Saturday 8 October 2011

ုညီနောင်ဘွား တိုင်းရင်းသားများ သို့  မိုးသီးဇွန်ပေးစာ

 လေးစားအပ်ပါသော ညီနောင်တိုင်းရင်းသားများခင်ဗျား 

ကချင်နဲ့  မြန်မာ စစ်တပ်ခေါင်းဆောင်နဲ့ စကားပြောနေတာကိုကြည့်ပြီး ကျနော်စိတ်မကောင်းဖြစ်မိတယ်။ 

၁- အစိုးရသစ်ပြောရမှာ ဘာကြောင့် စစ်ဗိုလ်တယောက်က ဦးဆောင်ပြောနေတာလဲ။ စစ်တပ်က အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ လက်ဝါးကြီးအုပ်နေတုံးဖြစ်တယ်ဆိုတာကို ပြနေတယ်။ 

၂-မြန်မာ ပဒေသရာဇ်ခေတ် တုံးကမှာ တိုင်းရင်းသားတွေဟာ ကိုယ်မင်းကိုယ်ပြည်နယ်နေခဲ့ရသေးတယ်။  
သမိုင်းမှာပြန်ကြည့်ပါ။ အနော်ရထာခေတ်၊ တပင်ရွှေထီးခေတ်၊ ဘုရင့်နောင်ခေတ်၊ အလောင်းဘုရားခေတ်တွေမှာ မြန်မာ နဲ့ တိုင်းရင်းသား တွေစစ်ပွဲတွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ တိုင်းရင်းသား
တွေဟာ ပဒေသရာဇတ်ကို ပဏ္ဏာဆက်သ ရသော်ငြား၊ ကိုယ်မင်းကိုယ်ချင်းနေရတယ်။ ကိုယ်နယ်ကိုယ်အုပ်ချုပ်ရတယ်။ ကိုယ်ယျဉ်ကျေးမှုတွေကိုကိုယ်ကျင့်သုံးခွင့်ရခဲ့တယ်။ 

၃- ၁၉၆၂ ခုနှစ် မြန်မာ စစ်တပ်က မြန်မာ နိင်ငံရေးကို ထိမ်းချုပ်လိုက်ကထည်းက တိုင်းရင်းသားတွေရဲ့  အခြေအနေဟာ ကျွန်ဘ၀ ကို လုံးဝ ကျရောက်ခဲ့ရတယ်။ သူတို့ ဟာ နယ်မြေမရှိဘူး။ ကိုယ်ပိုင်ပြဌားန်ခွင့်မရှိဘူး။ ကိုယ်ယျဉ်ကျေးမှုတွေကို ကျင့်သုံးခွင့်မရှိဘူး။  ပဏ္ဏာဆက်သ တာထက်ဆိုးတာက သဘ၀အရင်းမြစ်တွေကို ထင်သလို ကိုယ်ကျိုးအတွက်သုံးစွဲခဲ့ကြတယ်။ သစ်တောတွေကိုတရုပ်ကို ခုတ်ရောင်းခဲ့တယ်။ မြစ်ပေါင်းစုံမှာဆည်တွေဆောက်ပြီး တရုပ်ကိုလျုပ်စစ်ရောင်းတယ်။ ထိုင်းကိုရောင်းတယ်။  ရခိုင်က သဘ၀ဓါတ်ငွေ့ တွေကို တရုတ်ကိုရောင်းစားခဲ့တယ်။ တိုင်းရင်းသားတွေရဲ့ ဒေသ လူထုတွေမှာ ဘာမှကိုစားစရာလုပ်ကိုင်စရာမရှိသလောက်ဖြစ်ကုန်တယ်။ 

၎-  ကျနော်သတိပြုမိတာ က စစ်တပ်ခေါင်းဆောင်တွေဟာ တရုပ်သွေးပါသူ၊ တရုပ်လူမျိုးတွေပိုများလာတာကိုသတိပြုမိတယ်။  (ဥပမာ-  နေ၀င်း၊ စမ်းယု၊ အောင်ကြီး၊ တင်အောင်မြင့်ဦး၊ ခင်ဇော် တို့ ကို ကြည့်ပါ။ 
စစ်တပ်ထိပ်သီးခေါင်းဆောင်ပိုင်းမှာ မြန်မာ စစ်စစ်ရှားလာတယ်။  တိုင်းရင်းသားတွေက ဗိုလ်ချုပ်လိုနေရာအထိမရောက်ပဲအနိမ်ခံရတယ်။  အိန္ဒယနွယ်ဘွား (ကုလားဆင်) ၊ ခရစ်ယန် ဘာသာကိုးကွယ်သူတွေဟာ စစ်တပ်ထိပ်ပိုင်းမှာလုံးဝမရအောင် စနစ်တကျနဲ့ သူတို့  လုပ်လာခဲ့တယ်။ 

၅- မြန်မာ့သမိုင်းကို ကြည့်ရင် မြန်မာ နိင်ငံကို အထက်သားတလှည့်၊ ( ပုဂံခေတ်၊ ကုန်းဘောင်ခေတ်၊  အောက်သားတလှည့်  ဟံသာဝတီခေတ်၊ တောင်ငူခေတ်၊ တလှည့်စီ  အုပ်ချုပ်ခဲ့ကြတယ်။ ဒီခေတ်တွေမှာ မြန်မာ လူမျိုး စစ်တွေ အုပ်ချုပ်ခဲ့ကြတဲ့အတွက် တိုင်းရင်းသားတွေဟာ  ဒီနေ့ စစ်တပ်မှာ တရုပ်သွေး က ဆင်းသက်သူများထက် ပိုပြီး သာခဲ့တယ်။ 
ပဒေသရာဇ်စနစ်ကို ကျနော်မကြိုက်ဘူး။ ဒါပေမဲ့  မြန်မာ စစ်တပ်ယုတ်မာမှုတွေ စနစ်တကျ နဲ့ 
 မြန်မာလူမျိုးများနဲ့ တိုင်းရင်းသားများ သွေးကွဲမှု မြန်မာ ပြည်အစည်းပြိုတော့မဲ့  အခြေအနေကို  
ကျနော်စိုးရိမ်လာလို့ တင်ပြခြင်းဖြစ်ပါတယ်။  တိုင်းရင်းသားတွေရဲ့ အခြေအနေကိုကြည့်ပြီး ကျနော်
မြန်မာတယောက်အနေနဲ့  ရှက်မိတယ်။ ၀မ်းနည်းမိတယ်။ ကိုယ်ချင်းစာမိတယ်။

၆- ကျနော်တို့  ဒီလိုပြောလို့  တရုတ်မုန်းတီးရေးကိုပြောနေတာ မဟုတ်ဘူး၊လှုံ့ ဆော်နေတာမဟုတ်ဘူး။
မြန်မာ ပြည်ဘွားတရုတ်များကိုလေးစားပါတယ်။ ကျနော်ပြောနေတာ မြန်မာ စစ်တပ်ထဲက တရုပ်အစိုးရအတွက်သူလျိုလ်လုပ်နေတဲ့ တရုပ်တွေကိုဆိုလိုတာဆိုတာကိုသဘောပေါက်မယ်ထင်ပါတယ်။
  မိတ်ဆွေတွေထဲမှာ ၊ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ  ၊ ကျနော်ရဲဘော်တွေထဲမှာ မြန်မာပြည်ဘွားတရုတ်သွေးပါသူတွေရှိပါတယ် ၊ ကျနော်တို့ လှုပ်ရှားမှုမှာတက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ မြန်မာ တရုပ်တွေရှိတယ်။ သူတို့ ဟာလူကောင်းတွေ သူတို ဟာဒီမိုကရေစီကိုသက်ဝင်ယုံကြည်ကြတဲ့အတွက် မြန်မာ လူထုနဲ့ အတူ
မျှဝေခံစား တိုက်ပွဲဝင်နေကြတယ်။  ဒါပေမဲ့  စစ်ဝါဒထဲရောက်သွားတဲ့တရုတ်သွေးပါသူတွေဟာ 
တရုတ်ပြည်မကြီး အတွက်သူလျိုလ်လုပ်ပေးနေသူတွေလား၊ သူတို့ လုပ်ရပ်တွေက တရုပ်အစိုးရရဲ့ ပေါ်လစီကိုအကောင်ထည်ဖေါ်နေကြတာလား။ ဒို့ မြန်မာ တွေနဲ့ တိုင်းရင်းသားတွေကို စိတ်
ဝမ်းကွဲပြားအောင်လုပ်နေကြတာလားဆိုတာကို စိုးရိမ်မိတဲ့အတွက် တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ 

၇- ကျနော်အဖေဟာလွတ်လပ်ရေးတိုက်ပွဲမှာပါဝင်ခဲ့တယ်။ ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင်က တိုက်ပွဲထူးချွန်ဆုကိုပေးအပ်တာခံရဘူးတယ်။ သူဟာဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေလုပ်ကြံခံရတော့ တပ်ကြပ်ဖြစ်နေပြီ။ သူဟာ အာဇာနည်တွေရဲ့  ဈာပနမှာ လုံခြုံရေးတာဝန်ယူခဲ့ရတယ်။ ၁၉၆၅ ခုနစ်လောက်မှာသူတပ်ကထွက်တယ်။ 
ကျနော်ကို ခလရ-၃၆ မှာ ဖါးဒိုမှာ တပ်စွဲစဉ်မွေးခဲ့တယ်။   ကျနော်ဟာမြန်မာလူမျိုးတဦးပါ။  
မြန်မာ့ တပ်မတော်ရဲ့ လုပ်ရပ်တွေ၊ တိုင်းရင်းသားတွေရဲ့ အခြေအနေကိုကြည့်ပြီး ကျနော်
မြန်မာတယောက်အနေနဲ့  ရှက်မိတယ်။ ၀မ်းနည်းမိတယ်။ ကိုယ်ချင်းစာမိတယ်။ 
ကျနော်အကြွေးရှိတယ်လို့ ခံယူတယ်။ တိုင်းရင်းသားတွေကိုယ်ပိုင်ပြဌာန်းခွင့်ရတဲ့အထိ တူးမီတလက်
ကလောင်တလက်ကိုင်ပြီး ခင်ဗျားတို့ နဲ့ အတူတိုက်ပွဲဝင်ပါမယ်။

- မိုးသီးဇွန် -

18 comments :

Hmoo said...

ကျေးဇူးအထူးတင်ပါတယ်၊တူမီးကိုင်လို့ရတဲ့
နေရာမှာတော့ခြောက်လဆက်တိုက်နေရမယ်
၊မြို့ ပေါ်တက်မပြေးရဘူး... :)

Anonymous said...

စောက်ရူး

Anonymous said...

မအေလိုး၊ မြန်မာပြည်ကောင်းစားမှာ ဒီလောက်ကြောက်နေသလား။ မြန်မာပြည်ဒီမိုကရေစီရရင် မင်းခွေးစားခွက်ပျောက်သွားမှာမို့လား

Anonymous said...

My father was Captain that time..May be your father will know him.. Please say hi for me

Anonymous said...

I think you are inflaming the civil war in Myanmar by installing distrust and hate among our ethnic nationalities.

This country "tiny" Burma will never achieve peace and prosperity if we fight each other instead of focusing on how we can develop our country together. At the end of day, what we people want is a good standard of living, good healthcare, good education and a sense of dignity with deserved human rights. We might have differences but should resolve through negotiation and rational basis. We may be different ethnically, but we must be united under one nation.

Ko Moe Thee, please think before you say something to see where your argument leads to.

Anonymous said...

moe thee,leee bal kwar.

Unknown said...

Ko Moe Thee

If the leaders do not look themselves critically or ignorance the true nature of her politic or doesn’t project properly for the future of country’ then the country herself may end up like the country as once Bogyoke said. We all know that one way or another, that the civil war must be stops as the sooner the better.
The meeting of KIA and delegate from Kyat Pye was beautiful, I think .they both are very intelligence and said what they have to say within their limit of power. The problem is what you or I or any other can help to achieve their gold which is call PEACE

Mingala

Anonymous said...

Let's say, you become a President of country, what's your approach? Moe Thee, you might be worse than communist.
Stop nonsense, please respect your father.

Anonymous said...

ကြိုက်တယ်... များများရေးပေးပါ....

အညာသား said...

မှန်မှန်ကန်ကန်တွေးတယ်၊ မှန်မှန်ကန်ကန်ရေးတယ်၊ ဒါမျိုးကရှားတယ်၊ ဆဲတာကတော့လူတိုင်းတက်တယ်၊ စစ်ခွေးတွေမှာ ဒီလိုအမြင်မျိုးမရှိပါ။

အညာသား said...

မှန်မှန်ကန်ကန်တွေးတတ်တယ်၊ မှန်မှန်ကန်ကန်ရေးတတ်တယ်၊ ဒါမျိုးကရှားတယ်၊ ဆဲတာကတော့လူတိုင်း ဆဲတတ်တယ်၊ စစ်ခွေးတွေဒါမျိုးမတွေးတတ် မရေးတတ်ပါ၊ ပြည်သူအိတ်ကနှိုက်ဖို့ပဲချောင်းနေတယ်၊ ပြည်သူကိုဂုတ်ခွစီးထားတဲ့ကောင်တွေ ကိုမိုးသီးကိုကြည့်မရတာ။ ဒီလိုမှန်တာတွေရေးတတ်လို့ပါ။

ရွှေကရင် said...

ဒေါ်စုတောင် ဒါမျိုးတခါမှ မတွေးမိဘူးထင်တယ် သူကသာ အောင်မြင်ကျော်ကြားနေတာ.ပြည်သူတွေကတော့ ပြားပြားဝပ်ဘဲ။ သူနေအိမ် အကျယ်ချုပ်နေခဲ့ ရတဲ့ ရက်တွေဟာ နော်အုန်းလှ ထောင်ထဲအကြိမ်ကြိမ် နေခဲ့ ရတာတွေလောက် မပင်ပန်းပါဘူး။ လင်သေ သားကွဲ ဖြစ်ရတာတွေလည်း အခြား နိုင်ငံရေးအကျဉ်းသားတွေ လောက်မဆိုးသေးပါဘူး။ ၈၈ မတိုင်ခင် စစ်ခေါင်းဆောင် ဦးနေဝင်း အုပ်ချုပ်တဲ့ တပါတီ အာဏာရှင် အောင် ၂၆ နှစ်လုံးလုံး ပြည်သူတွေ အတိဒုက္ခ ရောက်နေချိန်မှာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေမှာ မိသားစုနဲ့  နေထိုင်နေတဲ့  ဒေါ်စု မြန်မာ ပြည်အကြောင်း ပြောဆိုထားတာတွေ ပြန်လေ့ လာကြည့်တာ တခုမှ မတွေ့ ရဘူး ဒေါ်ခင်ကြည်နေမကောင်းတာနဲ့  ၈၈ လူထုအုံကြွ တာနဲ့  တိုက်တိုက်ဆိုင်ဆိုင် စင်ပေါ်ရောက်လာခဲ့တယ် ဗိုလ်ချုပ်သမီး ဆိုတဲ့ အသိနဲ့ ဝိုင်းမြှောက်ပေးကြတာပါ။ ဗိုလ်ချုပ်က ရရင်ရ မရရင်ချ ဘဲ အခု ဒေါ်စု သွားသလို ရသလောက်အောက်ကနေ ဝင်တောင်းယူမယ် ဆိုရင် အစထဲက လုပ်ပါလား အခုတော့ အချိန်တွေ ကုန်ခံပြီး မှ ရသလောက်ယူမယ် ငါ့ အယူအဆ မှန်ဖို့ အရေးကြီးတယ် ဆိုတာမျိုးဖြစ်နေတယ် လို့ မြင်တယ်။

တကယ်တော့ ကိုမိုးသီးက လူတော်တယောက်ပါ။ တော်တော်အရည်း အချင်းရှိတဲ့လူပါ။ သူပြောတာတွေ ဝေဖန်တာတွေက အရမ်းလက်တွေ့ကျတယ်။ ဒီလိုမျိုးစားတွေများများရေးတာ ကောင်းပါတယ်။ ကျွန်တို့က သူရေတာတွေကို ဆောင့်ပြီးဖတ်နေသူပါ၊ ဗမာပြည်မှာ နောက်တက်လာမဲ့ နိုင်ငံရေးသမားထဲမှာ အလားအလာရှိတဲ့ ခေါင်ဆိုလို့မြင်မိတာကတော့ ဒေါ်စုပြီးရင် သူပဲလို့ထင်မိပါတယ်။ စာတွေကိုကြည့်လိုက်တာနဲ့ ဘယ်လောက်အရည် အချင်းရှိတယ်ဆိုတာကို သိနိုင်ပါတယ်၊ ကိုယ်ကျင့်တရားလဲ အရမ်းကောင်းတဲ့လူလို့သိရပါတယ်။ ကျောင်းသားခေါင်းဆောင်လုပ်တုန်းကလည်း အရမ်းကို အနစ်နာခံတယ်လို့ ဆိုကြပါတယ်။ ဆက်လက်၍ တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်ပါစေ၊

Anonymous said...

တကယ်တော့ မိုးသီးက လူတော်တယောက်ပါ။ တော်တော်အရည်း အချင်းရှိတဲ့လူပါ။ သူပြောတာတွေ ဝေဖန်တာတွေက အရမ်းလက်တွေ့ကျတယ်။ ဒီလိုမျိုးစားတွေများများရေးတာ ကောင်းပါတယ်။ ကျွန်တို့က သူရေတာတွေကို ဆောင့်ပြီးဖတ်နေသူပါ၊ ဗမာပြည်မှာ နောက်တက်လာမဲ့ နိုင်ငံရေးသမားထဲမှာ အလားအလာရှိတဲ့ ခေါင်ဆိုလို့မြင်မိတာကတော့ ဒေါ်စုပြီးရင် သူပဲလို့ထင်မိပါတယ်။ စာတွေကိုကြည့်လိုက်တာနဲ့ ဘယ်လောက်အရည် အချင်းရှိတယ်ဆိုတာကို သိနိုင်ပါတယ်၊ ကိုယ်ကျင့်တရားလဲ အရမ်းကောင်းတဲ့လူလို့သိရပါတယ်။ ကျောင်းသားခေါင်းဆောင်လုပ်တုန်းကလည်း အရမ်းကို အနစ်နာခံတယ်လို့ ဆိုကြပါတယ်။ ဆက်လက်၍ တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်ပါစေ၊

ထောက်ခံသူ said...