Friday, 11 November 2011
လက်ရှိ တိုင်းပြည်၏နိုင်ငံရေးအခြေအနေအပေါ်အမြင်သဘောထား ( ကိုကိုဦး )
လက်ရှိ တိုင်းပြည်၏နိုင်ငံရေးအခြေအနေအပေါ်အမြင်သဘောထား
အပေးအယူမမျှတမှု
          လက်ရှိ အနေအထားကိုပြန်ကြည့်ရင် အပေးအယူ မျှတမှု မရှိဘူးဆိုတာ သိပ်ကိုရှင်း
တယ်၊ ဖွဲ့စည်းပုံကို အနည်းငယ်လေးပြင်ပေးလိုက်ရုံနဲ့ NLD ဟာ ရွေးကောက်ပွဲဝင်ဘို့ဆုံးဖြတ်
ချက်ချတော့မဲ့ အနေအထားဖြစ်လာတယ် ၊ တကယ့်အရေးကြီးပြီးသော့ချက်တွေဖြစ်တဲ့စစ်တပ် 
ကလွတ်တော်ထဲမှာအမြဲတမ်း၂၅% နေရာယူမဲ့ကိစ္စတွေ ၊ စစ်တပ်ကဒီမိုကရေစီမကျပဲအာဏာ
သိမ်းနိုင်တာတွေ ၊ စစ်ရေး အခြခံရှိသူများသာသမ္မတဖြစ်ပိုင်ခွင့်ရှိသည်ဆိုတဲ့အချက်တွေကိုမေ့   
ထားပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတာ အလွန်ကိုသဘာဝမကျတဲ့ ကိစ္စပဲ ဖြစ်တယ် ။    
 ( ခေါင်းစဉ်ကိုကလစ်ပါ)
       စစ်အစိုးရက ဒီအခွင့်အရေး အားလုံးကို ဆက်လက်ရရှိမှာဖြစ်တဲ့အပြင် ကိုယ်ဖက်က ၂၀၀၈ အခြေခံဥပဒေကိုရော ၂၀၁၀ ဦးသိန်းစိန်အစိုးရကိုရော တပြိုင်နက် ထောက်ခံပေးလိုက် ပြီးသားဖြစ်သွားတယ်၊ ကိုယ့်ဘက်ကမဖြစ်စလောက်လေးရလိုက်တာတွေက နိုင်ငံရေးအကျဉ်း သားတစ်ချို့ လွှတ်ပေးတာနဲ့ရွှေးကောက်ပွဲကော်မရှင်ဥပဒေတချို့ ကို အနည်းငယ်လေးပြင်ပေး လိုက်ရုံ လောက်ပဲရလိုက်တယ်၊ ပြောရမယ်ဆိုရင် သူတို့က အပေါ်စီးက သူတို့ဖြစ်ချင်တာတွေ
ကို ရအောင်ယူသွားတဲ့ သဘောပါပဲ၊ ကိုယ့်ကိုသူတို့ပေးတာတွေက ဘာမှ အာမခံချက် မရှိဘူး၊
သူတို့ ရသွားတွေက တကယ်ကို ကြီးကြီးမားမားတွေပဲလေ ၊ ဒါ့အပြင် ရလာမဲ့ နောက်ဆက်တွဲ
အခွင့်အရေးတွေက အာစီယမ်မှာ ဥက္ကဌဖြစ်လာမယ် ၊ Sanction ပြုတ်သွားမယ် ၊ ကမ္ဘာ့ဘဏ် က ပိုက်ဆံတွေ၊ ဂျပန်က ပေးမဲ့ ODA ကငွေတွေလှိမ့်ဝင်လာမယ် ၊ တရားဝင်အစိုးရဖြစ်သွားသ
လို တရားဝင် ဖွဲ့စည်းပုံကိုလည်း ကမ္ဘာသိမြန်မာသိ ရယူသွားတဲ့သဘောပါပဲ ။
သူတို့လိုချင်တာရဘို့အတွက်ပြန်ပေးနိုင်သလောက်ပေးတဲ့သဘော
          စစ်ဗိုလ်ချုပ်တွေဆီကဘယ်လို ခိုင်မာတဲ့ ဂတိက၀တ်တွေ ရထား ပြီးပြီလဲလို့ နောက်
ထပ်ပါတီ မှတ်ပုံတင်မဲ့သူတွေ၊ ကြားဖြတ်ရွေးကောက်ပွဲဝင်မဲ့သူတွေကို မေးကြည့်ချင်ပါတယ် ၊ ကတိက၀တ်တွေကို ထပ်ခါတလဲလဲ ဖောက်ဖျက်နေတဲ့ စစ်ဗိုလ်ချုပ်တွေဆီက နောက်ထပ်ရမဲ့
ဂတိတွေကကော စိတ်ချရပါ့မလား ဆိုတာပါပဲ ၊ ပြည်သူ့လူထုကို မိမိတို့ဘက်က ဘာမှအာမခံ    ချက် မပေးနိုင်ပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနဲ့ လူထုရဲ့ လွတ်လပ်မှုကို ချည်နှောင်ခွင့်ပေးလိုက်ရင် (၂ ( ၂၃ ) နှစ်လုံးလုံး လုပ်ထားခဲ့တာတွေ အားလုံး တရက်ထဲနဲ့ ရေစုန်မျောသွားနိုင်တယ် ၊ ရန်သူ ကိုအယုံမလွယ်ပါနဲ့ ၊ သူတို့လိုချင်တာ ရဘို့အတွက်ပြန်ပေးနိုင်သလောက် ပေးတဲ့ သဘောပါပဲ၊ သူတို့ယူတာ အဆမတန်အောင်ပိုများ တာကိုတော့သတိထားသင့်ပါတယ် ။
ကာရာအိုကေ ဒီမိုကရေစီ ပဲရလိမ့်မယ်
          စေ့စပ်ဆွေးနွေးတဲ့နေရာမှာ အရေးတဲ့ အချက်တစ်ချို့ ကိုလည်း မေ့ထားလို့ မရဘူး ၊ ဥပမာ - လူထုက သူတို့လုပ်ထားတာတွေကို ဘယ်လိုမှခွင့်မလွတ်နိုင်ဘူးဆိုတာ အာဏာရှင်
တွေ ကသိထားတယ်ဆိုတဲ့ အချက်ကိုလည်း ပြန်စဉ်းစားသင့်တယ် ဆိုလိုချင်တာက သူတို့ဟာ
အာဏာမရှိပဲ မနေရဲဘူး ၊ ဒီတော့ အာဏာရဲ့ ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင်( ၈၀ ) ရာခိုင်နှုန်း လောက်ကို ကိုင်ထားမဲ့သဘောပဲ ၊ ( ၂၀ ) ရာခိုင်နူန်းလောက်ကိုတော့ တတိယအတွေးအခေါ်       ရှိသူတွေ ( သို့ ) စစ်အစိုးရကို အထင်ကြီးပြီး လူထုတိုက်ပွဲကို အထင်သေးသူတွေ ၊ ခေတ်ပျက်      အမတ်ဖြစ်လိုသူတွေကိုဖြစ်ခွင့်ပေးထားမယ် ၊ လူထုကသူ့တို့ကို မဆန့်ကျင်အောင်အပျော်အပါး  
တွေကို ဖန်တီးထားပေးမှာဖြစ်သလို ၊ မူးရစ်ဆေးဝါးတွေကို အလွယ်တကူရအောင် မျက်ကွယ် ပြုထားမှာ ကြိမ်းသေပါတယ်၊ လူတွေကို မကောင်းမှု နွံထဲမှာ သွတ်သွင်းထားပြီး ၊ နိုင်ငံရေးကို စိတ်မ၀င်စားအောင်လုပ်ထားမယ် ။    
          သူတို့ကတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို သုံးဖြုန်းပြီး ဇိမ်ကျနေဦးမှာပဲဆိုတာတွက်ဆ      ကြည့်လို့ ရနိုင်ပါတယ် ၊ ဒီတော့ သူတို့ပေးမဲ့ ဒီမိုကရေစီမျိုးက ကာရာအိုကေ ဒီမိုကရေစီမျိုး ပဲ
ဖြစ် မှာပေါ့ ၊ လူထုတွေက အကျင့်တွေပျက် ၊ ယဉ်ကျေးမှုတွေပျက်စီး ၊ ခေတ်ပျက်သူဌေးတွေ
က ချမ်းသာသထက် ချမ်းသာလာပြီး ၊ ကျနော်တို့ခင်ဗျားတို့လို ဆင်းရဲတဲ့ပြည်သူတွေ သာမန်
လူတန်းစားတွေကနေ ဆင်းသက်လာတဲ့ နှမငယ်တွေကနေ သူတို့ကို ဖျော်ဖြေပေးရမဲ့ ကာရာ
အိုကေ ဒီမိုကရေစီ ခေတ်ကို ရောက်သွားမှာ အမှန်ပဲ ။
ဒါဟာ နောက်ဆုံးပေါ် နိုင်ငံရေး လှည့်စားကွက်ဖြစ်တယ်၊
          NLD က လူထုကိုယ်စား ခွင့်လွတ်ပေးလို့ မရဘူးဆိုတဲ့ အချက်ကလည်း မစဉ်းစားလို့
မရဘူး ၊ ဒါတွေဟာ ခံစားချက်နဲ့ပြောနေတာ မဟုတ်ဘူး၊ ပကတိအနေအထားကိုက ဒီလိုပဲဖြစ်      နေတယ် ၊ ဒီတော့ အာဏာရှင်တွေက ဒေါ်အောင်ဆန်းစုရဲ့  ပူးပေါင်းဆောင်ရွက်မှု အပေါ် မုချ
မသွေ အသုံးချဖို့ ကြိုးစားမယ်ဆိုတာ ရှင်းပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်တော်ထဲ
ညှပ်ထည့်ထားပြီး ၊ ဘာမှလုပ်လို့ မရအောင် အများစုဖြစ်ကြတဲ့ ကြံ့ဖွတ်အမတ်တွေနဲ့ တမတ်
သား စစ်ဗိုလ်ချုပ် တွေကနေ ပြီးတော့ ထိန်းချုပ်ပြီးသွားမဲ့ အစီအမံပဲဆိုတာ သိပ်ကိုရှင်းတယ် ၊ ဗိုလ်ချုပ်တွေက ဒေါ်စုသာ လွတ်တော်ထဲမှာပါခဲ့ရင် လူအများစုက ထောက်ခံမှာပဲဆိုတာကို သိ 
ထားတယ် ၊ ဒါကြောင့် ဒေါ်စုက သင်ပုန်းချေရေးကို ဇောင်းတင် ပြောလာတဲ့အခါ သူတို့က ဒီ
အပေါ်မှာ ၊ နောက်ဆုံးပေါ် နိုင်ငံရေး လှည့်စားကွက်ကို ဖန်တီးလိုက်တာပါပဲ ၊ တချက်ခုတ် နှစ်
ချက် ပြတ်ဆိုပါတော့ ၊ လမ်းပြမြေပုံ လည်းပြီး ၊ အာဏာလည်း လက်လွက်စရာမလိုဘူး ၊သူတို့
အတွက် သားရွှေ အိုးထမ်း လာပြီပေါ့ ။
သင်ပုန်းချေချင်တိုင်း ချေလို့ လွယ်ပါ့မလား
          ဗိုလ်ချုပ်ကြီးတွေရဲ့ အဓိကလိုအပ်ချက် ကတော့ သူတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်
လုံခြုံမှုပါပဲ ၊ တိုင်းပြည်ဘဏ္ဍာာထဲကနေ မတရားခိုးယူထားတဲ့ ပိုင်ဆိုင်မှုတွေ အားလုံး သားစဉ်    
မြေးဆက် စိတ်ချလက်ချ အမွေခံနိုင်ရေးနဲ့ သူတို့မိသားစုတွေရဲ့ ထာဝရ ဘ၀လုံခြုံရေး ဆိုပါ တော့ ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က သဘောထားကြီးလို့ သင်ပုန်းချေလို့ ရပေမဲ့
ဗိုလ်ချုပ်ကြီး တွေ ခိုးယူထားတဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာကိုတော့ ဘယ်လိုနည်းနဲ့မှသူတို့ကိုပိုင်ဆိုင်
ခွင့်ပေးလို့မရ နိုင်ဘူးလေ ၊ ဒီကိစ္စတွေကိုကြည့်ခြင်းအားဖြင့် တွေ့ဆုံဖြေရှင်းနိုင်ဘို့ဆိုတာ အင်မ
တန်ကို မလွယ်သလို အတော်ကို မဖြစ်နိုင်တဲ့ ကိစ္စပဲ ၊ တကယ်လို့ NLD က ဗိုလ်ချုပ်ကြီးတွေ မတရားခိုးယူ  သိမ်းပိုက်ထားတဲ့ တိုင်းပြည်ဘဏ္ဍာတွေကို ၊ ပြန်လည်ရရှိအောင် မတောင်းဆိုပဲ
အပေါ်သစ္စာမဲ့ရာ ရောက်သွား နိုင်ပါတယ် ၊ သူတို့ကျူးလွန်ထားတဲ့ပြစ်မှုတွေကို သင်ပုန်းချေလို့ ရနိုင်ပေမဲ့ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားမှာကိုတော့ မျက်ကွယ်ပြုလို့ မရနိုင်ဘူး ၊ ဒါ
တွေကို အလျှော့ပေးပြီး လုပ်ရင်တော့ ဖြစ်နိုင်စရာ ရှိပါတယ် ၊ တကယ်တမ်း တိုင်းပြည်ရဲ့  အ
မှန်တကယ် အကျိုးစီးပွါးကိုကြည့်ရင် ဗိုလ်ချုပ်ကြီးတွေကို ဒီလို လိုက်လျှောပေးဖို့ လုံးဝ မလုပ် သင့်ပါဘူး ၊ ဒါကြောင့် ကျနော်ကတော့ သင်ပုန်းချေရေးလမ်းစဉ်ကို အခြေခံထားတဲ့ ဒီ စေ့စပ် ရေး အလွန်ခက်ခဲမှာဖြစ်သလို ၊ အလွန်ပဲ ရှုပ်ထွေးပွေလီနေမှာမို့ အောင်မြင်ဘို့ လမ်း အလွန်
နည်းမှာကိုလည်း ရိုးရိုးလေးပဲမြင်ပါမိတယ် ။
          သေချာတာတစ်ခုက ပြည်သူ့လူထုက ခွင့်လွတ်မှသာ သင်ပုန်းကျေမယ် ဆိုတာပါပဲ ၊ ပြည်သူလူထုက ခွင့်လွတ်လာချင်အောင် ဗိုလ်ချုပ်ကြီးတွေ  ကိုယ်တိုင်က  မလုပ်ပဲ NLD နဲ့ 
ဒေါ်အောင် ဆန်းစုကြည် တို့ကို တံတိုင်းသဘွယ်ထားပြီး အကာအကွယ်ယူဖို့ကြိုးစားတာတွေ
ကလည်း တကယ့်ကို သဘာဝမကျတဲ့ ကိစ္စပဲဖြစ်တယ် ။
ကျနော်တို့ကိုယ်တိုင် စစ်အာဏာရှင်စနစ်ကို မြေတောင်မြှောက်ပေးလိုက်သလို မဖြစ်နေဘူးလား
          ပြီးတော့ မအောင်မြင်ခဲ့ရင် ဘာလုပ်မှာလည်း ၊ အချိန် ဘယ်လောက်ယူပြီး စေ့စပ်ရေး ကိုလုပ်သွား မှာလဲဆိုတဲ့ အချက်ကိုလည်း လူထုသိအောင်လုပ်ပေးဘို့ဟာ အလွန် အရေးကြီး 
ပါတယ် ၊ ဒီလိုမလုပ်ပဲ ဦးအောင်ကြည်တို့ပြောသလို တလှမ်းချင်း သွားရမယ်ဆိုပြီး နောက်ထပ်  
ဆယ်လို့ရမှာ မဟုတ်တော့ဘူး ၊ ၂၀၀၈ ကိုလည်း လျှော့ပေးလိုက်ရပြီ  ၊ ၂၀၁၀ အစိုးရကိုတိုင်း 
ပြည် ကိုအုပ်ချုပ်ခွင့် ပေးလိုက်ရပါပြီ ၊ အာဏာသိမ်းခွင့်လည်း ပေးထားရတယ် ၊ သမ္မတ လည်း
ဗိုလ်ချုပ်တွေပဲ အမြဲတန်းလုပ်မယ်ဆိုတော့ ၊ ကျနော်တို့ကိုယ်တိုင် စစ်အာဏာရှင်စနစ်ကိုမြေတောင်
တယ်၊ လာဘ်ပေးလာဘ်ယူ အချာင်သမားများကြီးစိုးရေးခေတ်သစ်ကြီးရောက်ပြီးမှတော့ ဒီမိုကရေစီ
ဆိုတာကလည်း ခေတ်ပျက် ဒီမိုကရေစီဖြစ်လာဖို့များနေပါတယ် ။
ရန်သူအကြောက်ဆုံးက ဘာလဲ
          တကယ်တန်း ပြောရမယ်ဆိုရင် ရန်သူအကြောက်ဆုံးက လူထုဖြစ်တယ် ၊ လူထုတိုက်ပွဲ
ဖြစ်တယ်၊ NLD မဟုတ်ဘူး ၊ အာဏာရှင်ကျဆုံးခန်းတွေကို လေ့လာကြည့်မယ် ဆိုရင်လည်း သူတို့
ပြုတ်ကျတာတွေအားလုံးက လူထုတိုက်ပွဲကြောင့်ပဲဖြစ်တယ်ဆိုတာ ကျနော်တို့ငြင်းလို့မရဘူး ၊ စေ့ စပ်ရေးကနေပြီး အခြေအနေကောင်းတွေဖြစ်လာဘို့ဆိုတာ အခွင့်အလမ်းအင်မတန်ကို နည်း နေပါ တယ် ၊ ဒါကြောင့် လိုအပ်ရင်လူထုတိုက်ပွဲကို မလွဲမသွေ ဆင်နွဲရအုံးမှာပဲ ၊  ဒါ ရှောင်လွှဲလို့ ရနိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကလည်း လူထုတိုက်ပွဲကို ယုံကြည်မှုရှိဖို့ လိုပါလိမ့်မယ် ၊ ရန်သူက လိမ်သွားပြီးဆိုရင် လူထုကတော့ ခံနေမှာမဟုတ်ဘူး ။
လူထုတိုက်ပွဲကို NLDက ဦးဆောင်ပေးမှာလား
          ဒီမေးခွန်းကို မဲဆန္ဒရှင်တွေဖြစ်ကြတဲ့ပြည်သူတွေက မေးလာတော့မှာဖြစ်တယ် ၊ သူတို့က
ရင်ကြားမစေ့နိုင်ခဲ့ဘူးဆိုရင် ပြည်သူတွေရဲ့ ဘ၀က ဘာမှထူးလာမှာမဟုတ်ဘူး ၊  ဒုံရင်း ဒုံရင်းဖြစ်နေ
မယ် ၊ ငတ်မြဲ ငတ်နေမယ် ၊ မစားနိုင်မသောက်နိုင် မ၀တ်နိုင်တဲ့ ဘ၀မှာ ပြည်သူတွေက ရေရှည်
သည်းခံ နေနိုင်မှာ မဟုတ်ဘူး ၊ တစ်နည်းတစ်ဖုံနဲ့ မကျေနပ်မှုတွေ တိုးပွါးလာမယ် ၊ အဲဒီ အခါမှာ
လူထုတိုက်ပွဲတွေဖြစ်လာနိုင်တယ် ၊ အဲဒီအချိန်မှာ အန်အယ်ဒီက ကိုယ်နဲ့မဆိုင်သလိုနေလို့ မရနိုင်
ဘူး ၊ ဦးဆောင်ပါတီတရပ်အနေနဲ့ လူထုတိုက်ပွဲဦးဆောင်မှု ပေးကို ပေးရပါလိမ့်မယ် ၊ ပေးရမဲ့တာဝန်
လည်းရှိနေပါတယ် ၊ ဒီနေရာမှာ လူထုတိုက်ပွဲကို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှု ပေးမှာ
လားလို့   ပြန်ဆန်းစစ်ကြည့်တယ် ၊  ၅၀%-၅၀% ပြောရင် နည်းနည်း များသွားလိမ့်မယ် ၊ ဘာဖြစ်
လို့ လဲ ဆိုတော့ NLD ခေါင်းဆောင်အများစုက လူထုတိုက်ပွဲကို ဦးဆောင်ဖို့အတွက် စိတ်မ၀င်စား
ကြလို့ပဲ ၊ သူတို့က နိုင်ငံတကာ ဖိအားကို အလွန်အကျွံ ယုံကြည်ထားကြတယ် ၊ ကုန်ကုန်ပြောရမယ်
ဆိုရင် NLD ဟာလူထုတိုက်အတွက် ဘယ်တော့မှအဆင်သင့်မရှိဘူး ။
သူတို့ အဓိကဖြစ်ချင်နေတာက သိက္ခာရှိရှိ အာဏာခွဲဝေ ယူရေးလို့ ဆိုရမယ်၊
          ဒါပေမဲ့ဖြစ်နေတာက သူတို့ဖြစ်ချင်နေတာနဲ့တခြားစီ ၊ ဗိုလ်ချုပ်တွေက NLDနဲ့ ဒေါ်အောင်
ဆန်းစုကြည်ရဲ့ ဘ၀ကို ရစရာမရှိအောင် နိုင်ငံရေးသတ်တဲ့မြင်ကွင်းမျိုးလိုဖြစ်နေတယ် ၊ ကျနော် စဉ်း
စား ကြည့်တယ် ၊ ဒါကို NLD ကမမြင်လို့ပဲလား ၊ သိရက်သားနဲ့ ဇွတ်တိုး နေတာပဲလား ၊ ဒါမှမဟုတ်
ဖြစ်လို ဖြစ်ငြား စမ်းကြည့်တာပဲလား ၊ ပြည်တွင်းပြည်ပနဲ့ နယ်စပ်ဒေသမှာရှိတဲ့ အခြေအနေ အရပ်
ရပ် ကိုစိတ်ပျက်လို့ပဲလား ၊ ဦးအောင်ကြည် ကပဲ တော်လို့ပဲလား ၊ မိမိတို့ ဖက်ကပဲ အလျှော့ပေးလွန်
နေအကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး  ရွေး
ကောက်ပွဲဝင်လိုတဲ့ သဘောထားတွေပြလာတော့ မယုံနိုင်အောင်ပါပဲ ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေ ကိုလက်ခံခြင်းဟာ ပူးပေါင်းဆောင်ရွက်သင့်တဲ့အရာ မဟုတ်တာတော့ကြိမ်းသေပါတယ် ။
အခြေခံဥပဒေကနေပြီး ထွက်ပေါက်ရှာတယ် ဆိုတာကလည်း အာမခံချက် မရှိဘူး
          ကျနော့် အနေနဲ့ ပြောရရင် ရင်ကြားစေ့ရေး လုပ်တာကို မူအားဖြင့် လုံးဝ မဆန့်ကျင်ဘူး ၊ အဓိက အားဖြင့် ( Time Frame ) ထာြး့ပီး လုပ်သွားဖို့ လိုသလို ၊ အပြန်အလှန် အပေးအယူ မျှဖို့ 
အောင် မလုပ်ယူပဲ အခြေခံဥပဒေကနေပြီး ထွက်ပေါက်ရှာတယ်ဆိုတာကလည်း အာမခံချက်မရှိဘူး
ဆိုတာကို သူတို့ အင်မတန်နားလည်သင့်တယ် ၊ သူတို့ထွက်ပေါက်လိုချင်ရင် လူထုခွင့်လွတ်ချင် လာ အောင်လုပ်ရမယ် ၊ လူထုကိုအာဏာပြန်အပ်ပြီး တိုင်းပြည်က ငွေတွေကို လူထုလက်ထဲ ပြန်ရောက်
အောင် ပေးမှသာ သူတို့ထွက်ပေါက် ရနိုင်မှာဖြစ်တယ် ၊ ဒီလိုမှသူတို့ဘက်က မလုပ်ဘူး ဆိုရင်တော့
အမှန်တကယ်လိုနေပါပြီ ။
ဦးဆောင်ပါတီ ဆိုတာ ဘာလဲ၊
          နိုင်ငံရေးအကျဉ်းသားတွေ အားလုံးမလွတ်ပဲ ရွေးကောက်ပွဲဝင်တာကို လုံးဝ နားမလည်နိုင်
ဘူး ၊၂၀၀၈ ခု ဖွဲ့စည်းပုံကို မပြင်ပဲ ရွေးကောက်ပွဲဝင်တာဟာ လူထုကို သစ္စာဖေါက်တယ်လို့ မြင်မိ
တယ် ၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေဘို့ ကိုယ်တိုင် ထောက်ခံပေးလိုက်သလို ဖြစ်နေ 
တယ် ၊ ရာဝတီမြစ်ဆုံ စီမံကိန်းကိုလည်း လုံးဝရပ်ဆိုင်းတယ်လို့ မပြောသေးဘူး ၊ ထပ်ပြီးညာဦးမှာ
ပဲ ၊ ပြီးတော့ NLD ဟာ တွေ့ဆုံဆွေးနွေးရေးကို ( Time Frame ) မရှိပဲနဲ့ လုပ်သလိုဖြစ်နေတယ် ၊
ဘာမှဖြစ်မလာဘူးဆိုရင် ဘာလုပ်မလဲဆိုတာ ( Time Frame ) ကို အခြေခံထားပြီး လူထုပြောပြဖို့
သင့်တယ် ၊ ဒါမှ ဦးဆောင်ပါတီတရပ်အနေနဲ့ တို့ မကြောက်ပါဘူး ၊ ရရင်ရ မရရင်ချမယ် ဆိုပါမှ
လူထုကအား ရှိမှာပေါ့ ၊ ရရင်ရ မရရင်ဆက်ပြီး ခံပြီးရင်း ခံနေရင် ဦးဆောင်ပါတီ မဟုတ်တော့ဘူး ။
၈၈ တုန်းကလည်း ငါတို့တတွေ ဒုတ္ခရောက်မှာစိုးလို့ မွေးမိခင်အမေတွေက တားတာ
တောင် မရဘူး၊
          လူထုက သူ့အခွင့်အရေး မရမချင်း ဆက်တိုက်နေမှာပဲဆိုတာ လူထုတိုက်ပွဲကလာတဲ့ သူ
တွေတိုင်း နားလည်သဘောပေါက်ပါတယ် ၊ သေကြကုန်မယ် ၊ မလုပ်ကြပါနဲ့ လို့ ဘယ်သူမှ တားလို့
မရပါဘူး ၊ ဘယ်သူကမှ ငါလုပ်နိုင်တယ်ဆိုပြီး လူထုတိုက်ပွဲကို ဖန်တီးယူလို့မရဘူး ၊ လူထုတိုက်ပွဲ
ဆိုတာ ဖြစ်ချိန်တန်လို့ပဲဖြစ်ဖြစ် ၊ ဖြစ်ဖို့ အကြောင်းဖန်လာလို့ပဲဖြစ်ဖြစ် ၊ ဖြစ်ကိုဖြစ် လာမှာပဲ ၊ ကုန်
ဈေးနှုန်း တိုက်ပွဲကိုပဲကြည့်ကြည့် ၊  ရွှေဝါရောင်ကိုပဲကြည့်ကြည့် ဖြစ်ဖို့ အကြောင်းဖန်လာတာပဲ  မ ဟုတ်လား ၊ ၈၈ တုန်းကလည်းငါတို့တတွေ ဒုတ္ခရောက်မှာ စိုးလို့ ၊ မွေးမိခင် အဖေ အမေတွေ က တားတာတောင် မရဘူး ၊ တကယ်လို့ ရှစ်လေးလုံးလို ၊ ရွှေဝါရောင်လို နောက်ထပ် လူထုတော်လှန် ရေး တစ်ခုသာ ပေါ်လာခဲ့ရင်လည်း ၊ ဦးဆောင်ပါတီတစ်ခု ခုကဖြစ်ဖြစ် ၊  ခေါင်းဆောင်ကြီးတစ်ဦးက
ဖြစ်ဖြစ်  သေကျေ ဒုက္ခ ရောက်ကုန်ကြမယ်ဆိုပြီး ၊ မလုပ်ကြပါနဲ့ လို့ ၀င်တားဆီးလို့ သင့်တော်ပါ့ မ
လား ၊ တားရင်ကော ဘာတွေဖြစ်လာမလဲ ၊ ဒါကြောင့် လူထုကိုလည်း လျှော့မတွက်နဲ့ ၊ လူထုတိုက်
ပွဲ မရှိပဲနဲ့ အာဏာရှင်ကို မဖြုတ်ချနိုင်ပါဘူး ၊ ကမ္ဘာ့အာဏာရှင်တွေ အားလုံးဟာလူထုတိုက်ပွဲကြောင့်
ကျဆုံးခဲ့ရတာကြီးပါပဲ ၊ သဘောကောင်းကောင်းနဲ့ အာဏာကို စွန့်လွတ်သွားတဲ့ အာဏာရှင်ဆိုတာ
ဒီနေ့အထိ ကမ္ဘာမှာ မမွေးသေးကြောင်းပါခင်ဗျာ ။
တောင်းဆိုသင့်တာတွေ ၊ လုပ်သင့်တာတွေက ဘာတွေဖြစ်လာနိုင်ပါသလဲ၊
          အပေးအယူ မျှတတဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခုဖြစ်လာဖို့ ဆိုတာ
(၁) နှစ်ဦးနှစ်ဘက် ရည်မှန်းချက် တူညီရမယ် ။
(၂) နှစ်ဖက်စိုးရိမ်မှုတွေ ၊ လိုလားချက်တွေကို ပွင့်ပွင့်လင်းပြောပြီး စုပေါင်းဖြေရှင်းရမယ် ။
(၃) တိုင်းပြည်အတွက် လက်တွေ့ကျကျ ကိုယ်ကျိုးစွန့်မှု ရှိရပါမယ် ။
(၄) အမှန်တကယ်ကို ရိုးသားပွင့်လင်းမှု ရှိရပါမယ် ။
(၅) ဘ၀လုံခြုံမှုကို အာမခံနိုင်အောင် ပူးပေါင်းလုပ်ဆောင်ရမယ် ။
(၆) အချိန် အကန့်အသတ်ရှိရမယ် ။
(ရ) ရရှိလာသောသဘောတူညီချက်များကို လူထုအားအမြန်ဆုံးဖေါ်ပြရမယ် ။
(၈) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံး အကောင်အထည်ဖေါ်ရမယ် ။
(၉) အပစ်အခတ် ရပ်စဲရေးကိုချက်ချင်းအကောင်အထည်ဖေါ်ရမယ် ။
(၁၀) လက်တွေ့အကောင်အထည်ဖေါ်ရာမှာ ကုလသမဂ္ဂ ( သို့ ) သြဇာအာဏာကြီးတဲ့ နိုင်ငံကြီး     တွေကိုကြားခံထား ဆောင်ရွက်သွားရမယ် ။
          ဒီအချက်တွေအားလုံးပြည့်စုံဖို့ဆိုတာဟာ သြဇာအာဏာကြီးတဲ့နိုင်ငံကြီးတွေပါဝင်ရမှာ
လက်ခတ် မလွှဲဖြစ်လိမ့်မည် ။
လက်ရှိနိုင်ငံရေးအပေါ်မှာ မိမိ၏အမြင်ကို အမြင်အတိုင်း ရေးသားထားခြင်းသာဖြစ်ပါသည် ။
ကိုကိုဦး(ရှစ်ဆယ့်ရှစ်)
နိုဝင်ဘာလ (၁၁ ) ရက်နေ့  ၊ ၂၀၀၁ ။
6 comments :
Anonymous said...
very good comment.
absolutely true.
The USDP government will practice Singapore style Democracy.
One party(USDP) will hold power forever with small portion of opposition which can not be harm.
They will use Daw Su Kyi and NLD to releif from sanction and getting foreign aid.
The legen od NLD and Su Kyi will fading away.
WE LOOSE: THEY WIN
Thein Win said...
သဘောတူ လက်ခံပါတယ်။
Thein Win said...
သဘောတူလက်ခံပါတယ်။ NLD အနေဖြင့် မှတ်ပုံတင် သင့်သော်လည်း ရွေးကောက်ပွဲ ၀င်မည်ကိုမူ စဉ်းစားသင့်သည်ဟု မြင်မိပါသည်။
Anonymous said...
Who cares right or wrong! As long as a person can do good for his/her country's development, future of generation and respectable(peace and justice) society, the public will follow that person.
Zizawars said...
ဟုတ်ပါတယ်၊မျှတတဲ့အပေးအယူရှိမှသာဆွေးနွေးရေး
အောင်မြင်နိုင်ပါတယ်၊ဒါမှပူးပေါင်းဆောင်ရွက်မှုအစစ်
ဖြစ်ပါတယ်၊အလျှော့ပေးပြီးပေါင်းတယ်ဆိုတာပူးပေါင်း
ဆောင်ရွက်မှုအစစ်မဟုတ်ဘူး။NLDဟာပါတီနိုင်ငံရေးနှင့်
လူထုအခြေပြုနိုင်ငံရေးကိုကွဲကွဲပြားပြားလုပ်ဖို့လိုတယ်၊
နိုင်ငံရေးထက်နောက်မီးစွဲတွေအန္တရယ်ကပိုကြီးတယ်၊
၂၀၀၈ဖွဲ့စည်းပုံကိုထောက်ခံပေးပြီးဒေါ်စုကိုရွေးကောက်
ဝင်ခိုင်းနေတဲ့သူတွေဟောဒ်ါစုကိုနိုင်ငံရေးသတ်ဘို့လုပ်
နေတာနဲ့အတူတူပဲ၊ဒါမျိုးကိုဦးသိန်းစိန်အစိုးရနဲ့
ကြတဲ့ကြံ့ဖွတ်အသိုင်းအ၀ိုင်းတွေကြိုဆိုကြမှာပေါ့၊သင်မပါမိပါစေနဲ့
Anonymous said...
THIS IS LIKE FATHER LIKE SON, (SINGAPORE)LEE KWAN YU METHOD ALREADY.