Friday, 11 November 2011

အစ္စရေးရောက် အာရပ် စပရင်း

အစ္စရေးနိင်ငံမှာ  အစိုးရကိုမကျေနပ်သူတော်တော်များများက လမ်းပေါ်တက်ပြီး ဆန္ဒပြနေကြပါတယ်။ အရှေ့အလယ်ပိုင်မှာ အရှိန်အမြင့်ဆုံး အာရပ်ဆန္ဒပြပွဲ ကြီးလို့ပါပဲဖြစ်နေပါတယ်။  ဒါပေမယ့် သူတို့ဟာ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအတွက် ဆန္ဒပြကြတာမဟုတ်ပဲ.  ပြည်သူတွေငတ်မွဲချင်း အိမ်ဈေးနှုန်းတက်ချင်း ဒါတွေကို အစိုးရသိအောင် ကြွေးကျော်သံတွေနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်.
 တချိန်တုန်းက စီးပွားရေးမှာ အရှိန်အဟုန်နဲ့သွားလာနေတဲ့ အစ္စရေးနိုင်ငံဟာ.အခုအချိန်မှာ ဘာတွေကုန်နေပြီးလဲ လို့ မေးစရာဖြစ်လာပါတယ်။

အရှေ့ အလယ်ပိုင်းမှာရှိတဲ့ ဘီဘီစီသတင်းထောက် တင်ဖရန့် ခ် ကို အစ္စရေးကို သွားခိုင်းပြီး အံသြစရာ လူမှုရေး ပြောင်းလဲမှုတွေကို ဒီအပတ် အတွက် တာဝန် အဖြစ်သွားရောက် စုံစမ်းဖို့  တာဝန်ပေးခဲ့ပါတယ်။
လက်ဝဲသမားတွေနဲ့ အယူပြင်းထန်တဲ့အော်သိုထောစ် ဘာသာရေးသမားများ နှင့် အငြိမ်းစားယူထားတဲ့သူတွေ ဆန္ဒပြပွဲမှာ ပါဝင်မှု များနေပါတယ်။

အစ္စရေးအစိုးရသစ်ရဲ့   ဒေသတွင်းငြိမ်းချမ်းရေးကို အနည်းနဲ့ အများဆိုသလို လုပ်လာနိင်မလား၊ နိင်ငံထဲက ပြသနာတွေနဲ့ ပဲ ရုမ်းကန် နေရမလားလို့ မေးစရာဖြစ်လာနေပါပြီ။ 

မောင်မြတ်မင်း 
မဲဆောက် 

No comments :