ပြည်တွင်းငြိမ်းချမ်းရေး၊ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ဥပေ ဒသိပ္ပံသဘော (၄)
နိုင်ငံရေးအကျဉ်းသားဟူသည့်စကား ရပ်ကို အရိုးရှင်းဆုံးအဓိပ္ပာယ်ဖွင့်ဆို ရပါလျှင် ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်ရင်း ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုကြရမည်ဖြစ် သည်။ ယင်းသို့သတ်မှတ်ချက်မှာ နိုင်ငံရေး အကျဉ်းသား ဟူသည့်စကားရပ်သာ ဖြစ်သည်။ ယုံကြည်ချက်ကြောင့်
နိုင်ငံရေးလှုပ်ရှားဆောင်ရွက်၍ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူများနှ င့်
ပြည်ပသို့ရောက်ရှိပြီး နောက်ပိုင်းတွင်မှ နိုင်ငံရေး
လှုပ်ရှားမှုများကြောင့် ဖမ်းဝရမ်းထုတ်ဆင့်ခြင်းခံရ သူများလည်းရှိပေသေးသည်။
လွတ်ငြိမ်းချမ်းသာခွင့်
လွတ်ငြိမ်းချမ်းသာခွင့်ဆိုသည်မှာ
ဥပဒေစကားရပ် ဖြစ်သည်။ နိုင်ငံတနိုင်ငံ၏ အာဏာမဏ္ဍိုင်သုံးရပ် ဖြစ်သည့်
ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် နှင့် တရားစီရင်ရေးမဏ္ဍိုင်များအနက်၊
အုပ်ချုပ်ရေး သို့ အပ်နှင်းထားသည့် အာဏာဖြစ်သည်။
နိုင်ငံတနိုင်ငံ၏ တရားစီရင်ရေးမှ
ပြစ်မှုကျူးလွန် သည့်နိုင်ငံသားတဦးဦးကို အပြစ်ရှိကြောင်း စီရင်
ချက်အမိန့်ချမှတ် ပြစ်ဒဏ်စီရင်ထားခြင်းကို အုပ်ချုပ်ရေးမှ
ပယ်ဖျက်ခြင်းအားဖြင့် ပြန်လည်လွပ်လပ်ခွင့် ပေးခြင်းဖြစ်သည့်အပြင်
အဆိုပါပြစ်မှု ကျူးလွန်ခဲ့သူကိုလည်း အပြစ်မဲ့သူအဖြစ် အသိ
အမှတ်ပြုပေးလိုက်ခြင်းပင် ဖြစ်သည်။
လွတ်ငြိမ်းချမ်းသာခွင့် ဆိုသည့်
စကားရပ်သည် အပြစ်ရှိခြင်းနှင့် အပြစ်မဲ့ခြင်းဆိုသည့် ဥပဒေ အယူ အဆထက်
စာလျှင် ချွင်းချက်မရှိခွင့်လွှတ်ခြင်း ဆိုသည့် သဘောသက်ရောက်သည်။
ဥပဒေစကားရပ်တွင် Pardon ဆိုသည့်
စကားရပ်နှင့် Amnesty ဆိုသည့်စကားရပ်များ ရှိသည်။ Pardon ဆိုသည်မှာ
အပြစ်မှလွှတ် သည်ဟူ၍အဓိပ္ပာယ်ရသည်။ယင်းသို့အြ ပစ်လွှတ်ခြင်းသည် ခွင့်လွှတ်သည့်
အနေဖြင့် အပြစ်လွှတ်ခြင်း ဖြစ်သည်။Amnesia သည် Amnesty လွတ်ငြိမ်း
ချမ်းသာခွင့်ဆိုသည့် စကားရပ်၏ အရင်းအမြစ် ဖြစ်သည်။ Amnesia သည် Loss of
memory မှတ် ဥာဏ်ကုန်ဆုံးခြင်းဟု အဓိပ္ပာယ်ရသည်။
ထို့ကြောင့် Amnesty ဆိုသည့်
လွတ်ငြိမ်းချမ်းသာ ခွင့်ကို အဓိပ္ပာယ်ဖွင့်ဆိုရပါလျှင် အကြောင်း အရာ
ကိစ္စတရပ်ရပ်ကြောင့် အပြစ်ပေးအရေးယူ ခံနေရ ခြင်းကို ချွင်းချက်မရှိ
ခွင့်လွှတ်လျက် အပြစ်မဲ့သူ အဖြစ် လွတ်လပ်ခွင့်ပေးခြင်းဟု အဓိပ္ပာယ်ဖွင့်ဆို
ရမည်ဖြစ်သည်။
ထို့ကြောင့် တချို့သောအရေးကြီးသည့်
ကိစ္စရပ် များတွင် အုပ်ချုပ်ရေးသည် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းကို
ဥပဒေကြောင်းအရ ပြစ်မှု ထင်ရှား ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသည့်တိုင်အော င် လို
အပ်ချက်များအရ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း မျိုးလည်းရှိသည်။
ယင်းသို့သော ကိစ္စရပ်များကို အုပ်ချုပ်ရေးက၊ တရားစီရင်ရေးသို့ ၀င်ရောက်
စွက်ဖက်လွှမ်းမိုးသည်ဟု မှတ်ယူရန်ဆိုခြင်းထက် အာဏာသုံးရပ် အကန့် အသတ်ဖြင့်
ခွဲခြမ်းစိပ် ပိုင်းထားခြင်းထဲမှနေ၍ အုပ်ချုပ်ရေးသည် မိမိလုပ်
ပိုင်ခွင့်ဘောင်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မှတ်ယူရန်သာ
ဖြစ်သည်။ ရှေးယခင် က စစ်များပြီးဆုံးသည့် အချိန်များတွင်သော်လည်း ကောင်း၊
တော်လှန်ရေးများပြီးဆုံးသည့် အချိန်ကာ လများတွင်သော်လည်းကောင်း၊
လွတ်ငြိမ်းချမ်း သာခွင့်များ ပေးလေ့ရှိကြသည်။
ယင်းသို့ပြုလုပ်ခြင်းမှာ အမျိုးသား
ပြန်လည်သင့် မြတ်ရေး ရရှိရေးသည် အရေးကြီးသည့် လိုအပ် ချက်ဖြစ်သည့်အတွက်
ထိုကဲ့သို့ လွတ်ငြိမ်းချမ်း သာခွင့် ပေးခြင်းဖြစ်ပေသည်။
ရှေးခေတ် ဂရိနိုင်ငံများတွင် စပါတာသည် အေ
သင်မြို့ကို တိုက်ခိုက်အောင်မြင်ပြီးသည့် နောက် ပိုင်း
လူနည်းစုအုပ်ချုပ်ရေးအဖွဲ့ (oligarc hical governing body)
ဖွဲ့စည်း၍အုပ်ချုပ်စေခဲ့ သည်။ ယင်းအုပ်ချုပ်ရေးအဖွဲ့အောက်တွင် များစွာ သော
အေသင်ပြည်သူများ ကွပ်မျက်သတ်ဖြတ် ခြင်းခံခဲ့ရသည့်အပြင်၊ လူ့အခွင့်အရေး
ချိုးဖောက်မှု များစွာလည်းရှိခဲ့သည်။ ယင်းအုပ်ချုပ်ရေးအဖွဲ့ကို အေသင်
စစ်ဗိုလ်ချုပ်ကြီး Thrasybulus (BC – 441 မှ BC – 338) က ပြန်လည်တိုက်ခိုက်
အောင် မြင်ခဲ့သည်။ ယင်းသို့ တိုက်ခိုက်အောင်မြင်သော အခါတွင်Thrasybulus
ပထမဆုံးပြဌာန်း လိုက်သည့် ဥပဒေမှာ လွတ်ငြိမ်းချမ်းသာခွင့် ဥပ ဒေဖြစ်ပြီး
အဆိုပါအုပ်ချုပ်ရေးအဖွဲ့တွင်ပါ ၀င်သူ အ များစုကို လွတ်ငြိမ်းချမ်းသာခွင့်
ပေးခဲ့ခြင်းပင်ဖြစ် သည်။ ထင်ရှားသည့် အချက်မှာ ဥပဒေအရ အပြစ် ရှိခြင်း၊
အပြစ်မဲ့ခြင်းဆိုခြင်းထက် အေသင်နှင့် စပါ တာ ပြန်လည်သင့်မြတ်ရေးအတွက်
အရေးတကြီး လိုအပ်ချက်ဖြစ်ခြင်းကြောင့် လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်သည်။
အာဏာရှင်များကျင့်သုံးသည့်လွတ်ြ ငိမ်းချမ်းသာခွင့်
မြန်မာနိုင်ငံတွင် န.၀.တ၊ န.အ.ဖ တက်လာပြီး
သည့်နောက်ပိုင်းလွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့သည့်အကြိမ်ပေါင်း (၁၄)
ကြိမ်ရှိခဲ့ပြီး၊ လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့သည့် အကျဉ်းသားဦးရေပေါင်း
၁၁၇ ၈၃၆ ဦးရှိခဲ့သည်။ ယင်းတို့အထဲတွင် နိုင်ငံရေး အကျဉ်းသားဦးရေ ၅၈၉ ဦး
ပါဝင်ခဲ့သည်။
ပြစ်ဒဏ်ကျခံရသူတဦးတယောက်အား လွတ်ငြိမ်း
ချမ်းသာခွင့်ပေးခြင်း၊ တနည်းအားဖြင့် ခွင့်လွှတ် ခြင်းဆိုသည်မှာ
လွန်စွာကောင်းမွန်ပေသည်။ သို့ ရာတွင် အခြားတဖက်၌ပြစ်မှုများကို ဆက်တိုက်
ကျူးလွန်လေ့ရှိသူ၊ သို့တည်းမဟုတ် လွတ်လပ်ခွင့် ပေးလိုက်ပါက လူ့ဘောင်လူ့
အဖွဲ့အစည်းအေးချမ်း သာယာရေးကို တနည်းနည်းဖြင့် အနှောင့်အယှက်
ပေးမည့်သူများကို လွတ်ငြိမ်းခွင့်ပေးလိုက်မိပါက လူ့လောကအတွက်
အလွန်အန္တရာယ်များသည့် အ ဖြစ်သို့ ရောက်ကြရပေလိမ့်မည်။ ထို့ကြောင့် လွတ်
ငြိမ်းချမ်းသာခွင့် ပေးရာတွင် အဖက်ဖက်မှ စဉ်းစား ချင့်ချိန်ကြရမြဲဖြစ်သည်။
န.၀.တ နှင့် န.အ.ဖ လက်ထက်တွင် လွတ်ငြိမ်း
ချမ်းသာခွင့် ပေးခဲ့သည့်အကြိမ်ပေါင်း (၁၄) ကြိမ် တွင် အကျဉ်းသားဦးရေ
၁၁၇၃၈၆ ဦး ကို လွှတ်ပေးလိုက်သည့်အနက် နိုင်ငံရေးအကျဉ်းသား ၅၈၉
ဦးသာပါဝင်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားဆိုသည့်စကား ရပ်ကို
ယုံကြည် ချက်ကြောင့် နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်ရင်း ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ
ဟူ၍အထက်တွင်ရိုးရှင်းစွာ အဓိပ္ပာယ်
ဖွင့်ဆိုခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ
ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် ပျက်စီးလိုသော လုပ်
ဆောင်ချက်များကြောင့်ပြစ်ဒဏ်ချ မှတ်ခြင်း မဟုတ် သကဲ့သို့၊
နိုင်ငံရေးအကျဉ်းသားများဘက်က ပြန် လှန်စဉ်းစားကြည့်ပါကလည်း
ပြစ်မှုကျူးလွန်လို သော ရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ နိုင်ငံရေး အယူအဆအရ
တိုင်းပြည်နှင့် လူမျိုးကောင်းရာ ကောင်းကျိုးကို
ရည်ရွယ်လုပ်ဆောင်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံရ ခြင်းဖြစ်ပေ သည်။
ထို့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်
ပေးသည်ဆိုခြင်း မှာ နိုင်ငံရေးအကျဉ်းသားများကို ပထမဦးစားပေး အဆင့်တွင်ထည့်
သွင်းစဉ်းစားကြရမည်ဖြစ်သည်။
ရှေးယခင်က စစ်ပွဲအပြီးကာလများ၊
တော်လှန်ရေး အပြီးကာလများတွင် အမျိုးသား ပြန်လည်သင့် မြတ်ရေးအတွက်
လွတ်ငြိမ်းချမ်းသာခွင့် ပေးကြ သည်ဆိုခြင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ဟူသည်
နိုင် ငံရေးဖြင့် တိုက်ရိုက် သက်ဆိုင်သည်ဟူ၍ သိမြင်
ယူဆခဲ့ကြခြင်းကြောင့်ဖြစ်သည်။ ယခု နောက်ပိုင်း ကာလများတွင်
ကိုလိုနီအစိုးရများ၊ အာဏာရှင် အ စိုးရများကို တွန်းလှန်ကြရာတွင်
လက်နက်စွဲကိုင် တွန်းလှန်ခြင်းများရှိသကဲ့သို့၊ ငြိမ်းချမ်းရေးနည်းဖြင့်
တွန်းလှန်မှုများလည်းရှိခဲ့ကြသည် ။ ထို့နည်းတူ မြန်မာနိုင်ငံတွင်လည်း
အာဏာရှင်ကိုတွန်းလှန် တိုက်ခိုက်ရာတွင်း ယင်းနည်းလမ်း
နှစ်မျိုးစလုံးပါဝင်ပေသည်။ မြန်မာ့အာဏာရှင်များအနေဖြင့်လည်း
လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ကို နိုင်ငံရေးကစား ကွက်တခုသဖွယ်အသုံးချ
လုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြဲ့ ခင်းများ
တွင် ပြစ်မှုကျူးလွန်သည့် အကျဉ်းသားများကြား တွင်
နိုင်ငံရေးအကျဉ်းသားအနည်းငယ်ကို ရော၍ လွှတ်ပေးခဲ့ကြခြင်းဖြစ်သည်။
ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရ
တက်လာပြီး သည့်နောက်ပိုင်း ၂၀၁၁ခုနှစ် မေလ (၁၆) ရက် နေ့တွင်
နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာချက် အမှတ် – ၂၈/၂၀၁၁ ကိုထုတ်ပြန်၍
သေဒဏ်ချမှတ်ခံထားရသူများကို ထောင်ဒဏ်
တသက်သို့လည်းကောင်း၊ ထောင်ဒဏ်ချမှတ်ခံ ထားရသူများကို ချမှတ်ပြစ်ဒဏ်မှ
တနှစ်လျှော့ပေါ့ပေးခြင်းဖြင့် လည်းကောင်း
သမ္မတ၏
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကိုထုတ်ပြန် ကြေငြာခဲ့သည်။
လွတ်ရက်နီးသည့်အကျဉ်းသားပေါင်း ၁၄၇၈၅ဦး ပြန်လည်လွတ်မြောက်လာခဲ့သည့်အထဲ တွင်
နိုင်ငံ ရေးအကျဉ်းသား (၃၆) ဦးသာ ပါဝင်ခဲ့သည်။
မြန်မာ့နိုင်ငံရေး၏ အဓိကပြဿနာတရပ်မှာ
အမျိုး သားပြန်လည်သင့်မြတ်ရေးရရှိရန်ြ ဖစ်သည်။ ယင်းသို့
အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိနိုင် ရန်အတွက်ဆိုလျှင် ဖမ်းဆီးထားသည့်
နိုင်ငံရေး အကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် လိုအပ်သည်ဟု
ပြည်တွင်း ပြည်ပ နိုင်ငံရေး အင်အားစုများအပြင် နိုင်ငံတကာအဖွဲ့အစည်း
အသီးသီးမှတောင်းဆိုလာခဲ့ကြသည်။ ထို့ပြင် ၂၆.၈.၂၀၁၁ ရက်နေ့
ပြည်သူ့လွှတ်တော်တွင် ဦးသိန်းညွန့်တင်သွင်းသည့် လွတ်ငြိမ်းချမ်းသာခွင့်
အဆိုကို ကန့်ကွက်သူမရှိသဖြင့် နိုင်ငံတော်သမ္မတ
ထံသို့တင်ပြရန်ဆုံးဖြတ်ခဲ့ကြသည် ။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေ ဒအရ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင် သည့်အာဏာ
၁၉၄၇ ခုနှစ်
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေ ဒတွင် လွတ်ငြိမ်းချမ်းသာခွင့်
ပေးနိုင်သည့်အာဏာကို နိုင် ငံတော်သမ္မတ၌ အပြည့်အ၀ အပ်နှင်းထား
ကြောင်းတွေ့ရှိရသည်။ ၁၉၄၇ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ၏
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ – ၆၀ တွင်
ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ပေးနိုင်သော အခွင့်အရေးသည် နိုင်ငံတော်သမ္မတ၌တည်ရှိရမည်
ဟုအတိအလင်းပြဌာန်းထားသည်။
၁၉၇၄ ခုနှစ်
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေ ဒတွင်မူ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းကို
နိုင်ငံတော် ကောင်စီသို့ အာဏာအပ်နှင်းထားသည်။ နိုင်ငံ တော်ကောင်စီ၏ ဥက္ကဌသည်
နိုင်ငံတော်သမ္မတ ဖြစ်၍ နိုင်ငံတော်သမ္မတ၏ သက်တမ်းသည် နိုင်ငံ
တော်ကောင်စီ၏သက်တမ်းနှင့် အညီဖြစ်သည်။
၁၉၇၄ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ
နိုင် ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ – ၇၂ ပုဒ်မခွဲ (ဏ) တွင်
လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းကို နိုင်ငံ တော်ကောင်စီ၏ တာဝန်အဖြစ်
အတိအလင်း သတ်မှတ်ပြဌာန်းထားသည်။
၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာ
နိုင်ငံ တော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ပုဒ်မ – ၂၀၄ တွင်မူ
ပုဒ်မခွဲ(က)၌ နိုင်ငံတော်သမ္မတသည် ပြစ် ဒဏ်လွတ်ငြိမ်းခွင့်
ပေးပိုင်ခွင့်ရှိသည် ဟူ၍လည်း ကောင်း၊ ပုဒ်မခွဲ (ခ) တွင် အမျိုးသားကာကွယ်ရေး
နှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်
ပေးပိုင်ခွင့်ရှိသည် ဟူ၍ လည်းကောင်းပြဌာန်းထားသည်။
အထက်ပါ ပြဌာန်းချက်များကို
နှိုင်းယှဉ်ကြည့်ပါက ၁၉၄၇ ခုနှစ်နှစ် အခြေခံဥပဒေတွင် လွတ်ငြိမ်းချမ်း
သာခွင့်ပေးခြင်းကို နိုင်ငံတော်သမ္မတ တဦးတည်း လက်ဝယ်သို့လည်းကောင်း၊
၁၉၇၄ခုနှစ်တွင် နိုင်ငံ တော်ကောင်စီလက်ဝယ်သို့လည်းကောင်း၊ ၂၀၀၈
အခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတနှင့် အမျိုး သားကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီ၏ လက် ၀ယ်သို့လည်းကောင်း အပ်နှင်းထားသည်ကိုတွေ့ရှိ
ရမည်ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေ ဒပုဒ်မ – ၂၀၄(က)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးနိုင် ခြင်းကို Pardon ဟူ၍
သုံးနှုန်းခြင်းဖြင့်လည်းကောင်း၊ ပုဒ်မခွဲ (ခ) လွတ်
ငြိမ်းချမ်းသာခွင့်ပေးခြင်းကို Amnesty ဟူ၍ သုံးနှုန်းခြင်းဖြင့်လည်းကောင်း
ပြဌာန်းထားသည်။ ယင်းအာဏာနှစ်ရပ်စလုံးသည် နိုင်ငံတော် သမ္မတ ၏
လက်ဝယ်တွင်ရှိသည်။ သို့ရာတွင် လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းကိုမူ
အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၏ သဘောတူထောက်ခံ ချက်ဖြင့်သာ
ကျင့်သုံးရမည်ဖြစ်ပေသည်။
အခြားဥပဒေပြဌာန်းချက်များဖြင့် လွတ်ငြိမ်းခွင့်ပေးနိုင်ခြင်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ် မ –
၄၀၁(၁)ပြဌာန်း ချက်တွင် ပြစ်မှုတစုံတရာအတွက် တဦးတ ယောက်အား
ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံ တော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်း
ချက်မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သ ဘောတူသည့် စည်းကမ်းချက်
တခုခုထား၍ဖြစ် စေ၊ ၄င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြု လုပ်ခြင်းကို
ဆိုင်းငံ့ထားနိုင်သည် သို့မဟုတ် ၄င်း ကိုစီရင်သည့်ပြစ်ဒဏ်အားလုံး သို့မဟုတ်
အစိတ် အပိုင်းတစုံတရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင် သည်ဟု
ပြဌာန်းထားသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ – ၄၀၁(၁) ဖြင့်
လွှတ်ငြိမ်းရသည့် နိုင်ငံရေးအကျဉ်းသားများကြားတွ င် ၄၀၁(၁)သည်
ကြွေးကျန်ပုဒ်မဖြစ်သည်ဟု အသိများပေသည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပြဌာ န်းချက်ကို ကြည့်
ခြင်းအားဖြင့်လွတ်ငြိမ်းချမ်းသာ ခွင့်ဟူသော စကား ရပ်၌ ပြစ်ဒဏ်ဆိုင်းငံ့ခြင်း
(Suspension of Sentence)၊ ပြစ်ဒဏ်ရွှေ့ဆိုင်းခြင်း (Respite)၊ ပြစ်
ဒဏ်လျှော့ပေါ့ခြင်း (Remission)၊ သက်ညှာခြင်း (Clemency)
စသည့်စကားရပ်များလည်း ပါဝင် သည်ဟု မှတ်ယူရမည်ဖြစ်သည်။
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်
အထက်ဖေါ်ပြပါတို့တွင် ယုံကြည်ချက်ကြောင့်
နိုင် ငံရေးလှုပ်ရှားဆောင်ရွက်နေရင်း ပြည်ပသို့ ထွက်
ပြေးတိမ်းရှောင်လာကြသူများနှင့် ပြည်ပတွင် နိုင်ငံ
ရေးလှုပ်ရှားဆောင်ရွက်ကြရင်း ဖမ်းဝရမ်း ထုတ် ဆင့်ခြင်းခံရသူများကို
လွတ်ငြိမ်းချမ်းသာခွင့် ပေး နိုင်သည့်စကားရပ်များ မပါဝင်သေးကြောင်းတွေ့ရှိ
ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်
ဟူသော စကားရပ် ကိုသုံးစွဲလျက် ပြည်ပရှိနိုင်ငံရေး လှုပ်ရှားဆောင်
ရွက်သူများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် များ ပေးခဲ့သည့်
သာဓကများရှိခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများနှင့်လွ တ်ငြိမ်းချမ်းသာခွင့်
မြန်မာနိုင်ငံတွင် အမျိုးသား
ပြန်လည်သင့်မြတ်ရေး ကို အမှန်တကယ် လိုလားလုပ်ဆောင်ကြမည်ဆို ပါက
နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်း သာခွင့်ပေးရန်လိုအပ်ပေသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့တွင်
ဒုတိယအကြိမ်မြောက် လွတ် ငြိမ်းချမ်းသာခွင့် ကြေငြာရာတွင် အမျိုးသား
ကာကွယ်ရေးနှင့်လုံခြုံရေးကောင် စီ၏ ထောက်ခံချက် ဖြင့် အသက်
အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများနှင့် ကိုယ်လက်
အင်္ဂါချို့တဲ့သူများ အပါအ၀င် ထိုက်သင့်သော ပြစ်ဒဏ်ကျခံခဲ့ရပြီး
စည်းကမ်းနှင့်အညီနေထိုင်ခဲ့သော အကျဉ်းသား (၆၃၅၉) ဦးကို လွတ်ငြိမ်းချမ်းသာ
ခွင့်ပေးလိုက် သည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုလွတ်ငြိမ်း
ချမ်းသာခွင့်ပေးသူများထဲတွင် ကိုဇာဂနာ အပါအ ၀င် နိုင်ငံရေးအကျဉ်းသားပေါင်း
နှစ်ရာကျော်ပါဝင် ခဲ့သည်။
နိုင်ငံတော်သမ္မတတွင်
လွတ်ငြိမ်းခွင့်ပေးခြင်းနှင့်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့၏သဘောတူညီထောက်ခံ ချက်နှင့်အညီ
လွတ်ငြိမ်း ချမ်းသာခွင့်ပေးနိုင်သည့် အခွင့်အာဏာများရှိပေ သည်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ဟူသည် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်
တိုက်ရိုက် သက်ဆိုင်သည့်ကိစ္စရပ်လည်းဖြစ်လျ က်ရှိသည်။ ထို့ကြောင့်
အမျိုးသားပြန်လည်သင့်မြတ်ရေးကို အ မှန်တကယ်လိုလား လုပ်ဆောင်မည်ဆိုပါက
နိုင်ငံ ရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွတ်
ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် မှန်ကန်ကောင်းမွန် သည့်
ပထမခြေလှမ်းရပ်ဖြစ်သကဲ့သို့ ယင်းခြေ လှမ်းရပ်မှသည်
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဆထက်တိုး၍ ဆင့်ပွား
လုပ်ဆောင်သွားကြရန်လိုအပ်ပါကြော င်း ရေးသား လိုက်ရပေသည်။
စောကျော်ကျော်မင်း
၅.၁၁.၂၀၁၁
No comments :
Post a Comment