပ်ပါ။
လိုအပ်နေတာက
စည်းလုံးမှု၊ လက်နက် နဲ့ settle-lite ဘဲ။
အဲဒါကိုဖြစ်အောင်လုပ်စေချင်တယ်။
ကိုမိုးသီးဇွန်ဖြစ်အောင်လုပ်နိုင်တယ်လို့
ယုံကြည်တယ်။
ထောက်ခံတယ်
ဖြစ်အောင်သာလုပ်ပါဗျို့။

Anonymous said...

"ပြောစရာရှိတဲ့သူကပြော၊ တိုက်စရာရှိတဲ့သူကတိုက်။"
ကောင်းတယ်ဗျို့၊
အသင့်မြတ်ဆုံး အကြံပါဘဲ၊
ဒီကောင်တွေက လက်နက်နဲ့စကားပြောမှ နားလည်မှာ။
တောင်အာဖရိကတုံးကအောင်မြင်တာကလဲ
နောက်မှာ စစ်တပ်ရှိလို့ဘဲ။
အပြည့်အ၀ ထောက်ခံပါတယ်၊