Tuesday 1 November 2011

လစ်ဗျား မှာ အသွင်ကူးပြောင်းရေး ကောင်စီ က ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် ရွေးချယ်


လစ်ဗျား မှာ အသွင်ကူးပြောင်းရေး ကောင်စီ က  ကောင်စီ အဖွဲ့ဝင်  မဲ ပေးသူ ၅၁  ဦး မှာ ၂၆ မဲဖြင့်  ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် သစ် ကို ရွေးချယ်လိုက်ပါပြီ။ ရွေးချယ်ခန့်အပ်ခြင်းခံ လိုက်ရတဲ့ သူကတော့ Abdurrahim El-Keib ဆိုသူ အင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး၊ သူဟာ University of Alabama and Abu Dhabi's Petroleum Instituteှာ ပညာသင်ကြားပို့ချပေးနေတဲ့ တက္ကသိုလ်  အင်ဂျင်နီယာ ဌာနဆိုင်ရာ ပေါမောက္ခ တစ်ဦးဖြစ်တယ်။

သူဟာ လစ်ဗျား က နေ ထွက်ခွာခဲ့ပြီး၊ ၁၉၇၅ ခုနှစ် ကတည်းက အမေရိကန်မှာ နေထိုင်ခဲ့သည်။ သူဟာ ထရစ်ပိုလီ တက္ကသိုလ်မှာ ၁၉၇၃ ခုနှစ်က ဘွဲ့ရရှိခဲ့ပြီး၊ ၁၉၇၆ ခုနှစ်မှာ  တောင် ကယ်လီဖိုးနှီးယား တက္ကသိုလ်ကနေ မဟာသိပ္ပံ ဘွဲ့ကို ရရှိခဲ့တယ်။ ၁၉၈၄ ခုနှစ်မှာ မြောက် ကာရိုလိုင်းနား တက္ကသိုလ်ကနေ အင်ဂျင်နီယာ ပါရဂူဘွဲ့ ကို ရရှိခဲ့တယ်။  ၁၉၈၅ ခုနှစ်  က စတင်ပြီး တက္ကသိုလ်မှာ အင်ဂျင်နီယာ ဘာသာရပ် ကို သင်ကြားပို့ချခဲ့သူဖြစ်ပါတယ်။  သူဟာ စွမ်းအင်၊ စီးပွားရေး၊ စီမံခန့်ခွဲအုပ်ချုပ်မှုမှာ အတွေ့ အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။

လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ က   သူဟာ လစ်ဗျား အနာဂတ် ကို ဦးဆောင်ပေးနိုင်မဲ့ အရည်အချင်း ရှိသူ တစ်ဦးဖြစ်တယ်လို့ ပြောဆိုခဲ့ကြတယ်။ Abdurrahim El-Keib နိုင်ငံတကာ က အသိအမှတ် ပြုမှု၊ လေးစားမှု ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။

လစ်ဗျား နိုင်ငံမှာ  အာဏာရှင် ကဒါဗီ က အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရှင်များ ကို ဖမ်းဆီးထောင်ချ နှိပ်ကွပ်ခဲ့မှုကြောင့်  တိုင်းပြည် ကို ဦးဆောင်နိုင်မည့် အရည်အချင်းရှိသူများ၊ နိုင်ငံတကာ အတွေ့အကြုံရှိသူများ  လစ်ဗျား အတိုက်အခံ အတွင်း နည်းပါးခဲ့သလို၊  အာဏာရှင် ကဒါဗီ ကို ထောက်ခံ သည့်ဖက် မှာလည်း နိမ့်ကျခဲ့သည့် ပညာရေးစနစ်ကြောင့် တိုင်းပြည် ကို ဦးဆောင်နိုင်မည့် အရည်အချင်းရှိသူများ၊ အတွေ့အကြုံရှိသူများ မရှိ ဖြစ်ခဲ့ရတယ်။

Abdurrahim El-Keib ဟာ  လစ်ဗျား  အသွင်ကူးပြောင်းရေး ကောင်စီ က တိုက်ရိုက်ခန့်အပ်တာမဟုတ်ပဲ၊ မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြောက်ခံရသူ တစ်ဦးဖြစ်တာကြောင့် လစ်ဗျား ဒီမိုကရေစီ အတွက် အစဉ်အလာ ကောင်းတစ်ခုဖြစ်တယ်လို့ လစ်ဗျားနိုင်ငံရေး လေ့လာသူတွေက ပြောဆိုနေကြပါတယ်။

No comments :