ပြည်တွင်းစစ် ( မိုးသီးဇွန် )
ကျနော် အဖေစစ်တပ်ကထွက်တော့ကျုံပျော်မှာနေကြတယ်။
အဖေက တပ်ကြပ်အဆင့်နဲ့  ခလရ -၃၆ က ထွက်တာ ။ ၁၉၆၄ ခုနစ်လောက်မှာထွက်လိုက်တာ။
ပြည်တွင်းစစ် မီးက အစွမ်းကုန် တောက်နေတယ်။ ကျနော် မိတ်ဆွေ လည်းဖြစ်၊ အကိုလိုလဲချစ်ခင်ရတဲ့ ကိုအောင်ပွင့်( ကဗျာဆရာ) ရဲ့  အဖြစ်ကရင်နင့်စရာသူမိခင်ဟာဈေးသွားဝယ်မယ်ဆိုပြီးထွက်သွားတာ။ နှစ်ဖက်ပြစ်ခတ်နေတဲ့ကျည်သင့်ပြီး မိခင်ဆုံးပါးသွားတဲ့အကြောင်း ကို ပြောပြဘူးတယ်။ အဖေသာစစ်တပ်ကထွက်လိုက်တယ်။ ပြည်တွင်းစစ်မီးက မငြိမ်းတာခုထိ။
အဖေက စစ်တပ်ကထွက်ပြီး
ယကန်းစင်ထောင်တယ်။ ပုဆိုးတွေ ယက် ကြတာမှတ်မိတယ်။ တညမှာ ကျနော်တို့ နေတဲ
့ရွာကိုကရင် သူပုန်တွေဝင်လာတယ်။ ကျနော်တို့ အိမ်ကိုဝိုင်းလိုက်တယ်။
အဖေရယ်၊အမေရယ်၊ ကျနော် တို့ မောင်နှမတွေရယ်ယက်ကန်းစင်တွေကြားဝင်ပုန်းနေကြတယ်။ မှောင်ထဲမှာသူတို
့ကိုမြင်နေရတယ်။ အဖေကိုထွက်ခဲ့ဖို့  အပြင်ကအော်နေတယ်။
တအိမ်လုံးကြောက်နေကြတယ်။ ကျနော်က အဖေကို အဖေ့ စက်သေနတ် နဲ့  ထွက်ပြစ်လို
က်လေကို အကြံပေးတယ်။ ကျနော်က အဲ့ဒီချိန်က အငယ်ဆုံး။ အမေက ကျနော်ပါးစပ်ကို
လက်နဲ ပိတ်လိုက်တယ်။ သူပုန်တွေနဲ့ အတူ ရွာသူကြီးတွေလူကြီးတွေပါပါလာပုံရတယ်။
ရွာကလည်း ကရင်အများစုနေတဲ့ရွာ။ သူတို့ က သူပုန်ခေါင်းဆောင်ကို ဒီဆရာကြီးက
လူကောင်းပါ ။ ပြသနာမရှာဖို့  မေတ္တာရပ်ခံနေတယ်။ ဒီတော့ သူပုန်တွေက
ပြန်ထွက်သွားတယ်။ သူတို့ ပြန်သွားမှာ အဖေတို့ အမေတို့ ဟင်းချနိင်ကြတယ်။
သူပုန်ဝိုင်းစဉ်က သေနတ် နဲ့ ပြန်ပြစ်ပါလားလို့  ပြောတဲ့ကျနော်စကားက သူတို
့ရီစရာမောစရာ၊ စိတ်သက်သာရာဖြစ်နေတယ်။ အဲ့ဒီတုံးက ကျနော် ၃ နစ်လောက်ရှိမပေါ့။
အဲ့ဒီတုံးက အိမ်ကိုလာဝိုင်းတဲ့သူပုန်တွေနဲ့  ကျနော်ဟာ လက်တွဲလုပ်ရမယ်လို့ 
ကျနော်မိဘတွေရော၊ ကျနော်ပါမတွေးမိဘူး။
ပို ပြီး အံသြဖို့ ကောင်းတာက -
တောထဲရောက်တော့ ကေအင်ယူထဲက မိတ်ဆွေတွေကို ဒီအကြောင်းပြောဖြစ်တယ်။
ကျနော်တို့ အိမ်ကိုလာဝိုင်းစဉ်က ပါလာတဲ့ ကရင် သူပုန်ကို ပြန်တွေ့ ရတယ်။ သူက
တပ်မဟာ ၄ က ဗိုလ်မှုး ဟန်ကြည်ဆိုတဲ့ ကရင် လူကြီးဖြစ်နေတယ်။ သူနဲ
့ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ကြတယ်။ ကျုံးပျော်မြို့ စွန် က
ယက်ကန်းစင်ထောင်တဲ့ အိမ်ကို သူက မှတ်မိတယ်။ ကျနော့်အမေကိုပါသူကမှတ်မိနေတယ်လို့ ဆိုတယ်။ ၀ိုင်းတုံးက ပါတယ်လို
့ပြန်ပြောပြတယ်။
5 comments :
အမှန်တကယ်တော့ ကိုမိုးသီးက ချစ်စရာကောင်ပါတယ်။ ရိုးသားတယ် ပွင့်လင်းတယ်။ယောက်ကျားဆန်တယ်။ ဒါပေမဲ့ ညဏ်လေး နဲနဲကူလိုက်ရင် ဒီထက်ပိုတော်လာမယ်။
အမှန်တကယ်တော့ ကောင်လေး က ထောင်အတွေ.အကြုံမရှိသေးတာပါ၊
ထောင်အတွေ.အကြုံလေး နဲနဲကူလိုက်ရင် ဒီထက်ပိုတော်လာမယ်။ အဲဒါ မရှိရင် နောင်အမတ် မဖြစ်နိုင်ဘူး။
right!!!!!
ထောင်အတွေ့ အကြုံတော့မသိဘူး ။ လူလိမ်အတွေ့ အကြုံတော့များတယ် ၊ ပြီးတော့ ပြောချင်ရာပြော လုပ်ပြီးမေ့တတ်တာလည်း သူဘဲ ။
အတွင်းသိ။
အမှန်တကယ်တော့ ကောင်လေး က ထောင်အတွေ.အကြုံမရှိသေးတာပါ၊
ထောင်အတွေ.အကြုံလေး နဲနဲကူလိုက်ရင် ဒီထက်ပိုတော်လာမယ်။ အဲဒါ မရှိရင် နောင်အမတ် မဖြစ်နိုင်ဘူး။
ရေးသားသောပုဂ္ဂိုလ်
မှတ်သားစရာ ဗဟုသုတ ရဖွယ်စကား ပါပေတကား!!!!!!
အမတ်ဖြစ်ချင်သူ များလိုက်နာရမည့်
ဆောင်ရန် ရှောင်ရန် လက်စွဲ စာအုပ် အသင် ထုတ်ဝေ ဖြန့် ချီ ပါလော့ ~~~~~~~~
Post a Comment