Saturday 22 October 2011

မြန်မာပြည်ကိုသွားလို့  ထိုင်းဝန်ကြီးချုပ် ရင်လတ် အကုသိုလ်ဝင် ဟု ထိုင်းတွေ ယူဆလာကြ


ဝန်ကြီးချုပ်ရင်လတ် ဟာ မြန်မာ ပြည်ကိုသွားလည်ပတ်ခဲ့တဲ့အတွက် စစ်အစိုးရရဲ့ အကုသိုလ်တွေ ဟာ ထိုင်းနိင်ငံကိုရောက်ရတာလို့ ပြောဆိုနေကြပါတယ်။သမိုင်းမှာ အဆိုးဝါးဆုံးရေဘေးဒုက္ခနဲ့ကြုံရတာလို့ 
ယူဆနေကြပါတယ်။

  မြန်မရော ထိုင်းလူမျိုးတွေက ဘာသာရေးအစွဲအလန်းအလွန်ရှိတယ်။
ဦးနေ၀င်းက သူသမတဖြစ်ချိန်မှာ လူထုအုံကြွမှုကြီးဖြစ်မယ်လို့ သူရဲ့ လက်စွဲကျော်ဗေဒင်ဆရာမြိုင်က ပြောတဲ့
အတွက်ယတြာချေတဲ့အနေနဲ့  ထိုင်းဘုရင်ကို ဘုရားတဆူလက်ဆောင်ပေးခဲ့ပါတယ်။ ထိုင်းဘုရင်ကို ပြန်ခါ
နီးမှာ ပုခုန်းပုတ်နှုတ်ဆက်ပြန်ခဲ့တာ ကို ထိုင်းလူမျိုးတွေစိတ်ဆိုးကြပါတယ်။ ဘုရင်စနစ်ကိုကျင့်သုံးတဲ့ 
အင်္ဂလန်၊ထိုင်းနိင်ငံတွေမှာ ဘုရင်တွေကိုနှုတ်ဆက်ရင် ကိုင်တွယ်ခြင်းမပြုကြရတာက သံတမန်ကျင့်ဝတ်
တခုအဖြစ်သတ်မှတ်ထားကြပါတယ်။ ဒါကို ဦးနေ၀င်းကပုခုံးကို ပုတ်နှုတ်ဆက်ပြန်ခဲ့တာဖြစ်ပါတယ်။ 
ထိုင်းတွေက စိတ်ဆိုးတယ်။ မြန်မာဖက်က ယတြာချေတာလို့ ယူဆကြတယ်။ 
တခါ တပ်ဆင် အာဏာရစဉ်မှာ သူဗေဒင်ဆရာက ပြုတ်မယ်။ တိုင်းပြည်ကနေ ထွက်ပြေးရမယ်လို့ ဟောတဲ့
အတွက် တပ်ဆင်ဟာ ၁ လလောက် ပါလီမန်မတက်ပဲ တရားစခန်းဝင်တယ်။ ယတြာယာချေတဲ့အနေနဲ့  
မြန်မာပြည်ဖက် မြ၀တီမြို့ ကိုတရက်အလယ်လာခဲ့တယ်။ အဓိပါယ်ကတော့ သူအကုသိုလ်တွေကို 
မြန်မာ ပြည်ဖက်ကို လာပို့ လိုက်တာပါ။ နိင်ငံတော်ဝန်ကြီးချုပ်တယောက်က တရားဝင်ရန်ကုန်ကိုမသွားပဲ
နယ်ခြားမြို့ ကိုကူးပြီး လာလည်တယ်ဆိုတာ သိပ်တော့ ကြည့်လို့ မကောင်းပါဘူး။ ရန်ကုန်ကိုတရားဝင်
အလည်သွားတော့လည်း ရန်ကုန်က ရူးကြောင်ကြောင်  အီးတီ ထံမှာ သူအနာဂတ်ကိုမေးတယ်လို့ လဲသိရ
ပါတယ်။ အခုထိုင်းတွေက ရင်လတ်ကို မြန်မာ ပြည်ဖက်ကို တခါ ပြန်ပြီးအကုသိုလ်တွေပြန်ပို့ ဖို့  
လိုတယ်လို့ ဆွေးနွေးနေကြတယ်လို့ ထိုင်းအရပ်သားလောကမှာပြောဆိုနေကြပါတယ်။ 

တိုက်ဆိုင်မှုလို့ ပြောလို့ ရမလား- မြန်မာ ပြည်ကိုသွား ပြီး စစ်အုပ်စုနဲ့ တွေ့ ခဲ့သူမှန်သမျှဟာ အကုသိုလ်မျိုးစုံဝင်ပြီး ကာလနာတိုက်လေ့ရှိကြတယ်။ နာမည်ပျက်၊ စီးပွားပျက်တွေဖြစ်ကြရပါတယ်။ 


12 comments :

zaw said...

Don't believe that all n let we thinking about actually cause n stay on current event things

GNX said...

So you wanna say all the 56 million people in burma are the emobodiments of misfortunes? look, the floor happened before she left thailand. Check the date lines first before you post something. http://en.wikipedia.org/wiki/2011_Thailand_floods
you idiotic moderaters not only disgrace ko moethee and urselves, but also ur readers. go stick ur heads somewhere in the sand and thinking about having a higher education other than begrudging over somebody.

TTT said...

ဘာမှ မဆိုင်ပါ။ ကမ္ဘာကြီး ပူနွေးလာမယ်။ ကမ္ဘာမြေပြင်ရဲ့ ဧရိယာတချို့ နစ်မြုတ်မယ်ဆိုတာ သိပ္ဗံပညာရှင်တွေက ကြိုတင် ဟောကိန်းထုတ်ပြီးသား။ နောင်နှစ် ၄၀ အတွင်း တိုကျို၊ နယူးယောက်၊ ဘန်ကောက်၊ နဲ့ အခြားမြို့တွေ ရေအောက်ကို ရောက်ရတော့မယ်ဆိုတာ ပြောပြီးသားပါ။

နောက်ပြီး ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဟာ ဘယ်တုန်းက တည်ငြိမ်ဘူးလို့လဲ။ တောက်လျှောက် ပြဿနာပေါ်နေခဲ့တာ။

Nyo said...

ထိုင်းဘုရင့်နိုင်ငံမှာ မိန်းမ အုပ်ချုပ်နေလို့ ဖြစ်မယ် ... ခိုက်တယ်ဆိုတာ အဲဒါပဲ... မြန်မာကိုအလည်မသွားခင်ကတည်းက ထိုင်းမှာ ရဟတ်ယာဉ်တွေက ပျက်ကျနေပြီးပါပြီ ... ဘာရယ်မဟုတ် ပျော်စေ-ပျက်စေ ပြောတာနော်... ၂၁ ရာစုမှာ ဒါမျိုးအမြင်တွေ မရှိသင့်တော့ပါဘူး :D

Anonymous said...

Yin latt, Yin latt, nice name with
no much luck. Repent girl, next time pay respect to DAASK.

Anonymous said...

moe thee yay,,,lee bal kwar.lee bal kwar

38 Brothers said...

What have you been smoking mate? :))))

Anonymous said...

ဖြစ်နိုင်တာပေါ့လေ လူတိုင်းတွေကမြန်မာပြည်ကိုသွားပြီး ဒေါ်စု နဲ့သွားတွေ့ ကြတယ် သူကဒေါ်စုနဲ့ မတွေ့ ဘဲ ဟိုလူတွေနဲ့ သွားတွေ့ တော့ အကုသိုလ်များလို့ ဖြစ်မှာပေါ့ တာကသူ့ ကုသိုလ်ကံနဲ့ သူဘဲ

Anonymous said...

You cant blame thai people, they believe in all kind of oman,

King Sin Phyu Shin who burn own ayodaya cursed upon thai monarchy that thailand will be destroyed again when Rama 10 take the crown, current king was Rama 9, when he pass away( very soon), his son (people hate him) will be Rama 10. thats when thailand will be fall apart. And all the thai believe this curse deeply. They have a plan that Princesses Siri Don to take the crown for like 6 months before her brother. so that they c an skip Rama 10 number. But now it didn't seen the plan is work. Thailand encountered 1 problem after another. seems like they cant escape from the Curse of powerful ancient Myanamr king.

Anonymous said...

ရဲရဲတောက် ကိုမိုးသီးမှာ ဒီလိုမျိုး အဓိပါယ်မရှိတာတွေလည်း ယုံကြည်တတ်တာပါပဲလား။
ဒါမှမဟုတ် အစိုးရကို အပုတ်ချချင်လို့ ထိုင်းတွေကို
အသုံးချလိုက်တာများလား။
အစိုးရကို အပုတ်ချချင်ရင် တစ်ခြားထောက်ပြအပြစ်ပြော
စရာတွေက ကိစ္စရပ်တိုင်းမှာ ရှိနေပါတယ်ဗျာ။
ကိုမိုးသီးရဲ့ blog ကို ၀င်ကြည့်တဲ့သူတိုင်းမှာ အနိမ့်ဆုံးအဆင့် အထက်တန်းပညာလောက်တော့ သင်ယူ
ပြီးခဲ့တဲ့သူတွေချည့်ဖြစ်ဖို့ များပါတယ်။
ကိုယ့် blog ကို ၀င်ကြည့်တဲ့သူတွေကို လေးစားတဲ့စိတ်ကလေး ထားစေချင်ပါတယ်ဗျာ။

Anonymous said...

ဒီဘလော့မှာတင်နေတာတွေ စောက်တလွှဲတွေကြီးပဲကွာ ...

Anonymous said...

မိုးသီးဇွန် အရူးချီးပန်းလျှောက်ပြောနေတယ်။ ရေးစရာမရှိတော့လည်း ရှာကြံရေးရတာလဲ အမောဘဲ။ ယင်လတ် မြန်မာနိုင်ငံ မသွားခင်ကတည်းက ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် တို့ မယ်ဆိုင် တို့မှာ ရေတွေ တက်နေပါပြီ။ ယင်လတ် ၀န်ကြီးချုပ်အရွှေးမခံရခင် ကတည်းက ထိုင်းနိုင်ငံမှာ မိုးတွေ အဆက်မပြတ်ရွာနေပြီ။ ရေကာတာတွေမှာ ရေတွေပြည့်နေပြီ။ မိန်းမအုပ်ချုပ်လို့ နိုင်ငံက အဲ့ဒီလိုဖြစ်ကြေးဆိုရင် ကမ္ဘာပေါ်မှာ မိန်းမအုပ်ချုပ်တဲ့နိုင်ငံ ဘယ်နှစ်ခုရှိလဲ ဆိုတာ ခင်ဗျားသိရဲ့လား?။ အဲ့ဒီ နိုင်ငံတွေမှာရော ဘာကြောင့် ဘေးဒုက္ခမကြုံရတာလဲ?။ စောက်ရူး။ ဘာတွေရေးမှန်းမသိဘူး။