Friday, 11 November 2011

တွဲ ရေး-ခွဲရေး ဒီမိုကရေစီအင်အားစုများအသံ


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲဝင်မှာကိုစိုးရိမ်တဲ့အင်အားစုများအသံပိုမို များလာနေတာကို
တွေ့ ရပါတယ်။  SNLD က သူတို့ ခေါင်းဆောင်တွေမလွှတ်ရင် ပါတီမှတ်ပုံမတင်ဖို့ နဲ့  ရွေးကောက်ပွဲမ၀င်
ဖို့ ကြေညချက်ထုတ်ပြန်လာပါတယ်။ နယ်စပ်အခြေစိုက် အန်စီယူဘီအတွင်းရေးမှုအဖွဲ့ ဝင်တဦးဖြစ်သော
ခွန်ဥက္ကာကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရွေးကောက်ပွဲကိုဝင်ပါက မဟာမိတ်ပါတီတခုဆုံးရှုံးသွား
သလို ခံစားရမှာဖြစ်ကြောင်း ဘီဘီစီနဲ့ အင်တာဗျူးမှာမှတ်ချက်ပေးပါတယ်။ မြန်မာ ဥပဒေပညရှင်များ
အစည်းအရုံးအဖွဲ့  ခေါင်းဆောင်တဦးဖြစ်သောကိုအောင်ထူးမှာလည်း တောင်အာဖရိကမှာတွေ့ ဆုံဆွေးနွေး
မှု ကိုအရင်လုပ်ခဲ့ကြောင်း သဘောတူညီချက်ရရှိတဲ့အခါမှာ အခြေခံဥပဒေကိုဖျက်သိမ်းပြီးမှသာ ရွေးကောက်ပွဲကို မန်းဒလားဦးဆောင်တဲ့အေအင်စီက ၀င်ခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးသွားပါတယ်။  ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ကိုသက်ထွန်း
ရဲ့ အမြင်ကတော့ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးသိန်းစိန် ပူးပေါင်းတဲ့ကြားဖြတ်အစိုးရတရပ်ကိုဖွဲ့ စည်းသင့်
ကြောင်းတိုက်တွန်းပါတယ်။ 

No comments :