Saturday 8 October 2011

လူသားနှင့် မနာလိုမှု - မိုးသီးဇွန် ဆွေးနွေးချက် (Jealousy and human by Moethee)



လူသားနှင့် မနာလိုမှု - မိုးသီးဆွေးနွေးချက်
(Jealousy and human by Moethee)


Ko Sandah Aung ထောက်ပြတဲ့ လူ့သဘာဝက အတူတူဖြစ်ပေမယ့် instinct ကို express လုပ်တဲ့နေရာမှာ ယဉ်ကျေး မှုကိုလိုက်ပြီး ကွဲတယ်လို့ ethnology ဆိုတဲ့အချက်ကို စိတ်ဝင်စားတယ်။
သတိပြုဖို့တချက်က မြန်မာတွေက ပိုပြီး မနာလိုဝန်တိုကြသလား၊ ညံ့သလား၊ တော်သလား။ ပိုပြီး သူတောင်ကောင်း တွေလားဆိုတဲ့ ပြဿနာပါ။ ဒါကတော့ မုနသဗေဒ ကို သေသေ ချာ  ချာ  လေ့လာဖူးရင်တော့ လူ့ယဉ်ကျေးမှု အားလုံးမှာ အတူတူတွေ ဖြစ်နေတာကိုတွေ့ရတယ်။

ယဉ်ကျေးမှု စောခဲ့တဲ့ ပင်မဖြစ်ခဲ့တဲ့ Egypt နဲ့  Roman Civilization မှာရော Hindi civilization မှာရော confusing civilization တွေမှာ လူတွေရဲ့ မနာလိုဝန်တိုမှုတွေကို တွေ့ရတယ်။
ရောမခေတ်ဘာသာရေးမှာ သမဗာဒေ၀ါ လို့ လူသားကပူဇော်ခဲ့ရတဲ့ နတ်ဘုရားဒေ၀ါတွေတောင် မနာလိုဝန်တိုမတွေ ပြည့်နှက်နေတယ်လေ။ ဇု ( Zeus)လို့ခေါ်တဲ့နတ် အပေါင်းတို့ ရဲ အကြီးမှူးရဲ့ မိဘုရားခေါင် ဟာရာ (Hera) ဟာ နတ်ဖရားမ လိတို (leto)ကို သေ လောက်အောင်မုန်းတယ်။ လိတို က ဇု နဲ့ ကိုယ်ဝန်ရတော့ ကလေးမမွေးနိုင်အောင်ကို လုပ်ကြံခဲ့သေးတယ်။ လိတိုမှ မဟုတ် ဇုရဲ့ အသည်းလေးတွေဖြစ်တဲ့ leto၊ Alisoto၊ Semele၊ lamia တို့ကိုလဲ ဟာရာက အသေမုန်း။ အသေမုန်း။

ဆန္ဒန်ဆင်မင်း ၀တ္ထုထဲက စုဌသုဘဒါလို အချစ်မျိုး။ အငြိုးတကြီးနဲ့ကို ပြိုင်ဖက်ကိုမုန်းတာမျိုးပေါ့။ ချစ်သူရဲ အစွယ်ကို တောင်ဖြတ်၊ နားဒေါင်းလုပ်။ နားပန်ပြီး လက်စားချေမိခဲ့မိ။ အငြိုးတကြီးနဲ့ ချစ်မုန်တိုင်းထ မိန်းမရိုင်းဘ၀ကိုခံယူခဲ့ရတာ မျိုး။ ဦးပုညက -မုဆိုးတပိုင်းမိန်းမရိုင်းကို ငါမှာတိုင်းပြောပါလေ  ဆိုပြီး ဆန္ဒာန်ဆင်မင်း က မှာတဲ့ပုံ ရေးဖွဲ့ ခဲ့ တယ်။


ဒီထက်ဆိုးတဲ့မနာလိုမှု ဘာရှိမလဲဗျာ။Buddha Civilization မှာလဲ ပြည့်နက်လို့ပါ။ ဒေ၀ဒတ်(ညီ)ဖြစ်သူက ဗုဒ္ဓ(အကို) ဖြစ်သူကို ကျောက်တုန်းနဲ့ လိမ့်ချလုပ် ကြံဖို့ကြိုးစားတဲ့ ဒေ၀ဒတ်ရဲ စိတ်ဓါတ်ဟာ မနာလိုမှုကအဓိကပေါ့။ ဒီသဘောတွေဟာ ဟိုးမားရဲ့ အီလီယောဒ်နဲ့ အိုဒက်စီ မဟာ ကဗျာရှည်ကြီးတွေမှာ၊ ဟင်ဒီတွေရဲ့ မဟာဘာရတဇတ်တော်၊ ဟီတော်ပဒေသာနဲ့ တရုပ်တွေရဲ့ Red Mention Dream ဝတ္ထုရှည် ကြီးမှာ မနာလိုဝန်တိုတဲ့ လူမနှောတွေကို တွေ့ရတယ်။ မနာလိုမှုက မြန်မာ မှာပိုတယ်ရယ်လို့ ပြောရခက်ပါတယ်။

ပြောရဦးမယ်ဆိုရင်- ရှိတ်စပီးယားရဲ့ အော်သဲလို (Othello) ပြဇတ်ကဖြင့် မနာလိုမှုကို အခြေပြု တည်ဆောက် စံပြပုံနှိုင်း စရာအဖြစ် စာပေမှာဖြစ်နေတုံး။ ဇာတ်ကောင်တဦးဖြစ်တဲ့ Igao ဟာ သူထက်ငယ်တဲ့ Casscio ကို အော်သဲလိုက ရာ ထူးတက်ပေးလိုက်တာကနေစပြီး သူလေးစားခဲ့တဲ့ ဗိုလ်ချုပ်ကြီး အောသဲလိုကို အပေါ်ခံစားချက်ဖြစ်တယ်။ သူက မနာ လို ဖြစ်နေတာကိုး။
ငယ်ငယ်က နှစ်သက်စွဲလန်းခဲ့တဲ့ စင်ဒရဲလားပုံပြင်၊ စနိုးဝှိုက်တို့ဟာ မနာလိုမှုရဲ့ သားကောင်းတွေဘ၀ ကျရောက်ရပုံကို ကျနော်တို့ မျှဝေခံစားခဲ့ကြတယ်။ ခေတ်သစ်ဒစ်စနေ ရုပ်ရှင်က Toy Story အထိ မနာလိုမှုဟာ လူသားမှာ အမြစ်တွဲဆွဲ ကပ်နေတာကို ဖေါ်ထုတ်ထားကြတယ်။လူသာမှာ
ကိန်းဝပ်နေတဲ့ မနာလိုမှုကို အသာထားဦး ဘာသာတရားတွေမှာတောင် မနာလိုမှုကို မထိမ်းချုပ်နိုင်ကြဘူး။ ဘာသာတရားတွေထဲမှာမနာလိုမှုရှိတာကို Jealousy in religion ၀ီကီဒီပီဒီယား ၀က်ဆိုက်က ပညာရှင်တဦးတင်ပြထား တဲ့ ဆောင်းပါးတပုဒ်ဟာဖြင့် စိတ်ဝင်စားဖို့ အတော်ကောင်းပါတယ်။

 ဒီထဲက ဂျူးဘာသာမှာ "Hear, Israel: Yahweh is our God; Yahweh is one." (Deuteronomy 6:4, World English Bible)ကို ကြည့်ရင် တဆူတည်းသော ဘုရားကို သာကိုးကွယ်ဖို့ တိုက်တွန်းထားတယ်။ တခြားဘုရားတွေကိုးကွယ်တာကို မကြိုက်ဘူးတဲ့။ မနာလိုဘူးပေါ့။ ပညတ်တော် ဆယ်ပါးမှာ ခုလို ပွင့်ပွင့်လင်း ပဲ ပြောထားတယ်။ 

"You shall not make for yourselves an idol, nor any image of anything that is in the heavens above, or that is in the earth beneath, or that is in the water under the earth: you shall not bow yourself down to them, nor serve them, for I, Yahweh your God, am a jealous God, visiting the iniquity of the fathers on the children, on the third and on the fourth generation of those who hate me, and showing loving kindness to thousands of those who love me and keep my commandments." (Exodus 20:4-6, World English Bible)
အရူးအလုပ်မခံရစေနဲဟော့ဒီမိုးအောက်မြေပြင်မှာငါလိုဘုရားကလွဲလိုဘယ်သူကိုမှမကိုးကွယ်ရဘူးလိုဆိုတယ်။ ကိုယ်ကိုယုံကြည်လှပါခြည်ရဲ့ ဆိုသောအနှီးလူသားဟာ၊သူများတွေကိုလဲကိုးကွယ်တယ်ဆိုတာသိတော့မနလိုဖြစ်သပေါ့။ တကယ်က ဘာဖြစ်ရမတုံး။ကိုယ်ကိုကိုယ်ယုံကြည်ချက်ရှိဖို့ ပဲအရေးကြီးဆုံးမဟုတ်လား။ဒါပေမဲ့ ဘုရားဆိုတော့ လူသားက မဝေဖန်ရဲပေဘူး။ ဒါအပြင်ငါသည်မနာလိုမှုရှိသောဘုရားပင်တည်း၊ I am a jealous god လို့ တောင်ဆိုထားပါတယ်။
အနှီး ခရစ်ရန်ယျဉ်ကျေး ( Christand ) နဲ့ ဂျူဒစ်ဇင်ယျဉ်ကျေးမှုတွေပင်မက အစ္စလန်ယျဉ်ကျေးမှု ( Islamic Civilization)  တွေမှာလဲ မနာလိုမှုကရှိတယ်။ ဒါကို မူစလင်ပညာရှိတွေကဖေါ်ထုတ်ပြပါတယ်။
According to some Muslim scholars being jealous is akin to being displeased with what God has given and not given to certain people. Thus, these scholars advise dealing with jealousy by being grateful (shukr) for what one has, and being patient (sabr) while waiting for what one desires.  လူတယောက်နဲ့ တယောက်ကြီးပွားပုံမတူကြဘူး။ အကျိုးပေးပုံမတူဘူး။ ဒီတော့မနာလိုဖြစ်ကြတယ်။ ဒါကြောင့်မူစလင် ဘာသာရေးဆရာတွေက ဘုရားသခင်ရဲ ကျေးဇူးတော်-   စုခရုဖ် ( Shukr)   သိကြ။ သည်းခံမှုတရား- ဆာဗ်ဘ် sabr ကိုလက်ကိုင်ပြုကြလို့ တိုက်တွန်းရတော့တယ်။ ဒီအချက် အစ္စလန်းလူအဖွဲ့ စည်းမှု မနာလိုမှုဟာ သဘာဝတရားတခုလို တည် ရှိနေတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ 

ဒီလိုဘာသာရေးနဲ့ လူမှုရေးမှာ မနာလိုမှုတွေ ကိန်းဝပ်ခဲ့တဲ့ လူဖွဲ့ စည်းတွေမှာဘာကြောင့် နိင်ငံတော်တွေဟာဖွင့်ဖြိုးတိုးတက်လာပါသလဲ။ လူအဖွဲ့ စည်းဟာ ချမ်းသားကြီးပွားလာပါသလဲ။ ဒီမိုကရေစီဟာ စည်ပင်ဖွင့်ဖြိုးလာခဲ့ပါသလဲ။  အဖြေကရှင်းပါတယ်။ လူအဖွဲ့ စည်းမှာ နိင်ငံရေး နဲ စီးပွားရေး အစွမ်းကုန် ဖွင့်ဖြိုးလာတယ်။ အခြေခံကြတဲ့ နိင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေက စီးပွားရးကို
အစွမ်းကုန်ဖွင့်ဖြိုးစေတယ် ။ အသီးအပွင့်ကတော့ ပိုမိုလစ်ဘရယ်ကြတဲ့လူလောကကိုတည်ဆောက်လာနိင်တယ်။ ဒါကမနာလိုမှုကိုထိမ်းသိမ်းလာနိင်တယ်။ ပစ္စည်းဥစ္စာတိုးတက်မှုက လူသားကိုနေရာတိုင်းမှာ ယုံကြည်မှုဖြစ်လာစေတယ်။ လူမှုဆက်ဆံရေးမှာ စိတ်ဟာ ဘယ်လောက်ပဲအခြခံကြနေဦး ဘာသာရေးထက် လက်တွေလူမှုဘ၀တွေမှာ ရုပ်ဝတ္တုဖွင့်ဖြိုးတိုးတက်သလား၊ မတိုးတက်ဘူးလားက လူမှုဆက်ဆံရေးနယ်ပယ်အသီးသီးမှာ စံနှုန်း ပြကရိယာ (  Parameter )  တခုဖြစ်နေသေးလို့ ပါပဲ။ 


တိတိကျကျပြောရရင်စီးပွားရေးဖွင့်ဖြိုးမှုကလူမှုဆက်ဆံရေးကိုပြောင်းလဲလာတယ်။ ယုံကြည်မှုတွေရှိလာစေတယ်။ ပီနန်ဆရာတော်ကြီးက လောဘကို ပစ္စည်းနဲ့  ပဲသတ်လို့  ရတယ်ကွဟုတခါက ကျနော်ကိုမိန့် ကြားဘူးတယ်။ သူရဲ့  အယူဆက ဘုရားဟောနဲ့ ဖီလာနေကောင်းနေပါတယ်။ ဒါပေမဲ့ဒါဟာ ဖြစ်နေတယ်။ ဆင်းရဲလွန်းတဲ့လူအဖွဲ့ စည်းမှာ အစားတလုပ်အတွက်မနာလိုဂုံတိုက်မှုတွေပိုများပါတယ်။ ကျင့်ဝတ် အမှတ့် ဟာ စားဝတ်နေရေး၊ဲ့  အသက်ရှင်ရပ်တည်ရေးဆိုတ စိန်ခေါ်မှုက ကြီးလာတာနဲ့ အမျှ လူဂုဏ်သိက္ခာ မျဉ်းအောက်မှာ ရှိနေတော့တာပါပဲ။ လူနဲ့ တရိစ္ဆာန် ကျင့်ဝတ်အမှတ်ပေးဇယားမှာ အထက်အောက် အပြန်အလှန် တည်ရှိမှုတွေရှိခဲ့ပါတယ်။ 

 ဘုရင်နောင်ကျော်ထင်အနော်ရထာ ဦးဆောင်တဲ့ဟံသာဝတီ ခေတ် မှာ ယိုးဒယားတယောက်ဟာ ဟံသာဝတီနိင်ငံသာ (    Citizen of Hongsawade) ဖြစ်ခြင်ကြတယ်။  ဒါကို ထိုင်းလူမျိုး ဒါရိုက်တာ ချာတီချာလန် ယုကိုင် (Chatreechalerm Yukol) ရိုက်ကူးတဲ့   Kingdom of War  (လက်နက်နိင်ငံတော်)
ရုပ်ရှင်မှာယိုးဒယားတယောက်ကထိုင်းတမျိုးသားလုံးဘေးဒုက္ခရင်ဆိုင်ရချိန်မှာတောင်သူအတွက်ဟံသာဝတီမှာ နိင်ငံသားအဖြစ်အသိမှတ်ပြု ခွင့်ရခဲ့မှုက ပိုအရေးကြီးနေတယ်။ 

ခုခေတ် ထိုင်း၊ ဂျပန်၊ စင်္ကပူမှာ မြန်မာ တွေနေထိုင်ခွင့်ရဖို အတွက် ကြိုးပန်းနေကြရသလိုပေါ့။ အမေရိကန်နိင်ငံမှာနေထိုင်နိင်ဖို့ မုသာဝါဒ ကိုအနည်းနဲ့ အများ  ကျူးလွန်းခဲ့ကြရသလိုမျိုးပေါ့။
မနာလိုမှုအပေါင်းကမလုံခြုံမှုကလာတာဆိုတာကိုစိတ်ပညာရှင်တွေတညီတညွတ်အသိမှတ်ပြုထားကြတဲ့အတွက်
ဟိုးခေတ်ကဗမာတယောက် နဲ့ ဒီနေ့ ခေတ်ဗမာတယောက်ရဲ့ မနာလိုမှုကပိုမိုကြီးထွားလာပြီ။ ဟိုခေတ်ကဗမာတယောက်လို ဒီခေတ်မြန်မာ နိင်ငံသားတယောက်ဟာ ဘာကြောင့်လုံခြုံမှုမရှိတော့ဘူးဆိုတာကို အထူးရှင်းတော့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်သတိပေးသလိုဖြစ်လာတော့တာပေါ့။ သူက အချိန် မတ္တာ (Time Matter )  ကွာဟမှုကိုတော့ သတိပြုမိပုံမရခဲ့ပါဘူး။ 

ကျနော်မြင်တဲ့ အယူဆကတော့လူအဖွဲ့စည်းက အကြပ်တည်းကြီးမားနေတဲ့ကာလမှာ လူဟာ ပိုပြီး တရိစ္ဆာန်စိတ်(မနာလိုမှု) ဖြစ်လာတာကိုတွေ့ရတယ်။ လူလူချင်း ပိုပြီးမနာလို ၀န်တို ငြူစူမှုတွေဟာဖြင့် ရှိသပေါ့။ မနာလိုစိတ်က သိမ်ငယ်စိတ်ကိုအခြေခံလာတာပါ။ ဦးနေ၀င်း၊ ဗိုလ်သန်းရွှေတို့မှာ ဒီစိတ်အကြီးမားဆုံးရှိနေတယ်လို့ ကျနော် ယူဆတယ်။ မနာလိုမှုဟာ လူတယောက် အကြပ်ဆိုက်ချိန် ကာတခု (Crisis) မှာပေါ်လာတယ်။ ဒါကိုသတိပြုပြီးကျော်လွားနိင်ဖို့။ အသွေးသားမှာပါလာတဲ့ လူသားရဲ့ ရောဂါဖြစ် တယ်ဆိုတာကို သတိပြုနိုင်ရင်ဖြင့် အရေးတော်ပုံကာလမှာ ကျော်လွှားနိုင်မယ်လို့ ယူဆမိတာပါပဲ။ မနာလိုမှုကို ကုစား နိုင်တဲ့ နည်းလမ်းတခုကတော့ ဗုဒ္ဓရဲ့သင်ကြားချက်တခုဖြစ်တဲ့ မေတ္တာပို့နည်းကတော့ဖြင့် သက်သာစေနိုင်တယ်လို့ အကြံပြုချင်တယ်။ ပျောက်ကင်းနိုင်ဖို့ဆိုတာကတော့ ကျနော်တို့ရဲ့ ရောဂါအနုအအရင့်ပေါ်မှာ မူတည်မယ်လို့တော့ထင် တယ်။


မိုးသီးဇွန်

4 comments :

Anonymous said...

ကိုမိုးသီး
ခင်ဗျားရဲ့ဆောင်းပါးဖတ်ရတော့ ကျနော်အမြင်ကတော့ မနာလို မှုဆိုတာ ပြည်ပရောက်အတိုက် ခံတွေကို သွားမြင်တယ်။ တရုပ် ပြည် စီးပွါးရေးပြောင်းလဲခဲ့ပေမယ့် ခေါင်းဆောင်ပိုင်းနဲ့ နိုင်ငံရေး ပေါ်လစီ မပြောင်းခဲ့ဘူး။ ဒါပေမယ့် အခု စီးပွါးရေးအောင်မြင်လာတဲ့ အခါမှာတော့ ခေါင်းဆောင်ပိုင်းမှာ အခု အားလုံးပညာတတ်တွေ ၀င်နေရာယူလာကြတာတွေ့ ရတယ်။ ဒါကြောင့်စီးပွါးရေး ဖွင့် ပေးလိုက်ပြီးရင်တော့ နိုင်ငံရေးက မပြောင်းလဲလို့မရဘူးလို့ ထင်တာ ဘဲ။ အမေစု အခုပေါင်းစည်းကူ ညီမှုအပေါ်ကို ၀ိုင်းပြီး အပြစ် တင်နေကြသူတွေမစောလွန်းဘူး လားလို့ ။ နိုင်ငံရေးအကျဉ်းသား မလွှတ်သေးဘူး၊ စာနယ်ဇင်းလွတ် လပ်ခွင့်မရှိသေးဘူးဆိုတာမှန် ပေ မယ့် အပြုသဘောဆောင်တာ တွေကတော့ ဦးနေ၀င်းလက်ထက် သန်းရွှေလက်ထက်နဲ့ မတူသလို ဘဲ စောင့်ကြည့်ဘို့တော့ လိုသေးတယ်ထင်တယ်။ တဘက်မှာ အာဆီယံ ကိုဗမာပြည်မှာ ကျင်းပစေချင်တဲ့ စိတ်ရှိလို့ လုပ်တယ်ဆိုတဲ့ သံသယတော့ရှိနေပါတယ်။ အမေစု ကိုတော့ ကျနော်ယုံကြည်တယ်။ သူဟာ နိုင်ငံရေး အမြတ်ထုပ်ချင် တဲ့ စိတ်လုံးဝမရှိတဲ့သူပါ။ နောက်သတင်းတွေအမှားတွေ ဖြန့်ချီနေတါက စစ်အစိုးရရဲ့ လုပ် ရပ်နဲ့ သွားတူနေတယ်။ ကျနော်တို့ မှာ နိုင်ငံတွင်းမှာတုန်းက သူတို့ သတင်းမှားတွေအပေါ် အမှောင် တိုက်ထဲနေခဲ့ရတယ်။ အခု ပြည်ပ သတင်းဌာနတွေကလည်း အခု ဆောင်းပါးထဲရေးထားတဲ့ မနာလိုမှုလိုမျိုးဘဲ .. ဦးစိန်ကျော်လှိုင်သတင်းကို သေချာမသိဘဲရေးတာဖြစ် နေတယ်။ နောက်ဆို ကျနော်တို့  မှာ ဘယ်သူ့ သတင်းယုံရလဲ ဆိုတာမျိုးဖြစ်စေတယ်။ ပြည်ပ သတင်းဌာန တွေကို ယုံကြည် မှုအပြည့်အ၀ထားစေချင်တယ်။

Anonymous said...

ကိုမိုးသီးစာတွေက ခုနောက်ပိုင်း ကောင်းလာတယ်ဗျ ပိုပီးသိမ်မွေ့ လာတယ်။

Anonymous said...

ကြိုက်တယ် ကိုမိုးသီး. အရေးအသားတွေဟာ အသက်အရွယ်အရ ပိုရင့်ကျက်လာတယ်။

Anonymous said...

i still don't get what he was trying to say?

Ko moe thee.], you want to say Thai prime minister yin luck jealous of daw su kyi? coz she didn't go and meet the lady?

Say it loud if you mean it.