Saturday 8 October 2011

ဲရန်ကိုမြို့ မှာ ဖေါက်ထွင်းမှုများပိုမိုများပြားလာနေခြင်း

ဲ ဦးသိန်းစိန်အစိုးရသစ်အဖွဲ့ တက်လာပြီး ရာဇ၀တ်အကျဉ်းသား ၂သောင်းကို အထိမ်းအကွတ်မရှိလွတ်လိုက်ပါတယ်။ ရာဇ၀တ်သားတွေထဲမှာ သူခိုးဂိုဏ်းကြီးတခုပါဝင်နေပြီး အဆိုပါဂိုဏ်းကြီးက ရန်ကိုမြို့ မှာ ဖေါက်ထွင်းမှုများကို လက်ရဲဇက်ရဲ ကျူးလွန်နေကြကြောင်းသိရပါတယ်။ 
အဆိုပါဂိုဏ်းဟာ စနစ်တကျဖေါက်ထွင်းလျက်ရှိတယ်။ ခွေးမွေးထားသောအိမ်ဖြစ်ပါ။ ခွေးကို တပတ်ခန့် ကြိုပြီး
လာရောက်သုတ်သင်တယ်။ သော့များ၊မီးခံသေတ္တာများကို ကျွမ်းကျင်စွာဖွင့်နိင်ကြတယ်။ အိမ်တအိမ်ကို 
လူ ၆ ယောက်ခန့် တာဝန်အသီးသီးခွဲဝေယူပြီးဖေါက်ထွင်းလေ့ရှိကြတယ်လို့ သတင်းရပါတယ်။
ဖေါက်ထွင်းလို့ ရလာတဲ့ စိန်ရွှေ၊ရတာနာများကို လက်ခံဝယ်ယူနေတဲ့ သူများလည်းရှိနေကြောင်းသိရတယ်။ 
ပြည်သူလူထုအနေဖြင့်အထူး မိမိအိမ်လုံခြုံရေးကို သတိဝိရိယ ရှိရှိ နေထိုင်ကြဖို့  တိုက်တွန်းလိုက်ပါတယ်။

No comments :